မန္တလေးတောင်ပေါ်မှတွေ့ရသော နန်းမြို့ရိုးနှင့်ကျုံးမြင်ကွင်း(1907)
#mandalay_moat #mandalay_hill #city_wall #burma
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မန္တလေးတောင်ပေါ်မှတွေ့ရသော နန်းမြို့ရိုးနှင့်ကျုံးမြင်ကွင်း(1907)
#mandalay_moat #mandalay_hill #city_wall #burma
ဘာစီလိုနာအသင်းဟာ ဒီရာသီလာလီဂါမှာ လာမင်းယာမယ် မပါတဲ့၊ ပွဲထွက်မကစားတဲ့ (၃)ပွဲစလုံးမှာ တစ်ပွဲမှ နိုင်ပွဲရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ကျန်တဲ့လိဂ်ပွဲတွေမှာတော့ ယာမယ်နဲ့အတူ ဂိုးပြ-တ်တွေနဲ့ နိုင်ပွဲတွေရယူထားနိုင်ခဲ့ပါတယ်။ 😮
ခုလည်း ယာမယ်ဟာ ခြေချ-င်းဝ-တ်ဒ-ဏ်ရာ
မပျော-က်သေးတာကြောင့် မနက်ဖြန်မှာကစားမဲ့ချန်ပီယံလိဂ်ပွဲစဥ်ကိုလည်း လွဲချော်ဦးမှာပါ။ (၂)ပွဲဆက်နိုင်ပွဲပျော-က်ထားတဲ့ ဘာဆာအတွက် ဒီပွဲဟာ ခက်ခဲဦးမှာသေချာပါတယ်။
နည်းပြဟန်ဆီဖလစ်ကတော့ ဒီလူငယ်ကြယ်ပွင့်လေးမပါတာဟာ အသင်းရဲ့ကစားပုံကို ကန့်သ-တ်မှုတချို့ဖြစ်လာစေတယ်လို့ ရှင်းပြလာခဲ့ပြီး၊ သူတို့ ယာမယ်ကိုသတိရနေမိတယ်လို့လည်း ပြောကြားလာခဲ့ပါတယ်။
(၁၇) နှစ်အရွယ်ချာတိတ်လေးရဲ့အသင်းအပေါ် အကျိုးသ-က်ရောက်မှုကတော့ အံ့မခန်းပါပဲ။ 🔴🔵
" ရှင်ကွဲ "
ချစ်လျှက်နဲ့ ဝေးခဲ့ရတယ် ။ ဒါပေမဲ့ တစ်ဦးသဘောတူ ။တစ်ဖက်က တွန်းကန်လာလို့ ကျန်တစ်ဖက်က မငြင်းဆန်ရက်တော့တဲ့ အခြေအနေတစ်ခု ။
စိတ်ကူးတွေကလဲ လက်တွေ့ထိပါမလာခဲ့ဘူး ၊
အိပ်မက်တွေကလဲ အသက်ငင်နေပြီ၊
ပုံရိပ်တွေကလဲ ပေါ်လိုက်ပျောက်လိုက် ၊
ငါ့မှာ ဖမ်းထားလို့လဲမရ ၊ ဆွဲထားလို့လဲမရ ၊
မင်းလိုလို တိမ်လိုလို ၊ အတိတ်လိုလို အရိပ်လိုလိုနဲ့ မင်းအတွက်လူပိုဟာ ငါဖြစ်နေတယ် ။
ဆရာစစ်ငြိမ်း တစ်ခါပြောဖူးတယ်
ရှင်ကွဲမှာ နောင်ဘဝမရှိဘူးဆိုတာ ၊
ဘယ်ဘဝထဲက စလွဲခဲ့လဲမသိဘူး ၊
ဒီဘဝလဲ မပေါင်းရပြန်ဘူး ။
ထာဝရပါဆိုပြီး
တစ်ခဏလေးနဲ့ ပျောက်ကွယ်သွားတဲ့ အချစ်တွေ ဒီဘဝနောက်ဆုံးဖြစ်ပါစေ ။
ရိုးရိုးလေးပဲ တွေးပါတယ် ။
ရေစက်ကုန်တယ် ။ဖူးစာ မပါတယ်ပေါ့ ။
ပီပီ
“မအားတာနဲ့ အချိန်မပေးချင်တာနဲ့က ကွာတာပေါ့”
တကယ် မအားလို့ အချိန်မပေးန်ိုင်ပါဘူးဆိုတဲ့သူကတောင် .... ကိုယ့်ကို ချစ်ရင် တစ်နေ့ကို အနည််းဆုံး မနက်၊ နေ့လယ်၊ည ၅ မိနစ်စီ (၁၅ မိနစ်စာ) လောက်တော့ အချိန်ပေးနိုင်ပါတယ်။
24/7 မအားဘူးဆိုတာတော့ မရှိပါဘူး ။
အချိန်ပေးချင်ရင် အချိန်ဆိုတာ အမြဲထွက်ပါတယ်။တကယ်လည်း အားရဲ့သားနဲ့ အချိန်မပေးချင်တာကို သက်သက်ကြီး “မအားလို့” ဆိုပြီး ရောမချပစ်လိုက်နဲ့ပေါ့ ။
A person who loves you gives you time.
