1 နှစ် - ဘာသာပြန်ပါ။

သစ်ရွက်တစ်မျိုးကို ဝါးပြီး သူ့ဒဏ်ရာသူ ဆေးကုနေတဲ့ လူဝံ

ဆူမားတြားမျိုးစိတ် လူဝံတစ်ကောင် သူ့ဒဏ်ရာသူ ဆေးကုနေတဲ့မြင်ကွင်းကို Scientific Reports က ဖော်ပြခဲ့တာပါ။ ရာကုစ်လို့ အမည်ပေးထားတဲ့ လူဝံဟာ တခြားလူဝံတွေနဲ့ လုံးထွေးရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ဖွယ်ရှိပြီး တောထဲက သစ်ရွက်တစ်မျိုးကို ဝါးကာ သတ္တုရည်ကို မျက်နှာဒဏ်ရာမှာ သုတ်လိမ်းနေခဲ့တာ ဖြစ်ပါတယ်။

ရာကုစ်ဟာ ဒဏ်ရာရပြီး ၃ ရက်အကြာမှာ နွယ်ပင်တစ်မျိုးရဲ့ အရွက်ကို ဝါးပြီး သတ္တုရည်ကို လိမ်း၊ အဖတ်တွေကို ဒဏ်ရာပေါ်အုံခဲ့တာပါ။ အဲဒီနွယ်ပင်ဟာ ဒဏ်ရာ ပျောက်ကင်းမြန်ပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိနေတာလည်း တွေ့ရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

လစ်သီယမ်အိုင်းယွန်းဘတ္တရီထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုများတဲ့ ရေဓာတ်အခြေပြုဘက်ထရီကို တရုတ်သိပ္ပံပညာရှင်တွေ တီထွင်

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီမှ သုတေသီအဖွဲ့ဟာ လစ်သီယမ်ဘက်ထရီထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုများတဲ့ ရေဓာတ်အခြေပြုဘက်ထရီကို တီထွင်ခဲ့ပါတယ်။ အဲဒီဖန်တီးမှုကြောင့် မီးလောင်နိုင်ခြေ မြင့်မားတဲ့ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနေရာမှာ ရေဓာတ်အခြေပြုဘက်ထရီတွေကို အစားထိုး အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

လျှပ်စစ်ဓာတ်အား ဖြတ်သန်းနိုင်တဲ့ လျှပ်လိုက်ရည်အဖြစ် ရေကို အသုံးပြုထားတာဖြစ်လို့ ပိုမိုဘေးကင်းစေပါတယ်။ အိုင်အိုဒင်းနဲ့ ဘရိုမင်းကို အသုံးပြုပြီး အီလက်ထရွန် အများအပြားရွှေ့ပြောင်းစေနိုင်တဲ့ cathode (ကက်သုတ်)ကို အသုံးပြုထားတာကြောင့် ရေဓာတ်အခြေပြုဘက်ထရီရဲ့ စွမ်းအင်သိပ်သည်းဆကို အားကောင်းစေပြီး ၁ လီတာမှာ ၁ နာရီ ၈၄၀ အမ်ပီယာနှုန်းအထိ စီးဆင်းစေနိုင်ပါတယ်။ ကက်သုတ်နဲ့ သတ္တုကက်ဒ်မီယမ်ကို ပေါင်းစပ်ဖန်တီးထားတာဖြစ်လို့ တစ်လီတာမှာ တစ်နာရီ ဝပ် ၁၂၀၀ အထိ သိုလှောင်နိုင်စွမ်း ရှိပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Breaking News!!!

အာဆင်နယ်အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ မီခယ်လ် အာတီတာကို (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် တိုးမြှင့် ချုပ်ဆိုသွားဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ နာမည်ကျော် ဗြိတိန် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက သတင်းဖော်ပြလာခဲ့ပါတယ်။

ဒါကြောင့် နည်းပြ အာတီတာက အာဆင်နယ်အသင်းနည်းပြအဖြစ် ၂၀၂၇ခုနှစ်အထိ တာဝန်ယူ ကိုင်တွယ်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကြီး မရမချင်း အာတီတာကို သက်တမ်းတိုးဖို့ အစီအစဉ်တစ်ခုရေးဆွဲနေကြောင်းလဲသိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

လာတော့မယ် မကြာဘူး

image
1 နှစ် - ဘာသာပြန်ပါ။

အသဲငယ်တဲ့သူမကြည့်ရ
ငါသာဆို လန့်ပြီး ငုတ်တုတ်ကြီးမေ့နေမှာ

1 နှစ် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် အနည်းဆုံး ၃ ပတ်ကြာ အနားယူရမည်

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ် ကြာ အနားယူရမယ်လို့ သိရပါတယ်။

အိုဒီဂတ်ဟာ သြစတြီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကွင်းထဲကနေ မျက်ရည်တွေနဲ့ ထွက်ခွာခဲ့ရတာပါ။

အာဆင်နယ်အသင်းဘက်က အိုဒီဂတ်ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးနေဆဲဖြစ်ပေမဲ့ နော်ဝေအသင်း ဆရာဝန်ကတော့ အနည်းဆုံး သုံးပတ်လောက် အနားယူရလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့တာပါ။

အိုဒီဂတ်ရဲ့ ခြေချင်းဝတ်ဒဏ်ရာက အရိုးကို မထိပေမဲ့ ရောင်ရမ်းနေဆဲဖြစ်ပြီး အနည်းဆုံး ၃ ပတ်လောက် အနားယူရနိုင်တဲ့ အခြေအနေဖြစ်ကြောင်း၊ အဲဒီကာလထက်လည်း ပိုမိုအနားယူရနိုင်ကြောင်း နော်ဝေအသင်းဆရာဝန် အိုလာဆန်က ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ မှာ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲ နွှဲရမှာဖြစ်ပြီး ဒက်ကလန်ရိုက်စ်နဲ့ အိုဒီဂတ်နဲ့ လွဲချော်မှာက အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။
DVB

image
1 နှစ် - ဘာသာပြန်ပါ။

ရေကြီးတာကို သွားစပ်စုတဲ့ လင်မယား
ရေတွေတက်လာလို့ သစ်ပင်ပေါ်တက်ပြီးခိုနေရ
သူတို့ကို တခါသွားပြန်ကယ်ရ
ပြီးတော့ အတိတ်တဘောင်နိမိတ်ဆောင်တွေဘာတွေထပြော
အင်း အံ့ဩစရာပါလား

image