1 y - Translate

အထူးမိုးလေဝသ သတင်း
===================
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် ထုတ်ပြန်ချက်
==========================================
(က) ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၁၄-၉-၂၀၂၄ ရက်နေ့တွင် ပိုမိုအားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညနေမှ ၁၅-၉-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။
(ဂ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
အကြုံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

image
1 y - Translate

the world may be harsh with me, but I choose to be gentle with u

image
1 y - Translate

🤲🏼🚨🚨🚨
ရေများအားလုံး
နေပြည်တော်သို့

ဖြတ်သန်းပြီးမှ
အောက်ဖက်ကို ဆက်လက် စီးဆင်းမှာ ဖြစ်လို့
မြေနိမ့်လွင်ပြင် ဒေသအားလုံး
ကြိုတင်ပြင်ထားနိုင်ရန်
အသိပေးလိုက်ကြပါ ။

မြစ်အောက်ခြေအရ တွက်ရင်
မန္တလေးကနေ ဧရာဝတီတိုင်းထဲကို
၅ ရက် နဲ့ ၇ ရက် ကြာပါတယ် ။

အခု ရေက မြန်မာ့သမိုင်းမှာ မရှိသေးပါဖူး .
အခုရေစီးလမ်းကြောင်းနေရာတွေကို
လာမဲ့ ၁၆ ရက် နောက်ပိုင်း ရွာလာမဲ့ မိုးက
ထပ်ဖြည့်အုံးမှာပါ ။

စီမံခန့်ခွဲမှု
ဆက်သွယ်မှုတွေ မလုပ်ထားရင်
သဘာဝဘေးအန္တရာယ်ကနေ
လူဖန်တီးတဲ့ ဘေး ရောက်လာနိုင်ပါတယ် ။

image
1 y - Translate

ရေဘေးသင့်ဒေသက MPT Sim Card ကိုင်ဆောင်သူများ
၇ ရက်စာအတွက် MPT အချင်းချင်း ဖုန်းပြောမိနစ်(၇၀၀)နဲ့
စာတိုပေးပို့မှု SMS အစောင်ရေ(၇၀၀)ကို ၇ ရက်အတွင်း
အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်...

နီးစပ်ရာများသို့ အသိပေးလိုက်ကြပါဦးခင်ဗျာ...
သာဓုခေါ်ပါတယ် MPT...
😇🙏🏻🙏🏻🙏🏻😇

#ရေဘေး
.

image
1 y - Translate

သတ္တိကောင်းလိုက်တဲ့ကလေးလေးရယ်❤️

သားသမီးဇောဆိုတဲ့ မေမေသတ္တိရယ် မချီးကျူးပဲမနေနိုင်ဘူး
၁၅ မိုင်လောက်ကို သစ်တုံးပေါ် တယောက်တည်းစီးလာတဲ့ ၁၁ နှစ်သားလေး❤️
သားကို မေမေက မျောလာတဲ့ သစ်တုံးပေါ် ပစ်တင်ပေးလိုက်တာတဲ့ မေမေ ခုန်ေတာ့ ချော် ကျန်နေခဲ့တယ်တဲ့😪

ပြန်တွေ့မှာနော် အဝေးရောင်သွားလို့နေမှာလို့ ကလေးဥာဏ်ကောင်း ပုံတော့ ဗိုက်ဆာလို့ မျောလာတဲ့ဖရဲသီး သစ်တုန်းမှာပါတဲ့ အချိန်နဲ့ ခွဲစားတာတဲ့

သစ်တုံးမှာ မြွေ၂ကောင်ပါလာတာ သူက ဖရဲသီးကျွေးသေးတာတဲ့ မြွေကမစားဘူးလို့ရယ်ပြောနေသေးတာ
ကယ်ဆယ်ရေးသမားတွေ ကျေးဇူးတင်ပါတယ်❤️

ကလေး ဖုန်းအရင်ဆက်တာဘယ်သူဆက်လဲဆိုတော့ ဘွားဘွား ဒေါ်ကြည်လှမယ်တဲ့

ကလေးတွေအားကိုးတာ အမေပြီးရင် အဘွားဆိုတာ သက်သေပါ❤️
ကြီးကြီးကို နေကောင်းကြောင်းပုံလေး ပို့ပေးရအောင် သားသားရေ fighting

Win Win(ပြန်လည်ကူးယူ)

image
1 y - Translate

ချောင်းချောင်း ကို မိုးခိုခွင့်ပေးနော်🥲
#kuukuu

image
1 y - Translate

အဆုံးနဲ့အစဟာ
ဘာမဆို ခြေတစ်လှမ်းစာပါပဲ
ဘေဘီရယ်

စောင့်နေသူရှိတာ သေချာရင်
လူဟာ
ပြန်လာနိုင်တာပဲ ။

#မြကျေး

image
1 y - Translate

မိုးခွာမုန်တိုင်း
စာကိုသေချာဖတ်ပါ
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲ 93Bသည် နောက်၄၈နာရီအတွင်း ဘင်္ဂလားဒေချ် နိုင်ငံကမ်းခြေဒေသတွေကိုဝင်ရောက်ကာအိန္ဒိယနိုင်ငံအနောက်ဘင်ဂေါပြည်နယ်ကိုသွားရောက်မှာဖြစ်ပြီး
အထက်လေစီးကြောင်းတွေက မြန်မာနိုင်ငံအလယ်ပိုင်းကလေတွေကိုဆွဲယူသွားမှာဖြစ်လို့ လက်ရှိရေကြီးရေလျှံဖြစ်နေ့တဲ့ မန္တလေးတိုင်း နှင့်နေပြည်တော် ဒေသတွေမှာ မိုးခွာသွားတော့မှာဖြစ်လို့ မိုးခွာမုန်တိုင်းလို့အမည်ပေးလိုက်ပါတယ်
အားလုံးဘေးရန်ကင်းကွာကြပါစေ
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image
1 y - Translate

လာကယ်တာနောက်ကျလို့ ကယ်တဲ့သူကိုစိတ်ကောက်🙄

image
1 y - Translate

သဘောကျတာက မြန်ပေမယ့်
လွယ်လွယ်လေးနဲ့တော့ မချစ်သွားတတ်ပါဘူး

လူအများကြီးကို သဘောကျနိုင်ပေမယ့်
"ချစ်တယ်"ဆိုတာကတော့
တစ်ယောက်သော သူအတွက်ပဲဖြစ်မှာ ။

💭 || 11.9..2024

image