မင်းကိုချစ်တဲ့သူက အချိန်ပေးပါတယ် ။
မင်းခံစားချက်တွေကို နားထောင်ဖို့ မင်းကို ဂရုစိုက်ဖို့ မင်းရဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကို မေးဖို့ အချိန်ပေးတယ် ။
Don’t waste your time on someone who doesn’t give you time. ကိုယ့်ကိုအချိန်မပေးနိုင်တဲ့သူဆီမှာ ကိုယ့်ရဲ့ အချိန်တွေ မဖြုန်းပစ်လိုက်ပါနဲ့။
ကိုယ့်ကို အချိန်ပေးတဲ့သူဆီမှာသာ ကိုယ့်အချိန်တွေကို ကုန်ဆုံးပါ ။ You deserve .
𝐏 𝐚 𝐧 𝐝 𝐚 ! 𝐛𝐲 𝐎𝐚𝐤
𝐅𝐫𝐨𝐳𝐞𝐧 𝐈𝐈 - 🎬
အရင်တုန်းကတော့ ပူပန်မူများခဲ့ရပေမယ့်" ယောက်ျားကြောင့် ပူပန်မူမရှိဘဲနေနိုင်နေပြီ ဆိုတဲ့ စံပယ်မိုး" 🥰😍
( ဝမ်းသာပါတယ် မင်းသမီးလေးရယ် )
နားအေးပါးအေး နေချင်တဲ့ အစ်မရဲ့ဆန္ဒကို အမျိုးသားက ရွှေပြည်သာမှာ ပေ ၁၂၀ ၊ပေ ၄၀၀ ကျယ်တဲ့ ရို..က်ကွင်းခြံကြီး သိန်းတစ်သောင်း ဝန်းကျင်တန်ဖိုးရှိတဲ့ ခြံကြီး ဆောက်ပေးထားတယ် ခြံထဲမှာ တစ်ခါတည်း ဇာတ်ကားတွေ ရို..က်လို့ရအောင် စီစဉ်ပေးထားတယ် လို့ ပြောလာတဲ့ သရုပ်ဆောင် စံပယ်မိုး
#crd
မစ်ဆူဘီရှီပြိုင်ပွဲဝင်ဖို့ ပဏာမမြန်မာ့လက်ရွေးစင်ကစားသမား (၃၀) ဦးစာရင်း MFF ထုတ်ပြန်
နိုဝင်ဘာ ၂၆
လာမည့်ဒီဇင်ဘာလအတွင်း ကျင်းပမည့် အာဆီယံမစ်ဆူဘီရှီဖလား ၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမရွေးချယ်ထားသည့် မြန်မာ့လက်ရွေးစင်ကစားသမား(၃၀)ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
အဆိုပါ စာရင်းအရ ရှမ်းယူနိုက်တက်အသင်းမှ ကစားသမား (၈) ဦးအထိ အများဆုံးပါဝင်နေပြီး လက်ရှိတွင် ကလပ်အသင်းပွဲစဉ်များကြောင့် လူမစုံသေးသော်လည်း လေ့ကျင့်ရေးအစီစဉ်များကို နိုဝင်ဘာ (၂၅)ရက်မှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းအနေဖြင့် မစ်ဆူဘီရှီဖလား အုပ်စု ပွဲစဉ်များ အဖြစ် အင်ဒိုနီးရှား၊ လာအို ၊ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ယှဉ်ပြိူင်ကစားရမည် ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့တွင် အိမ်ကွင်းအဖြစ် သုဝဏ္ဏအားကစားကွင်း၌ အင်ဒိုနီးရှားအသင်းနှင့် ပွဲဦးထွက် ယှဥ်ပြိုင်ကစားရမည် ဖြစ်သည်။
အဆိုပါ မစ်ဆူဘီရှီဖလား ပွဲစဉ်များတွင် VAR စနစ်ကို ပြိုင်ပွဲဝင်နိုင်ငံများအားလုံး၏ အိမ်ကွင်းအဖြစ်သုံးမည့် ဘောလုံးကွင်းများ၌ အသုံးပြုမည်ဖြစ်ကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFFက အတည်ပြုထားသဖြင့် မြန်မာအသင်း လက်ခံကစားမည့် သုဝဏ္ဏကွင်းသည်လည်း ပထမဆုံး VAR စနစ်ကို အသုံးပြုသည့် ကွင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw
ကလောမှာ ဆီဘောင်ဆာယာဉ် (၁)စီး တိမ်းမှောက်မှု ဖြစ်ပွား
နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်ထဲက ဝက်ဖြူရေ ကျေးရွာ အုပ်စု၊ ရေယားကျေးရွာနား၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆီဘောင်ဆာယာဉ် (၁)စီး တိမ်းမှောက်မှု နိုဝင်ဘာ ၂၅ ရက်နေ့က နေလည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။
