ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၁၁ နာရီ ၃၅ မိနစ်
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး
၆၇၃၀၀၀၀
------------------------------
🙏 မိဘပြည်သူ၊ ကုန်သည်များရှင့်
🇺🇲 ရန်ကုန် လက်ငင်း ၅၁၅၀-၅၂၀၀
🇹🇭 ဘတ် ၆၇၁-၆၆၄
🇸🇬 စင်္ကာပူ ၃၈၀၀-၃၈၅၀
-------------------------------
#crd
လူအပိုတွေနဲ့ပေါင်း စကားအပိုတွေပြော
အနှစ်သာရမရှိတဲ့ conversation တွေနဲ့
အချိန်ကုန်လာတာများတဲ့အခါ
ခင်ဗျားမောလာမယ်...
အလုပ်အပိုတွေလုပ်ပြီး
အရာမရောက်တာတွေများလာတဲ့အခါ
ကိုယ့်အတွက်လုပ်နေရတာ မဟုတ်ဘဲ
မကောင်းမြင်တတ်တဲ့လူတွေအတွက်
အကောင်းတွေပဲလုပ်ပြရတာများလာတဲ့အခါ
ခင်ဗျားမောလာမယ်...
ငွေရှာလို့ပင်ပန်းတယ်
ပင်ပန်းမှုတွေပျောက်ဖို့ ငွေပြန်ကုန်တယ်
ပြန်ကုန်တော့ ငွေထပ်ရှာ
ထပ်ရှာရင်းမောလာတော့ အပန်းဖြေဖို့ငွေထပ်ကုန်
ဒီသံသရာဟာဘယ်တော့ဆုံးမှာလဲလို့
ခင်ဗျားတွေးမိတဲ့အခါ
ခင်ဗျားမောလာမယ်...
ပိုသာတာကိုရွေးနေကြတဲ့ မလည်ရှုပ်လောကမှာ
ဒီတစ်ယောက်ကမြဲနိုးနိုး
ဟိုတစ်ယောက်က အတည်နိုးနိုးနဲ့
ရတာမလို လိုတာမရတဲ့ သပွတ်အူလောကမှာ
လူသစ်ထပ်ထပ်ရှာရတာ များလာတဲ့အခါ
ခင်ဗျားမောလာမယ်...
မောလာတဲ့အခါ
သိလိုက်တာက
ဘာအရာကမှ ကိုယ့်အတွက်
အရမ်းအရေးမကြီးဘူးဆိုတာပါပဲ
"အကုန်လုံးကအရေးကြီးတယ်" ဆိုတဲ့အတွေးနဲ့
"ဘာမှသိပ်အရေးမကြီးဘူး"ဆိုတဲ့အတွေးက
နံရံတစ်ဖက်ပဲခြားပါတယ်
အဓိကက ခင်ဗျားရဲ့စိတ်ပါပဲ
တကယ်မမောဖူးသေးတဲ့အခါ
အရာအားလုံးအတွက် တက်ကြွကြတယ်
ရုန်းကန်ကြတယ် စွန့်စားကြတယ် ရဲရင့်ကြတယ်
တကယ်မောလာတဲ့အခါ
အရာအားလုံးကို ပကတိအတိုင်းမြင်လာတယ်
တချို့တွေက
"ငါတကယ်မောပန်းလာပြီ" လို့သိတဲ့အခါ
ဆေးရုံပေါ်ရောက်နေကြပြီ
အရုပ်ကြိုးပြတ်လဲကျနေကြပြီ
အနာရောဂါတွေအတွက်
ရှာခဲ့သမျှငွေနဲ့ အကုန်ပြန်ကုနေရပြီ
ကိုယ်အချိန်ပေးပြီး ပြုစုကျွေးမွေးခဲ့တဲ့
သားသမီးတွေက ပြန်မကြည့်တော့ဘူး
မြဲမယ်လုိ့ထင်ပြီး
စိတ်ကူးတွေယဉ်ခဲ့ဖူးတဲ့လူတွေက
အနားမှာမရှိတော့ဘူး
အားကိုးစရာဘုရားကိုလှမ်းတွေးပြန်တော့လည်း
တသက်လုံးလောဘဒေါသမောဟတွေ
အပြည့်ဝင်နေခဲ့တဲ့စိတ်အာရုံက ဘုရားကိုကြာကြာလက်မခံတော့ဘူး
ဒီလိုနဲ့ပဲ
အဲဒီလူတွေဟာ
အမောဆို့ရင်း သေဆုံးသွားကြတယ်..
