Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တာချီလိတ်မှာ စိတ်ကြွရူးသွပ်ဆေးပြား (၄) သန်းကျော်နဲ့ အိုက်စ် ၂၀၂ ကီလို ဖမ်းဆီးရမိ
နိုဝင်ဘာ ၅
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာမှာ ရှိတဲ့ နေအိမ် (၁)လုံးအတွင်းကနေ ရောင်းဝယ်ပြုလုပ်ဖို့ သိုဝှက်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က ပြောပါတယ်။
ဒါအပြင် အနံ့မှုန့် Vanillin ၇၅ ကီလို၊ အနံ့ ဆေးရည် ၃၆၀ လီတာ နဲ့ ISUZU D -MAX မော်တော်ယာဉ် တစ်စီးတို့ကို လည်း တရားခံ (၂)ဦးနဲ့ အတူ ဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။
အဲ့ဒီ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တာချီလိတ် နယ်စပ်မှာ အရောင်းအဝယ်ပြုလုပ်ဖို့အတွက် သိုဝှက်သိမ်း ဆည်းထားတာ ဖြစ်တယ်လို့ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
ဖမ်းဆီးရမိသူ (၂)ဉီးကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူ ထားပြီး သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဏာ အဖြစ် သိမ်းဆည်းနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Credit - MCNA
#သတင်းဟင်းလေးအိုးကြီး
ကယား၊ ချင်း၊ စစ်ကိုင်းနဲ့ ရခိုင် ပြည်နယ်က ရွေး/ကော် အဖွဲ့ဝင်တွေကို အီလက်ထရွန်နစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ သင်တန်းပေးပို့ချ
နိုဝင်ဘာ ၅
မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ကို နိုဝင်ဘာ ၄ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့သင်တန်းကို ကယား၊ ချင်း၊ စစ်ကိုင်းနဲ့ ရခိုင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲရုံးတွေက သင်တန်းသား ၂၄ ဦးကို ပို့ချပေးခဲ့တာဖြစ်ပြီး သင်တန်းကာလက (၃)ရက်ကြာမြင့်မှာလို့ ကော်မရှင်ရုံး က ပြောပါတယ်။
သင်တန်းမှာ မြန်မာအီလက်ထရွန်နစ် မဲပေးစက်(MEVM) တည်ဆောက်ပုံနည်းလမ်းတွေ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက် တပ်ဆင်ခင်းကျင်းပုံတွေကို ပို့ချပေးသွားမှာလို့ သိရပါတယ်။
ဒါ့အပြင် မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်ကို ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံ တွေကို ပို့ချပေး သွားမှာလို့ ဆိုပါတယ်။
#centralnewsnaypyitaw
2024 MAC Mini ရဲ့ စွမ်းဆောင်နိုင်မှုများ
Apple ဟာ စွမ်းဆောင်ရည်မြင့် M4/M4 Pro ချစ်ပ်များပါရှိကာ ကျစ်လစ်သိပ်သည်းလှတဲ့ ဒီဇိုင်းအသစ်နဲ့အတူ Mac Mini M4 ထုတ်ကုန်အသစ်တစ်ခုကို လတ်တလောမိတ်ဆက်ပွဲထုတ်လာခဲ့ပါတယ်။
5" x 5" နှင့်အတူ ပိုမိုသေးငယ်ပြီး M4 နှင့် M4 Pro ချစ်ပ်အသစ်များပါ ထည့်သွင်းတင်
ဆက်ထားတဲ့ Mac Mini M4 ဟာ ဆွဲဆောင်မှုအရှိဆုံးစျေးနှုန်းဖြင့် စွမ်းဆောင်ရည်အကောင်းဆုံး Mac လိုင်းများထဲမှတစ်ခုဖြစ်ပြီး ပါဝါခလုတ်ရဲ့ တည်နေရာကိုတော့ စက်ပစ္စည်းရဲ့ အောက်ခြေမှာ ထားရှိတာကြောင့် အသုံးပြုရခက်ခဲစေပါတယ်။
အရှေ့ဘက်မှာ 2x USB-C အပေါက်များနှင့် နားကြပ်ပေါက်တစ်ခုနှင့် အနောက်တွင် 3x Thunderbolt၊ HDMI နှင့် LAN အပေါက်တို့ ပါရှိပြီး M4 ဗားရှင်းများသည် Thunderbolt 4 ကို ထောက်ပံ့ပေးကာ M4 Pro ဟာ 120Gb/s ဒေတာလွှဲပြောင်းမှုအမြန်နှုန်းအထိ ပိုမိုမြန်ဆန်သော Thunderbolt 5 ကို ပံ့ပိုးထောက်ပံ့ပေးပါတယ်။
ပြင်ပမျက်နှာပြင်များအတွက်၊ Mac Mini M4 သည် 6K မျက်နှာပြင်နှစ်ခုအထိနှင့် 5K မျက်နှာပြင်တစ်ခုအထိ ထောက်ပံ့ပေးနိုင်ပြီး M4 Pro သည် 60Hz တွင် 6K မျက်နှာပြင်သုံးခုအထိ ထောက်ပံ့နိုင်စေမှာပါ။
Apple မှ Mac Mini M4 ကို မိတ်ဆက်ခြင်းနှင့်အတူ သုံးစွဲသူများကလည်း Mac Mini M2 မှ Version အသစ်သို့ အဆင့်မြှင့်ဖို့ ရှိမရှိကိုလဲ မေးမြန်းနေကြပါတယ်။
2024 နှစ်ကုန်ခါနီးမှာ မိတ်ဆက်ခဲ့တဲ့ Mac Mini M4 တွင် စွမ်းဆောင်ရည်နှင့်ချိတ်ဆက်မှုဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်မှုများကို MySpace ချစ်ခင်ရသူတွေ အခုလို သိရှိနိုင်စေဖို့ ရည်ရွယ်ဖော်ပြလိုက်ရပါတယ်။
#myspaceadmin
#frankiestories