မူဆယ် နယ်စပ်ဂိတ်မှာ နှစ်နိုင်ငံအာဏာပိုင် ထောက်ခံချက်ပါမှ ပစ္စည်းသယ်ခွင့်ရမည်

နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူဂိတ်မှာ ဒီဇင်ဘာလ ၁ ရက် နေ့ကစပြီး ကုန်ပစ္စည်းတွေကို နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ ထောက်ခံချက်ပါမှ သယ်ယူခွင့်ပြုမယ်လို့ မူဆယ်နယ်စပ် ဒေသအာဏာပိုင်တွေက နိုဝင်ဘာလ ၂၇ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ဆိုင်ကယ်နဲ့ ပစ္စည်းသယ်မဲ့သူတွေအနေနဲ့ ဌာနဆိုင်ရာတွေရဲ့ ထောက်ခံစာပြသရမှာဖြစ်တယ်လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“အခုလေးပဲ စာထွက်လာတယ်။ ကန့်သတ်ချက်တွေနဲ့ ပစ္စည်းသယ်ခွင့် ပေးမယ်ဆိုတာမျိုး ပါတယ်ပေါ့နော်။ ဆိုင်ကယ်သမားလည်း တစ်ပိုင်တစ်နိုင်ပဲရမယ်။ ပိုတင်လို့ မရဘူး။ ကိုယ့်အိမ်အတွက်ဆိုတာ ဟုတ်မှန်ကြောင်း ဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက်ပါရမယ်”

အခုအခြေအနေအရ ဆင်ဖြူဂိတ်မှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ တစ်နိုင်တစ်ပိုင် သယ်ယူခွင့်ရှိပြီး နှစ်နိုင်ငံ အာဏာပိုင်တွေရဲ့ ထောက်ခံချက် မလိုသေးဘူးလို့ ဆိုပါတယ်။

မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီအာဏာပိုင်တွေနဲ့ တရုတ်ဘက်က အာဏာပိုင်တွေ ပူးတွဲအသိပေးချက်ထဲမှာတော့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ကုန်ပစ္စည်းတင်တဲ့ ဆိုင်ကယ်နဲ့ ကားသမားတွေဟာ နှစ်နိုင်ငံ အာဏာပိုင်တွေရဲ့ ထောက်ခံချက် ပါရမှာဖြစ်ပြီး မူဆယ်မြို့အတွင်းမှာပဲ အသုံးပြုဖို့ အသီးအနှံ့နဲ့ သားငါးတွေကို ခွင့်ပြုမယ်လို့ဆိုပါတယ်။

စက်ဘီး၊ လက်တွန်းလှည်း၊ အိမ်စီးကားတွေနဲ့ ပစ္စည်းတင်တာကို ခွင့်ပြုမှာ မဟုတ်သလို အေးခဲသားတွေနဲ့ အိမ်သုံးပစ္စည်တွေကိုလည်း သယ်ယူခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကို တိုက်ပွဲတွေ ရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ မူဆယ်နယ်စပ်ဂိတ် သုံးခုအပါအဝင် တရုတ်နယ် စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းသယ်ခွင့်တွေကို ကန့်သတ်ထားပါတယ်၊

ဒါပေမဲ့ မူဆယ်မြို့နယ်အတွင်းက ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ဂိတ်ကနေ ဒေသထွက်ကုန် ပြောင်းနဲ့ ကြံ တင်ပို့ခွင့်ကို နိုဝင်ဘာလ တတိယပတ်ထဲမှာပဲ တရုတ်ဘက်က ပြန်ဖွင့်ထားပါတယ်။

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ပေါက်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

Credit - Radio Free Asia

#သတင်းဟင်းလေးအိုးကြီး

image

လိင်မှုဆိုင်ရာမဖွယ်မရာမှုနဲ့ တရားစွဲခံထားရတဲ့ ICC ရှေ့နေချုပ်က မြန်မာ နစက ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ခွင့်ရအောင် ကြိုးပမ်းနေ

နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံက ဘင်္ဂလီမူဆလင်တွေကို ရာဇဝတ်ကျူးလွန်ခဲ့တဲ့အတွက် မြန်မာ နစက ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုှုင်ကို ဖမ်းဝရမ်းတစ်စောင်ထုတ်ဖို့ တရားသူကြီးတွေကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေ ချုပ်က နိုဝင်ဘာ ၂၇ ရက်နေ့က တင်ပြလိုက်ပါတယ်။

၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာရယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘင်္ဂလီလူမျိုးစုကို မောင်းထုတ်ခြင်း/ဖိနှိပ်ခြင်းတို့ကြောင့် လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းနဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းတွေအပါအဝင် လူမျိုး တုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် ဘင်္ဂလီလူမျိုး တစ်သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ထွက်ပြေးခဲ့ရပါတယ်။

ICC ရှေ့နေချုပ် ကရီမ်ခန်းက “၎င်းအနေနဲ့ နောက်ထပ် မြန်မာခေါင်းဆောင်တွေအတွက် ဖမ်းဝရမ်းထပ်မံထုတ် ပေးဖို့ မကြာခင် လျှောက်လဲတင်ပြသွားဖို့ ရည်ရွယ်ထားကြောင်း” ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုကနေ ပြောပါတယ်။

“အခုလိုဆောင်ရွက်ရာမှာ ဘင်္ဂလီတွေကို ကျွန်တော်တု့ိ မေ့မထားဘူးဆိုတာကို ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့အတူ သက်သေပြသွားမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်က တခြားလူတွေလိုပဲ သူတို့လည်း ဥပဒေရဲ့ အကာအကွယ်ကို ခံစားရရှိခွင့် ရှိပါတယ်။” လို့ ဗြိတိန်နိုင်ငံသား ရှေ့နေက ပြောပါတယ်။

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ် ကရီခမ်းကို လိင်မှုဆိုင်ရာမလျော်ကန်မှုကို စုံစမ်းစစ်ဆေးနေတဲ့ ICC အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်ခံနေရကြောင်း The Guardian က နိုဝင်ဘာလ ၁၆ ရက်နေ့က ရေး သားခဲ့ပါတယ်။

ICC ရှေ့နေချုပ် ကရီခမ်းဟာ အမျိုးသမီးဝန်ထမ်းတစ်ဦးကို ၎င်းနဲ့ လိင်ဆက်ဆံဖို့ အကျပ်ကိုင်ဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

ရှေ့နေချုပ် ကရီခမ်းကို စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ ရာထူးက ခေတ္တဆိုင်းငံ့ထားတာမျိုးမလုပ်တဲ့အတွက် ICC ဝန်ထမ်းတွေကလည်း စိတ်ပျက်မိကြောင်း ပြောပါတယ်။

ကရီခမ်းနဲ့ ၎င်းကို စစ်ဆေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့ (OIOS) ရဲ့ ဆက် ဆံရေးနဲ့ ပတ်သက်ပြီး ICC တရားရုံးအရာရှိလေးငါးဦးက စိုးရိမ်မိသလို စုံစမ်း စစ်ဆေးမှုမှာ အကျိုးစီးပွားပဋိပက္ခ တွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြောင်း The Guardian က ပြောပါတယ်။

ရှေ့နေချုပ်ကရီခမ်းရဲ့ဇနီး ဒါတိုရှာမလာ အယ်လာဂျန်ဒရာဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ လိင် ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အလွဲသုံးစားပြုကျင့်မှုဌာနမှာ OIOS စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

Ref: International Criminal Court prosecutor seeks arrest warrant for Myanmar military leader and Some at ICC said to question integrity of UN inquiry into top prosecutor

#centralnewsnaypyitaw

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၇-၁၁-၂၀၂၄)

တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…

image
1 y - Translate

Happiness in Switzerland, where I found ❤️🤍✨️

image
1 y - Translate

Happiness in Switzerland, where I found ❤️🤍✨️

image
1 y - Translate

Happiness in Switzerland, where I found ❤️🤍✨️

image
1 y - Translate

Happiness in Switzerland, where I found ❤️🤍✨️

image
1 y - Translate

Happiness in Switzerland, where I found ❤️🤍✨️

image
1 y - Translate

Happiness in Switzerland, where I found ❤️🤍✨️

image
1 y - Translate

Happiness in Switzerland, where I found ❤️🤍✨️

image