ဒါကြောင့်....
ကျုပ်တို့ ခင်ဗျားတို့တွေးရမှာက
မမောခင်ကတည်းက
အလုပ်နဲ့အနားယူခြင်းကိုမျှတဖို့စဉ်းစားမလား
မလုပ်နိုင်တော့မှ နားမလား...
အရေးမပါတဲ့လူတွေအတွက်
သူတို့စိတ်တိုင်းကျနေပေးရင်း
မောလာတဲ့အထိ ရုန်းကန်ပေးနေမလား
ကိုယ့်အတွက်အရေးပါတဲ့လူတွေအတွက်ပဲ
အာရုံနည်းနည်းနဲ့နေသွားမလား
ငွေရှာနေစဉ်ကတည်းက
ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်မလား
ဗုန်းဗုန်းလဲတော့မှ ရှာထားတဲ့ငွေတွေနဲ့ကုမလား
သောက်လေသောက်လေငတ်မပြေတဲ့
ဒီပင်လယ်ရေသပွတ်အူလောကမှာ
ဟိုတစ်ယောက်ကောင်းနိုးနိုး
ဒီတစ်ယောက်မြဲနိုးနိုးနဲ့
အတ္တတွေ တဏှာတွေကိုအခြေပြုပြီး
လိုက်ရှာရင်း အမောခံမလား
အဆင်ပြေနိုင်မယ့်သူကိုပဲ အတ္တတွေလျှော့ပြီး ကိုယ်ချင်းစာတရားနဲ့ ရှာဖွေမလား....
ဒါပဲတွေးစရာရှိတယ်
တကယ်မမောသေးခင် စဉ်းစားတဲ့အခါမှာတော့
ဒီအကြောင်းအရာတွေဟာ
သိပ်အရေးမပါသလိုပါပဲ...
ဒါပေမယ့်
တကယ်မောလာတဲ့မှ ပြန်တွေးကြည့်တဲ့အခါ
အရမ်း နောက်ကျသွားပါပြီ။
Credit Min Yel KyawSwar
ဒီလို အမျိုးသမီးနဲ့ ချစ်သူတော်ခွင့်ရရင်
သိပ်ကို ကံကောင်းတာပါပဲ။
ဘယ်လို အမျိုးသမီးလဲဆိုတော့
ဘာလိုချင်တယ်၊ဘာဝယ်ပေးပါ ဆိုပြီး
မပူဆာတတ်သူ
လိုချင်တာဆို သူမဘာသာ ဝယ်ယူတာမျိုး။
စျေးမတတ်နိုင်ရင်တောင် ငွေစုပြီး ဝယ်ယူ
တတ်သူ။သင့်ကို သူမကြောင့် ဝန်ထုပ်ဝန်ပိုး
မခံစားစေချင်ဘူး။
အထိမ်းအမှတ်နေ့တို့မှာ သင့်ဖက်က
လက်ဆောင်ပေးတယ်ဆိုရင် သူမဖက်က
သေချာပေါက် တစ်ခုခုတော့ လက်ဆောင်
ပြန်ပေးလိမ့်မယ်။ဘာလို့ဆို
ဘယ်နေရာမဆို အပြန်အလှန် ရှိတာ
အကောင်းဆုံးမှန်း သိထားလို့ပါ။
One real man is enough ဆိုတဲ့
လူမျိုးပါ။သင့်တစ်ယောက်ထဲနဲ့
လုံလောက်တယ်။သစ္စာတရား ကြီးမား
တယ်။အရမ်းချစ်တတ်တယ်။ဂရုစိုက်
တတ်တယ်။သူမနဲ့အတူရှိရင် stress
မရှိဘဲ လွတ်လပ်ပေါ့ပါးနေမှာ အမှန်ပဲ။
သူမ လိုချင်တာက ရိုးရှင်းပါတယ်။
သင့်ရဲ့ တန်ဖိုးဖြတ်မရတဲ့ ချစ်ခြင်းမေတ္တာပါပဲ။
