2 yrs - Translate

One day travel to my dream country 💗✨✈️

image
2 yrs - Translate

One day travel to my dream country 💗✨✈️

image
2 yrs - Translate

One day travel to my dream country 💗✨✈️

image
2 yrs - Translate

One day travel to my dream country 💗✨✈️

image
2 yrs - Translate

One day travel to my dream country 💗✨✈️

imageimage
+4
2 yrs - Translate

မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့်ကျေးဇူးဆပ်ရန်လိုသကဲ့သို့ တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရန် တပ်ချုပ်မှာကြား

ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအပြီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘဆွေမျိုးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က " ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးကိုသိတတ်ဖို့နဲ့ ကျေးဇူးဆပ်ဖို့လိုအပ်သလို တပ်မတော်အပေါ်မှာလည်း ကျေးဇူးသစ္စာ စောင့်သိရပါမယ် မိမိတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ မိသားစုတွေရဲ့ ရည်မှန်းချက်တွေ မပပျောက်စေဖို့အတွက် စစ်သားကောင်းတစ်ယောက်ပီသစွာနဲ့ ဘဝတစ်လျှောက်လုံးဆက် လက်ကြိုးစားဆောင်ရွက်သွားရပါမယ်"ဟု မှာကြားသည်။

ထို့ပြင် မိမိကိုယ်ကိုထိန်းထိန်းသိမ်းနေထိုင်ပြီး မိသားစု၊ တပ်မတော်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု ပြောသည်။

ထို့အတူ တန်ဖိုးရှိသည့်ပညာရပ်များကိုသင်ယူခဲ့ရသဖြင့် မိမိတို့၏ ရည်မှန်းချက်နှင့်ရည်ရွယ်ချက်ပန်းတိုင်များ မပျောက်ပျက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟုလည်း မှာကြားခဲ့သည်။

တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)တွင် အောင်စစ်သည် ဆုအား ဗိုလ်လောင်းဖြိုးကိုကို၊ လေ့ကျင့်ရေးထူးချွန်ဆုအား ဗိုလ်လောင်း သန်းထိုက်အောင် နှင့် စာပေထူးချွန်ဆုအား ဗိုလ်လောင်းအောင်ဖြိုးခိုင်တို့ရရှိခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

image
2 yrs - Translate

အီလွန်မတ်စ် ပိုင်ဆိုင်မှုပမာဏ ဘီလျံ ၄၀၀ ရှိလာ

ဝါရှင်တန်၊ဒီဇင်ဘာ ၁၂

SpaceX တည်ထောင်သူ Tesla စီအီးအို အီလွန်မတ်စ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၄၀၀ ဘီလျံရှိသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း Bloomberg Billionaires Index ၏ဖော်ပြချက်အရသိရသည်။

SpaceX ၏ မကြာသေးမီက အတွင်းပိုင်းရှယ်ယာရောင်းချမှုများက မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုကို မြှင့်တင်ပေးခဲ့ပြီး ရှယ်ယာအရောင်းအ၀ယ်က ၎င်း၏ပိုင်ဆိုင်မှုကြိ ဒေါ်လာ ၅၀ ဘီလျံအထိ မြင့်တက်စေခဲ့သည်။

ယင်းအပြင် SpaceX ရဲ့ စုစုပေါင်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၅၀ ဘီလျံအထိရှိလာစေခဲ့ပြီး ဤအနေအထားကြောင့် SpaceX ကို ကမ္ဘာ့တန်ဖိုးအရှိဆုံးပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်မှုကိုလည်းခိုင်မာစေခဲ့သည်။

SpaceX ရှယ်ယာရောင်းချမှုနှင့် Tesla ၏စတော့စျေးနှုန်းများမြင့်တက်မှုကြောင့် မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုသည် ဒေါ်လာ ၄၄၇ ဘီလျံအထိတက်လာခဲ့သည်။Tesla ၏ရှယ်ယာများသည်လည်း အမြင့်ဆုံးတန်ဖိုးအဖြစ် ၄၁၅ ဒေါ်လာအထိရောက်ရှိခဲ့သည်ဟုသိရသည်။

