Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာနေရှင်နယ်လိဂ်(၂)မှာ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့တဲ့ မွန်ပြည်နယ် ကိုယ်စားပြု ရာမညယူနိုက်တက်
မွန်ပြည်နယ်ကိုယ်စားပြု ရာမညယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်(၂)မှာ ရမှတ် (၁၇)မှတ် ရာသီဝက်အရောက်မှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်
ရာမညယူနိုက်တက်အသင်းဟာ မွန်ပြည်နယ်မှ ရွက်ပုန်းသီး လူငယ်ကစားသမားများကိုလည်း မြေတောင်မြှောက်ပေးနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကာ ရာသီဝက်မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်
ဆက်လက်ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ပါစေလို့ မြန်မာနေရှင်နယ်လိဂ်(၁)ကို တန်းတက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
Congratution
" ပုဇွန်ဆိတ်အိုးကပ်ချက်လေး "
ချက်နည်းသိချင်ရင်တော့
ပုဇွန်ဆိတ်လေးကိုဆားနနွင်းနဲ့နယ်ထားပါ
ဂျင်းကြက်သွန်ဖြူနီကြိတ်ပြီးဆီသတ်ပါ
ရေခမ်းပြီးခြောက်သွားရင် နနွင်း ငရုပ်သီးအရောင်တင်လေးထည့်မွှေပါ
ငံပြာရည်လေးထည့်ပါ
ခရမ်းချဥ်သီးကြိတ်ထားတာထည့်ပါ
ရေခမ်းရင် ပုဇွန်လေးထည့်ပါ
ကျက်ခါနီး ပင်စိမ်းငြုပ်သီးစိမ်းအုပ်ပါ
ကျက်ရင်ရပါပြီစင့်
📅12 Sept 2024 ⏰( 90:30 AM)
#ရွှေစျေး မီးလင်းရွှေ ပြင်ပအရောင်းဝယ် စျေးနူန်း
အရောင်း - 6700000 MMK
အဝယ် - 6650000 MMK
15ပဲရည် အရောင်း - 6350000 MMK
15ပဲရည် အဝယ် - 6310000 MMK
===========================
#ကမ္ဘာ့ရွှေစျေး ⏰(10:15 AM)
1 Ounce - 2515 USD$
===========================
YGEAသတ်မှတ်စျေးနူန်း ⏰(90 AM)
5063051 MMK
ပြင်ပစျေးကွက် ပုံမှန်မဟုတ်သည့်အတွက် ရောင်းမှားဝယ်မှား မဖြစ်အောင် ဂရုစိုက်ပါဗျ။ ✅
အရောင်း၊အဝယ် "လုံးဝ" မလုပ်ပါဗျ✅
#ရွှေစျေး
#goldprice
#goldprice
#todaygoldprice
#နိုင်ငံခြားငွေစျေး
ဒီနေ့ ကျင်းပခဲ့တဲ့ VMAs ပွဲမှာ စမိုင်းလ်ကတော့
ပရိုမိုးရှင်း ဆင်းခဲ့ ပြန်ပါတယ် 😃
Paramount ထုတ်လုပ်ရေးဘက်က လူတစ်ချို့
ငှားပြီး Smile 2 ရုပ်ရှင်အတွက်
Promotion ပြုလုပ်ခိုင်းခဲ့တာပါ။
Lisa ရဲ့ ဖျော်ဖြေမှုကို အားပေးနေတဲ့ ပရိတ်သတ်
တွေရဲ့Reaction ကို ပြသနေတဲ့အချိန်မှာ
ကြောက်စရာ အပြုံးလေးနဲ့ ပေါ်လာခဲ့တာဖြစ်ပါတယ်။
Smile 1 တုန်းကလည်း ဘေ့စ်ဘောပြိုင်ပွဲ
ကွင်းထဲမှာ Promo ခဲ့ပါသေးတယ်။
အဲ့တုန်းကတော့ လူတွေ တော်တော်လန့်ခဲ့ကြတာ။
Smile 2 ရဲ့ ဇာတ်လမ်းက ဖျော်ဖြေပွဲတစ်ခုကနေ
တစ်ဆင့် ကျိန်စာပြန့်နှံ့သွားတဲ့ ပုံစံဆိုတော့
VMAs ပွဲမှာ Promo ပြုလုပ်ခဲ့တာက
အတော်ကောင်းတဲ့ အိုင်ဒီယာ တစ်ခုပါပဲ။
ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစားပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ
ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ
ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ
မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်
ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ
တန်ဖိုးထားစေချင် ။
Skin အမျိုးအစားကို ခွဲခြားတတ်ပြီလား။
ကိုယ့်ရဲ့ Skin အနေအထားကိုသိမှ Skincare
ရွေးချယ်တဲ့အခါမှာ ကိုယ့်အတွက်ပိုအဆင်ပြေလွယ်ကူနိုင်ပါတယ်။
ဒါဆိုလေ့လာကြည့်ကြမယ်။
(1) Normal Skin
- Normal Skin တွင် အသားအရည်က ချောမွေ့နေတတ်ပြီး
ချွေးပေါက်ကိုမမြင်ရတတ်ပါ။ Skin Problem လည်း
သိပ်များများစားစားမရှိသော အသားအရည်မျိုးပါ။
(2) Dry Skin
- ဒီအသားအရည်ဟာဆိုရင် မွဲခြောက်ကြမ်းတမ်းနေတတ်ပြီး အရေးကြောင်းလည်း ထင်းလင်းနေတတ်ပြီး အရေခွံလန်တာမျိုးလည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။
ခြောက်သွေ့နေတာရယ်ကြောင့် ကြည့်လိုက်တာနဲ့
စိုစိုပြေပြေဖြစ်မနေသော အသားအရည်ပါ။
(3) Combination Skin
- ဒီ Skin မှာဆိုရင် ပါးနှစ်ဖက်ဟာ ခြောက်သွေ့ပြီး
နဖူးနဲ့နှာခေါင်းဟာအဆီပြန်နေတတ်ပါတယ်။ ဆားဝက်ခြံလည်း ထွက်လွယ်သော အသားအရည် ပိုင်ရှင်မျိုးပါ။
(4) Oily Skin
- သူ့မှာတော့ အသားအရည်က အမြဲလိုလို အဆီပြန်နေပြီး ပြောင်လက်နေတာမျိုးပါ။ ချွေးပေါက်တေလည်း ထင်ရှားပြီး
ဝက်ခြံထွက်လွယ်သော အသားအရည်ပါ။ သူ့တွင်မူ T-Zone Skin မှာပိုသိသာပါတယ်။
(5) Sensitive Skin
- သူ့မှာတော့ သိသာလွယ်တယ် မျက်နှာကနီမြန်းလွယ်တယ်။
အသားအရည်က အသားခြောက်တဲ့အခါမှာ ယားယံတာမျိုးဖြစ်တတ်တယ်။ မကြာခဏဆိုသလိုလည်း break out ကဖြစ်လွယ်ပါတယ်။ အထူးကရုစိုက်ပါ။
အာ့အသားအရည်တွေကို ဘယ်လိုမျိုးသိနိုင်မလဲဆိုရင်
ကိုယ်က မျက်နှာသန့်စင်ပြီးချိန် မိနစ်(4ကြာတဲ့အခါမှာ
မှန်ထဲပြန်ကြည့်ကြည့်ပါ။ စောင့်ကြည့်နေချိန်မှာ မည်သည့် Product ကိုမှ အသုံးမပြုကပါ။ အာ့အချိန်က
သင့်ရဲ့အသားအရည်အမျိုးအစားကို ခွဲခြားပေးပါလိမ့်မယ်