Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်တွင် ညစျေး (Night Market) ဖွင့်မည်
ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် နှစ်နိုင်ငံ ခရီး သွားဧည့်သည်များ စည်ကားလျက်ရှိခြင်းကြောင့် ညစျေး (Night Market)ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအတွက် တာချီလိတ် မြို့ရှိလမ်းဘေးဝဲယာ တလျှော က် ပျံကျရောင်းချနေသော စျေးသည်များကို ညစျေးနေရာ သတ်မှတ်၍ ဈေးရောင်းချစေမည်ဖြစ်ကြောင်း သိရသည်။
ယင်းသည် မြို့တော် သန့်ရှင်းလှပရေးနှင့် ယာဉ်ကြောပိတ် ဆို့မှု လျော့ချနိုင်စေရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း လိုက်လံ သတိပေးနှိုးဆော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ညစျေး(Night Market)ဖွင့်လှစ်ခြင်းအပါအဝင် ရွှေတိဂုံစေ တီ အတက်အဆင်း လမ်းဘေးတွင် ဈေးဆိုင်ခန်းများ စနစ် တကျ ဆောက်လုပ်နိုင်ရေး၊ ဗိုလ်ချုပ်လမ်းမတလျှောက် ပ လက်ဖောင်းများပေါ်တွင် လမ်းဘေးဈေးသည်များ စနစ်တ ကျရောင်းချမှုမရှိခြင်းအပေါ် ရပ်ကွက်အလိုက် အသိပေးကာ ဖယ်ရှားဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ (၁၁)ရက် မွန်းလွဲပိုင်းအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ လုပ် ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက လုပ်ငန်းများဆောင်ရွက်မှုအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ညစျေးနေရာသတ်မှတ်ရန်အတွက် ညှိနှိုင်းဆောင်ရွင်မှုများ ပြုလုပ်မည် ဖြစ်ပြီး ၊ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင် ရွက်သွားမည်ဟု ပြောကြားခဲ့သည်။