2 နှစ်များ - ဘာသာပြန်ပါ။

နေပြည်တော်ရှိ mm-link ရုံးဝန်းထဲတွင် ရုံးဝန်ထမ်းအမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၆

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဦးမင်းဒင်ရပ်ကွက်ရှိ mm-link ရုံးဝန်းထဲတွင် ရုံးဝန်ထမ်းအမျိုး သားတစ်ဦး ဝိုင်ဖိုင်ကြိုးဖြင့် ကြိုးဆွဲချ၍ မိမိကိုယ်ကိုအဆုံးစီရင်၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၂ နာရီ ၅၂ မိနစ်အချိန်တွင် ရုံးဝန်ထမ်းတစ်ဦး ကြိုးဆွဲချ၍ သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းမှ ရုပ်အလောင်းကို ကုတင် ၂၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဝိုင်ဖိုင်ကြိုးနဲ့ ကြိုးဆွဲချသေတာ။ သူ့မှာ မိန်းမနဲ့ ကလေးရှိတယ်” လို့ ပျဉ်းမနားမြို့ရှိ mm-link ရုံးနှင့်အနီးဝန်း ကျင်တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

ထိုကြိုးဆွဲချ၍ သေဆုံးသည့် အမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိပြီး ၎င်းမှာမည်သည့်ကိစ္စကြောင့် သေဆုံးသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image
image
image
image
image

ဒဂုံအရှေ့စက်မှုဇုန် မီးလောင်မှု ရှစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ

ဒီဇင်ဘာ ၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန် မီးလောင်မှု Level 2 အဆင့်နဲ့ ရှစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၅ ရက်၊ ညနေ ၆ နာရီ၊ ၅၇ မိနစ်ဝန်းကျင်က မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့တာမှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် ၃ နာရီ၊ ၄၁ မိနစ်ဝန်းကျင် ရောက်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မီးလောင်တဲ့ စက်ရုံက ကော်စေ့စက်ရုံပါ။ တရုံလုံးကုန်သွားလား၊ မကုန်သွားတော့ မပြောတတ်ဘူး။ ဟိုဘက်မှာလည်း ရုံတွေရှိသေးတယ်။ ညမိုးချုပ်နေတော့ ဘာမှလည်း မမြင်ရဘူးလေ။ မီးလောင်ချိန်ကတော့ တော်တော်ကြာတယ်။ လူထိခိုက်မှုတော့ မရှိဘူး” လို့ မီးငြှိမ်းသတ်ရာမှာ သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။

Level 1 အဆင့်နဲ့ စတင်ခဲ့တဲ့ အဲဒီ မီးလောင်ကျွမ်းမှုကို ည ၉ နာရီခွဲအချိန်မှာ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်း စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်ရှိ Sewell Garmentအထည်ချုပ်စက်ရုံမှာ Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပေ ၁၀၀ ကျော်ပတ်လည်ရှိ အထည်ချုပ်စက်ရုံအဆောက်အဦ တခုလုံးနဲ့ စက်ပစ္စည်းတွေ၊ အထည်ကုန်ကြမ်းတွေ အားလုံး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်ရှိ SHIN SUNG အထည်ချုပ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Photo:MFSD

credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

ဆင်တူယိုးမှား စကားလုံးများ 📒

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆင်တူယိုးမှား စကားလုံးများ 📒

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆင်တူယိုးမှား စကားလုံးများ 📒

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆင်တူယိုးမှား စကားလုံးများ 📒

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆင်တူယိုးမှား စကားလုံးများ 📒

#crd

image
image
image
image
Frankie မျှဝေသည်။ ပို့စ်  
2 နှစ်များ

2 နှစ်များ

နားလည်မှု့ပေးတဲ့ အချစ်♥️
နားလည်မှုထားပြီးချစ်မှသာ အချစ်ကအဓိပ္ပာယ်ရှိတာ🥰

#crd

2 နှစ်များ - ဘာသာပြန်ပါ။

ဝက် ကရင်သုပ် ပါဝင်ပစ္စည်းက ပုံထဲက ပုံထားတာ အကုန်ပါပဲ အရသာလေးတာကြိုက်ရင် ဆား သို့မဟုတ် ငံပြာရည် ထည့် နိုင်ပါတယ် ငရုတ်သီးအပုကို ရေနွေးနဲ့ပြုတ်ပြီး ရေစစ်ပြီး ဆား နဲနဲထည့်ထောင်းပါ

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၆ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၂၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၇၂၄၁၅ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၅ ကျပ်
ဝယ်ဈေး - ၄၅၉၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၅ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၅၉၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၈၀ ကျပ်
ဝယ်ဈေး - ၂၉.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၆၁ ကျပ်
ဝယ်ဈေး - ၅၁.၂၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၄ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၈၀ ကျပ်
ဝယ်ဈေး - ၅၅၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၅ ကျပ်
ဝယ်ဈေး - ၂၇၉၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၅ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၃ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၃ ကျပ်
ဝယ်ဈေး - ၁၁၈၂ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image