သင့်ဆီက သကြားလုံးပဲရရ၊ပန်းတစ်ပွင့်ပဲရရ
ငါသိပ်ချစ်တဲ့ လူသားလေး ဝယ်ပေးတာပဲ
ဆိုပြီး အမြတ်တနိုး သိမ်းထားတတ်တယ်။
ဘဝမှာ လိုအင်ဆန္ဒနည်းတဲ့ ဒီလို
အမျိုးသမီးနဲ့ ဆုံခွင့်ရတဲ့အခါ ချစ်ခွင့်ရတဲ့အခါ
အများကြီး တန်ဖိုးထားပါ။ဘဝမှာ
ထပ်တွေ့ဖို့ သိပ်မဖြစ်နိုင်ပါ။ကားတစ်စီး
လွတ်သွားရင် နောက်တစ်စီး စောင့်လို့
ရပေမဲ့ သင့်ကိုသိပ်ချစ်တဲ့သူကို လက်လွတ်
မိသွားရင် ပြန်ရဖို့ သိပ်ခဲယှဉ်းလိမ့်မယ်...။
Real Love is hard to find.
Credit
copy..
မင်းရဲ့ တန်ဖိုးကို နားလည်တဲ့ သူဆီမှာပဲ မင်းရဲ့ စိတ်ခံစားချက်တွေကို မြုပ်နှံထားပါ.။
မင်းကို ခွှင့်လွှတ်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ စိတ်ဆိုးစိတ်ကောက် အမူအကျင့်လေးတွေကို လုပ်ပြပါ…။
မင်းကို နားလည်ပေးနိုင်တဲ့သူဆီမှာပဲ မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ...။
မင်းကို ဂရုစိုက်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ရင်ဖွင့်ပါ...။
မင်းကို မြတ်နိုးတန်ဖိုးထားပေးတဲ့ သူဆီမှာပဲ မင်းရဲ့ ခွင့်လွှတ်နားလည်ပေးခြင်းတွေကို ပြန်ပေးပါ...။
မင်းအပေါ် အကောင်းဆုံး နားလည်ပေးဆပ် နိုင်သူကိုသာ မင်းရဲ့ သစ္စာစောင့်ထိန်းမှုတွေကို မြုပ်နှံထားပါ...။
မင်းအပေါ် ကောင်းတဲ့ သူတွေအပေါ်မှာ ပြန်ကောင်းဖို့ မမေ့ပါ နဲ့..။
မင်းအပေါ် တန်ဖိုးထားတဲ့ သူတွေကို မဆုံးရှုံးခင် တန်ဖိုးထားပါ...။
ဘဝမှာ အချိန်ကြာကြာ ရင်းနှီးပတ်သတ်ကြ သူတိုင်းကတစ်ဖက်သတ်ဆန်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ကြဘူး..။ အပြန်အလှန် ထိန်းကျောင်းပေးရင်း ရပ်တည်ကြတာမျိုးပါ...။
မင်းကို ချစ်တဲ့သူ များချင်များမယ် မင်းအပေါ် နားလည်ပေးနိုင်တဲ့ သူက ရှားတယ်…။
မင်းကို စိတ်ဝင်စားတဲ့သူ များချင် များမယ် မင်းအပေါ် အချစ်စစ်နဲ့ ချစ်ပေးနိုင်မဲ့သူက ရွှေလိုရှားတယ်…။
၁။ ငွေစုပါ ။
ကိုယ့်ဝင်ငွေရဲ့အနည်းဆုံး ဆယ်ပုံတစ်ပုံကို ကိုယ့်ရဲ့