မတ်စ်၏ရှယ်ယာတန်ဖိုးများသည် သမ္မတထရမ့်ပ်၏ ရွေးကောက်ပွဲအပြီးတွင် ပိုမိုမြင့်တက်လာခဲ့ပြီး Tesla ၏ရှယ်ယာတန်ဖိုးလည်း ၆၅ ရာခိုင်နှုန်းအထိမြင့်တက်လာကာ အီလွန်မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုပမာဏကိုမြင့်တက်စေခဲ့သည်။

image
2 yrs - Translate

🚨BREAKING🚨

ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်အား ထိုက်သင့်တဲ့ ပြောင်းရွေ့ကြေးရရှိပါက ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း သိရသည်။

image
2 yrs - Translate

ကိုယ့်စိတ်ကို အနိုင်ယူခြင်း (သို) သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်

A beautiful Mind (2001)

Nobel Laureate in Economics ဆုကို ရရှိခဲ့တဲ့ သင်္ချာပညာရှင် John Nash ရဲ့ တစ်ကယ့်ဖြစ်ရပ်မှန် ဘ၀ ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျ နှင့် သူ့ရဲ့ စိတ်‌အခြေအနေကို ဘယ်လိုမျိုး ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရလဲဆိုတာကို အဓိက ရိုက်ကူးထားပါတယ်။

သူ့ရဲ့ Equation တွေကလည်း ကမ္ဘာစီးပွားရေးကို များစွာ အထောက်အကူဖြစ်ခဲ့တာမလို Novel ဆုပါ ရရှိခဲ့ပါတယ်။သူဒီလို Novel ဆုအပါအ၀င် သူဘ၀ တစ်လျောက် တွေ့ကြုံရတဲ့ အခက်အခဲတွေ၊လူတိုင်းက ရူးနေတယ်လိုတောင်ထင်ခဲ့ရာကနေ ကိုယ့်စိတ်ကို ပြန်အနိုင်တိုက်ရင်း သင်္ချာပညာရှင် ဆရာတစ်ယောက်အနေနဲ့ ပြန်လာနိုင်အောင် ကြိူးစားပုံတွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်တာမလို ရစ်ကြည့်‌စရာနေရာတစ်ခုမှကို မပါပါဘူး။

image

ချဉ်ပေါင်ခါးကြော်

ချဉ်ပေါင်ဖြူ ခေါ် ချဉ်ပေါင်ခါးကို ချွေပြီး
ကပ်ကြေးနဲ့ သေးသေးလေးဖြစ်အောင် ညှပ်ပါ ။
ကြက်သွန်နီပါးပါးလှီးထားတာ ဆီသပ်
ငပိစိမ်းစား ပုစွန်ခြောက်မှုန့် ငရုတ်ကြမ်းဖတ်မှုန့်
ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ထည့်ပြီး မွှေပါ ။
နောက်ဆုံးမှ ချဉ်ပေါင်ခါးထည့်ပြီး ချဉ်ပေါင်ကြေတဲ့ထိ
ချေ ချေပြီး ကြော်ပေးရင် ရပါပြီ ။

ချဉ်ပေါင်ခါး က မျှစ်နဲ့ရောကြော်ရင်စားမကောင်းသလို
ပုစွန်ခြောက်မပါရင်လည်း စားမကောင်းပါဘူးနော် ။
ထမင်းပူပူလေး နဲ့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါရှင့် ။

Edit - ကိုယ်က ဆီများပြီး ရွဲအိနေတဲ့ ချဉ်ပေါင်ကြော်ဆို
လုံးဝကိုမစားတတ်လို့ ခြောက်ခြောက်လေးဖြစ်အောင်
တမင်ကြော်ထားတာပါနော် 🤗

image