1 နှစ် - ဘာသာပြန်ပါ။

မနက်ခင်းပွင့်တဲ့ ပန်းရနံ့တွေလည်း မမွှေးတော့ဘူး..
ညနေဆည်းဆာနေဝင်ချိန်လည်း အရင်လိုမလှတော့ဘူး ....ပြီးတော့
"ဟျောင့်..မင်းအခုဘယ်မှာလဲ" ဆိုပြီး ပြောနေကျ ဘော်ဒါတွေလည်း အနားမှာ မရှိကြတော့ဘူး.....

လူကြီးတွေလည်း အတ္တတွေနဲ့.....
သဘာဝဘေးကလည်း အတ္တတွေနဲ့ ....
ဝေဝေဝါးဝါး အနာဂတ် ကလွှဲလို့ ကျွန်တော်တို့လူငယ်တွေမှာ ဘာမှကို မကျန်တော့ပါဘူး...

မိုးလည်းတိတ်ပါတော့.....စစ်လည်း ငြိမ်းပါတော့🙏

💦》15.9.2024🥹
#augustborn

image
1 နှစ် - ဘာသာပြန်ပါ။

ဘလိန်းနေကျသူငယ်ချင်းကြီးမှရုတ်တရက် သူတော်ကောင်းပိုစ့်တွေရှဲလ်သောအခါ
မီ

image
1 နှစ် - ဘာသာပြန်ပါ။

မတည့်အတူနေဆိုပေမယ့်
တည့်နေတဲ့အချိန်တော့ မိုးမမြင်လေမမြင် 🩷

image
1 နှစ် - ဘာသာပြန်ပါ။

စိတ်ကို စင်စင်ကြယ်ကြယ် ထားပေမယ့်
အရောင် လာလာဆိုးကြပြန်တော့လည်း
သည်းခံစိတ်ကို နဂိုရှိတာထက်ပိုထားနိုင်ဖို့ကြိုးစားရမယ်။

ကြည်လင်သောအပြုံးနဲ့
လူတိုင်းကို ပြုံးပြနိုင်ဖို့ကြိုးစားနေသော်လည်း
သဘောကျစရာမကောင်းတဲ့ စိတ်ဓာတ်တွေကြောင့်ပဲ
ဟန်မဆောင်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း ပြင်ရအုံးမယ်။

အရာရာကို အကောင်းမြင်တတ်ဖို့နဲ့
သည်းခံစိတ်ရှိဖို့ရန် အတွက်
ကြည်လင်သော နှလုံးသားနဲ့
မျှတသော စိတ်ထားကိုမွေးထားရသေးတယ်။

တစ်ခါတလေ ကိုယ့်ကိုယ်ကို စိတ်မာတယ်
ကြံ့ခိုင်ပါတယ်လို့ ဘယ်လိုပဲဆိုဆို
ကိုယ့်စိတ်ဓာတ်ကို
ရိုက်ချိုးခံလိုက်ရတဲ့အခါ
ခံစားရတာကတော့ အလူးအလဲပဲလေ။

လူတိုင်း လူတိုင်းမှာ
ဒဏ်ရာ ကိုယ်စီရှိနိုင်ကြသလို
ခံစားချက် အတိမ်အနက်ကို
စာဖွဲ့ မပြချင်ပေမယ့်လည်း
ခေါင်းမာတတ်တဲ့
ကိုယ့်အကျင့်ကတော့ပြင်မရဘူးလေ။

ထပ်တူမညီနိုင်မှန်း
သိနေပြီးတဲ့နောက်မှာတော့
ဘယ်သူနဲ့မှ ညှိမယူချင်တော့ဘူးလေ
ဒီတော့လည်း ဘာသိဘာသာပဲနေလိုက်တော့တယ်။

စိတ်ပင်ပန်းလာတိုင်း
အရင်လို ငိုင်တွေပြီးမနေတော့ပါဘူး။

တစ်ခါလေ
အားပါးတရ
ပြုံးလိုက်မိသေးတယ်
သဘောကျလို့တော့မဟုတ်ဘူး
လူတွေရဲ့စိတ်ကို ပိုမြင် တတ်လာလို့ပါ။

#ဘဝအတွက် #ဉာဏ #စာပေ #အသိပညာ #ဗဟုသုတ #သုတ
#sb

image
1 နှစ် - ဘာသာပြန်ပါ။

ဘယ်လောက်ပဲ ပြေးပြေး
ဘယ်လောက်ပဲ ဝေးဝေး
ချစ်ခြင်းမေတ္တာလို့ ခေါ်င်းစဥ်တပ်တိုင်း
မင်းအနားပဲ ပြန်ရောက်သွားတယ်။ ❤️

image
1 နှစ် - ဘာသာပြန်ပါ။

နွေးထွေးမှုတွေ ခံစားစေတဲ့လူမျိုး ။
စိတ်အကြည်ဓာတ် ပေးတဲ့လူမျိုး ။
ပျော်ရွှင်မှု ခံစားစေတဲ့လူမျိုး ။
စိတ်လုံခြုံမှု ခံစားစေတဲ့လူမျိုး ။
Positive Vibe ပေးတဲ့လူမျိုး။

ဒီလိုလူမျိုးတွေနဲ့ နီးကပ်စွာ နေပါ ။
ဘဝက ရိုးရှင်းလေ ကောင်းလေ ။
နေ့ရက်တိုင်းကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းကြည့်ပါ ။

ရိုးရှင်းခြင်း၏နောက်ကွယ်မှာ
ပျော်ရွှင်ခြင်းလေး ကပ်ပါနေတယ် ။

#sone 🤍🌻
crd

image
1 နှစ် - ဘာသာပြန်ပါ။

တကယ်ချစ်ရင်
မရမက ဆက်သွယ်လာမှာပေါ့တဲ့ ...

