1 နှစ် - ဘာသာပြန်ပါ။

ဘဝက မတရားဘူး ဟုတ္လား. လူ ေတကမတရားဘူး. ငါဆိုလိုတာက မင်းတစ်ခုခုလုပ်/ပြောလိုက်ရင် သူတို့ဘယ်လိုခံစားရမလဲဆိုတာကိုပဲ အရင်စဉ်းစားပါ ဒါပေမယ့် မင်းနဲ့ပတ်သက်လာရင် မင်းခံစားချက်တွေကို မစဉ်းစားပဲ သူတို့က အကုန်ပြော/လုပ်ပေးတယ်ဆိုတာပါပဲ

image
1 နှစ် - ဘာသာပြန်ပါ။

🥀💔

image
1 နှစ် - ဘာသာပြန်ပါ။

လွမ်းရဲတယ်ဆိုတာလည်း
လွမ်းရဲတဲ့သတ္တိရှိနေဦးမှ
တော်ယုံ
အသည်းနှလုံးမျိုးနဲ့တော့မရဘူးဆိုတာပါ
နာကျင်မှုကိုသာ ဖတ်ငိုကြ ။ ။

#မောင်ခက်လူ
-------
𝙈𝙤𝙙𝙚𝙧𝙣 𝙋𝙤𝙚𝙩𝙧𝙮

image
1 နှစ် - ဘာသာပြန်ပါ။

နေဝင်ဆည်းဆာကို အတူကြည့်ချင်တဲ့စိတ်။
ဂီတာကြိုးဖျားလေးပေါ် အတူတီးခတ်ချင်စိတ်။

ကြောင်တစ်ကောင်ပဲဖြစ်ချင်တော့တယ် အချစ်ရယ်။
အနားလေးတိုးကပ်မယ်။ အနမ်းလေးလည်းပေးမယ်။
တစ်စိမ့်စိမ့်လည်းငေးမယ်။ မင်းသွားလေရာ အနောက်ကတကောက်ကောက်လိုက်မယ်လေ။

ကိုယ့်မှာမင်းကလွဲပြီး ဘာမှမမြင်နိုင်တော့တဲ့အထိ မင်းအိမ်ကကြောင်ပေါက်လေး ဖြစ်ချင်နေပြီကွယ်။

#ပါရီယာနာ

image
1 နှစ် - ဘာသာပြန်ပါ။

အမှန်တိုင်း ဝန်ခံရရင် မင်းနဲ့မဝေးနိုင်ဘူး
ကိုယ့်ရဲ့ နောက်ဆုံးအချစ်လို့ သတ်မှတ်ထားလို့
ဘယ်အခြေနေပဲရောက်ရောက် ဘာပဲဖြစ်ဖြစ်
မင်းအနားမှာပဲ ကပ်တွယ်နေပါရစေ အချစ်ရယ်....❤️

image
1 နှစ် - ဘာသာပြန်ပါ။

လမင်းက ဘယ်တော့မှ ဂရုစိုက်မှုကို မတောင်းဆိုဘူး။ ”.

image
1 နှစ် - ဘာသာပြန်ပါ။

ဘယ်အရာမှ မတည်မြဲဖူးဆိုတာ
သိလာရတဲ့နောက်ပိုင်း

တစ်ယောက်ထဲနေပြီး
တိတ်တိတ်လေးပဲ ဘဝကို ဖြတ်သန်းချင်တော့တယ်

ချစ်နေရင်းက
ဗြုန်းစားကြီး မချစ်ချင်တော့တာတွေ

နွေးနွေးထွေးထွေးနေရင်းက
ရုတ်တရက်ကြီး အေးစက်သွားတာတွေ

ပိုင်ဆိုင်ရပြီလို့ ထင်နေတုန်း
ဆုံးရှုံးသွားလိုက်ရ‌တာတွေကြောင့်

ကိုယ့်မှာ တကယ်ကို
ခံနိုင်ရည်အား လုံးဝမရှိတော့ပါဘူး

ရုတ်တရက်ဆိုသလို
မထင်ထားပဲ ဖြစ်ပျက်သွားတတ်တဲ့အရာတွေဟာ

သိပ်ကြောက်စရာကောင်းသလို
ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့အရာတွေမို့

အခုဆို ဘယ်သူ့ဘဝထဲကိုမှ
လွယ်လွယ်နဲ့ မဝင်ရဲသလို ကိုယ်လဲ လက်မခံရဲတော့ဘူး

အထီးကျန်လို့ဆိုပြီးလဲ
ဘယ်သူ့ဆီမှာမှ မျှော့်လင့်တကြီးနဲ့ ရင်မဖွင့်ချင်တော့ဘူး

ကိုယ်လဲ အပူတွေမယူချင်သလို
အခြားသူကိုလဲ စိတ်ညစ်စေမဲ့ အပူ‌သောကတွေမပေးချင်တော့လို့

နေခ/စာတိုက်ပုံး

image
1 နှစ် - ဘာသာပြန်ပါ။

မဝေးစေနဲ့...ဝေးပြီးရင်
ပြန်လည်ဆုံစည်းရတယ်ဆိုတာ
တကယ်မရှိပါဘူး
ဒါကြောင့် ရှိတဲ့သံယောဇဉ်လေးတွေနဲ့
အမြစ်တွယ်နေပါ ။

_ခက်နှောင်

image
1 နှစ် - ဘာသာပြန်ပါ။

ပိုက်ဆံရှိတဲ့အခါ ငါနဲ့ ငါ့သူငယ်ချင်းများ😇😇

image
1 နှစ် - ဘာသာပြန်ပါ။

ကျနော်တို့ ဘဝမှာ
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။

အဲ့ဒီလူဟာ
ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

မခေါ်ရလဲ ဖြစ်တယ်။
မတွေ့ရလည်း ရတယ်။
ပတ်သတ်မှုဆိုတာထက်
ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။
ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့
မြတ်နိုးမှုပဲ ဆိုပါစို့။

တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။
တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။
ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။

သူနှစ်သက်တဲ့အရာတွေတွေ့ရင်
တကယ့်အခက်အခဲတွေကြုံရင်
သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။

အမြဲထုတ်မပြောဖြစ်တဲ့
ရင်ဘတ်ထဲသိမ်းထားတဲ့
ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။

- လူခေး -

image