အဲ့ဒီယာဉ်တိမ်းမှောက်မှုကို ကလောမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက် ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်ရာကနေ မီးလောင်မှုမဖြစ်စေဖို့အတွက် အမြှုပ်ဆေးရည်နဲ့ ဖုံးအုပ်ပက်ဖျန်းတာတွေ၊ တိမ်းမှောက်ယာဉ်ပေါ်က ဓါတ်ဆီတွေကို အခြားဘောက်ဆာယာဉ်သို့ ရွှေ့ပြောင်းရာမှာ မီးလောင်မှုမဖြစ်စေရေးအတွက် အအေးပေးတဲ့ လုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ် တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး
ရော်နယ်ဒို ၂ ဂိုးသွင်းပြီး အယ်လ်နာဆာ အာရှချန်ပီယံလိဂ် တဆင့်တက်
နိုဝင်ဘာ ၂၆
အယ်လ်နာဆာအသင်းက အယ်လ်ဂါရာဖာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ၂ ဂိုးသွင်းပြီး အသင်းကို နောက်တဆင့် တက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့လို့ စိတ်ပျက်နေပေမယ့် ဒုတိယပိုင်းအစ ပွဲချိန် ၄၆ မိနစ်နဲ့ ၆၄ မိနစ်မှာ အယ်လ်နာဆာအသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တာပါ။
အယ်လ်နာဆာအသင်းအတွက် နောက်ထပ် သွင်းဂိုးကို ဂါဘရီရယ်လ်က သွင်းယူခဲ့ပြီး အယ်လ်ဂါရာဖာအသင်း အတွက် ချေပဂိုးကို ဟိုဆေးလူက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် အာရှချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျကာ ရမှတ် ၁၃ မှတ်နဲ့ နောက်တဆင့်တက်ဖို့ သေချာသွားခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားအပြီးမှာ ၁၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဒါအပြင် ရော်နယ်ဒိုအတွက် ကစားသမားဘဝသွင်းဂိုး ၉၁၃ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာပါ။
ရော်နယ်ဒိုက အသင်းအနိုင်ရခဲ့ရင် သူအလွန်ပျော်ရွှင်ပြီး ဒီနိုင်ပွဲကို ပရိသတ်တွေနဲ့ ကလပ်အတွက် ရည်စူးတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တဆင့် တက်ခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို ပြန်ပြီး အာရုံစိုက်ရတော့မှာပါ။
အယ်လ်နာဆာအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ အယ်လ်ကတ်ဆီယာအသင်းကို အရေးနိမ့်ပြီး ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အယ်လ်အစ်တီဟတ် အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
အယ်လ်နာဆာအသင်းဟာ ဒီတစ်ပတ် ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် ဒါမက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် အာရှချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဆတ်ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - ရော်နယ်ဒိုကို တွေ့ရစဉ်
#centralnewsnaypyitaw