လွမ်းလို့ဆက်တဲ့ ဖုန်းတွေဟာ
ပြန်ဖြေချင်တဲ့ စိတ်မရှိတဲ့ လူတစ်ယောက်အတွက် အနှောင့်အယှက်သက်သက်ပဲ ...

ကိုယ်နဲ့ မတွေ့ချင်လို့မှ တမင်သက်သက်
ပုန်းနေတဲ့လူတစ်ယောက်ကို
တကူးတကကြီးလိုက်ရှာရတာက
ပိုပြီး ပင်ပန်းရတယ် ...

၀တ်ကြေတမ်းကြေ ဆိုတဲ့ စကားလုံးဟာ
အများကြီး အလေးထားမိတဲ့လူအတွက်
အများကြီး နာကျင်စေတာမျိုးပါ့ ...

အလိုက်သင့်ရုံလေးပြန်လာတဲ့ စာတွေ
မဖြစ်မနေမို့ ကိုင်လိုက်တဲ့ ဖုန်းတွေက

သူ့အတွက် ပင်ပန်းစေမှာပဲလို့
ကိုယ်တွေးမိသွားတဲ့အခါ

ရို ၊က်လက်စ စာလေးကို ဖျက်လိုက်တယ်
ခေါ်မလို့ လုပ်နေတဲ့ ဖုန်းနံပါတ်လေးကို
ရပ်လိုက်တယ် ကိုယ့်အတွက်မဟုတ်တဲ့
မီးစိမ်းလေးကို ငေးကြည့်နေလိုက်တယ် ...

ဘယ်လောက်ပဲခက်ခဲခက်ခဲ
ကိုယ်က မရမက ဆက်သွယ်ချင်ခဲ့တာပါ ...

ဒါပေမယ့်
အနှောင့်အယှက်ဖြစ်နေမှန်းသိလို့
အလိုက်တသိနဲ့ တိတ်ဆိတ်ပေးလိုက်တာပါ ...

မင်းကို သိပ်ချစ်သလို
အမြဲပဲလွမ်းပါတယ်

ဒါပေမယ့် ... မဆက်သွယ်ဖြစ်တော့ပါဘူး ။

#sone 🌻🤍
Crd

image
1 နှစ် - ဘာသာပြန်ပါ။

မင်းမှမင်း ဖြစ်ခဲ့တဲ့လူရယ်ပါ
အရာရာဟာ ပြောင်းလဲသွားပြီဆိုတာ ကိုယ်ယုံပါတယ်
ဒါပေ့မယ် မင်းကိုယ့်ကိုပြောဖူးတဲ့ သိပ့်ချစ်ပါတယ်ဆိုတဲ့
လေယူလေသိမ်းလေးကအစ ကိုယ်ဟာမှတ်မိနေတုန်း ။

MyatThu

image
1 နှစ် - ဘာသာပြန်ပါ။

Us.🔥♥️

image
1 နှစ် - ဘာသာပြန်ပါ။

မိဘမျက်ရည် မကျပါစေနဲ့

သား,သမီးတွေ ငယ်စဥ်က
အဖေ,အမေ အနားမှာမရှိရင်

အော်ဟစ် ငိုယို
ခေါ်ဆိုခွင့် ရခဲ့ကြပေမဲ့

သက်ကြီး ယိုယွင်း
အိုးမင်းလာတဲ့
အဖေနဲ့အမေမှာတော့

သား,သမီးတွေ
အနားမကပ်ကြတော့တဲ့အခါ

အားငယ်,စိုးထိတ်
တိတ်တိတ်လေးသာ
မျက်ရည်ကျနေရရှာတယ်။

ကိုယ့်ကြောင့်တော့
မိဘတွေ
ဝမ်းနဲမျက်ရည် မကျပါစေနဲ့။

" မိဘမျက်ရည် တစ်စက်
သားသမီး ဆင်းရဲတစ်သက်"တဲ့

မိဘတွေ စိတ်ချမ်းသာရင်
သင်လည်း
တစ်နေ့ တူသောအကျိုးကို
မုချဧကန် ခံစားရမှာပါ။

ဒါကြောင့်....
ကျလာတဲ့မျက်ရည်ကို
သုတ်ပေးနိုင်တဲ့
သားကောင်း သမီးကောင်းဖြစ်အောင်
ကြိုးစားကြပါ။

image