စုငွေ အတွက် အရင်ဖယ်ထားပါ ။ အသုံးစားရိတ်ထဲ
မထည့်လိုက်ပါနဲ့ ။
၂။ အသုံးစားရိတ်ကို ထိန်းချုပ်ပါ ။
လိုချင်တာနဲ့ လိုအပ်တာကို ကွဲကွဲပြားပြား သိပါစေ ။
သုံးငွေ နဲ့ ဖြုန်းငွေကို ခွဲခြားတတ်ပါစေ ။
၃။ စုဆောင်းထားတဲ့ငွေကို တိုးပွားအောင် လုပ်ပါ ။
၄။ ဖြတ်လမ်းနဲ့ ငွေအမြန် တိုးပွားနည်းထက် သမ္မာအာဇီဝကျကျ မှန်ကန်တဲ့လမ်းကို လျှောက်ပြီး ဖြေးဖြေးချင်း ကြိုးစားပါ ။
၅။ကိုယ်ပိုင်အိမ်ဆောက်နိုင်အောင် ကြိုးစားပါ ။
၆။ ပုံမှန်ဝင်ငွေရှိပါစေ ။
ဝင်ငွေနည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဆယ်ပုံတစ်ပုံကိုစုဖြစ်အောင် စုပါ ။ အနာဂတ်အတွက် ရေရှည်ခိုင်မြဲရေးအတွက် ကြိုတင်ပြင်ဆင်မူရှိပါစေ ။
၇။ ကိုယ့်ရဲ့စွမ်းရည်ကို မြင့်တင်ပါ ။
ကိုယ့်ရဲ့ဝင်ငွေ ပိုတိုးအောင် ကြိုးစားပါ ။ လူတစ်ယောက်ဟာ အမြဲတိုးတတ်ဖို့ လိုပါတယ် ။ လုပ်ငန်းမှာ ပိုကျွမ်းကျင်အောင် အမြဲလေ့လာပါ ။ မိမိစွမ်းရည် ပိုတိုးတက်ဖို့ လေးစားထိုက်သူဖြစ်ဖို့ မိမိအပြုအမူ ဂုဏ်သိက္ခာများကို စောင့်ထိန်းပါ ။
၈။ ကူညီပါ သို့သော် ချင့်ချိန်ပြီးကူညီပါ ။
သူရဲ့ ဝန်ထုတ်ဝန်ပိုးက ကိုယ့်ကျောပေါ်တင်ပြီး ထမ်းပိုးပေးရတာ မဖြစ်စေရန် ချင့်ချိန်ပါ ။ နောင်တကြီးစွာ မရမိစေရန် ကြိုတင် စဥ်းစားမှု အနည်းငယ်ပြုပါ ။
၉။ အချိန်ဆွဲတတ်တဲ့ အကျင့်ကို ပြင်ပါ ။
ကံကြမ္မာကောင်းကို မစောင့်ပါနဲ့ ။ ကံဆိုတာ ဉာဏ်အမြော်အမြင်နဲ့ ဝိရိယထားပြီး အလုပ်ကြိုးစားခြင်းပါပဲ ။
၁၀။ အလုပ်လုပ်ပါ ။
အလုပ်က လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ ။
အလုပ်လုပ်ရင် အရည်အချင်းပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်စေပါတယ် ။ ဘယ်သူဘယ်ဝါက အသိအမှတ်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ အရေးမစိုက်နဲ့ ။ အရေးကြီးတာ ကိုယ်အလုပ် ကောင်းနေဖို့ပါပဲ ။ ကျကျနနလုပ်တဲ့ အလုပ်တစ်ခုဟာ လုပ်သူကို တစ်နည်းမဟုတ်တနည်း ကောင်းကျိုးပြုစမြဲ ဖြစ်သည် ။