1 နှစ် - ဘာသာပြန်ပါ။

Brody Vs paqutio 🤡

image
1 နှစ် - ဘာသာပြန်ပါ။

ဆင်သေချောင်းတံတား ပုဗ္ဗသီရိမြို့ရှောင်လမ်း
ယာယီတံတားထိုးပေးနေပါတယ်…

အခုလက်ရှိ လူတယောက်ချင်းတဖက်ကလိုက်ပို့
တဖက်ကလာကြိုမယ်ဆို
ပြည်စံအောင်ရပ်ကွက်-သိုက်ချောင်းကို ကူးလာလို့ရပါတယ်… ဆိုင်ကယ်-ကားဖြတ်လို့မရသေးပါ…
လူတစ်ယောက်ချင်းဖြတ်လျှောက်လာရင်ရပါတယ်…

image

၁၁ နာရီ ၀ မိနစ်

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး

၆၆၉၀၀၀၀
------------------------------

🙏 မိဘပြည်သူ၊ ကုန်သည်များရှင့်

🇺🇲 ရန်ကုန် လက်ငင်း ၅၁၁၀-၅‌၁၆၀

🇹🇭 ဘတ် ၆၇၆-၆၇၀

🇸🇬 စင်္ကာပူ ၃‌၇၇၀-၃၈၂၀

-------------------------------
#crd

image
1 နှစ် - ဘာသာပြန်ပါ။

အမှတ်ရနေဦးမယ့် ..မယ်ဒလင် လက်သံ

စာရေးသူငယ်စဉ်က လက်ဖက်ရည်ဆိုင်မှာ နေ့တိုင်းနီးပါး အချိန်ကုန်ဆုံးလေ့ရှိတယ်။ဆိုင်ထိုင်တဲ့အခါ အချိန်ကုန်မှန်းမသိတဲ့ ခံစားမှုနဲ့

ညနေခင်းဆိုင်ထိုင်တဲ့အခါ မယ်ဒလင်တီးလေ့ရှိတဲ့ ဦးမြရဲ့ လက်သံတွေကြောင့်ပေါ့။

ဦးမြက ငယ်ငယ်ထဲ က မယ်ဒလင်ကို ကြိုက်နှစ်သက်လွန်းလို့ တီးရာကနေအခုဆို

အရွယ်နှောင်းလို့ ဇရာတွေထောင်းတဲ့ အထိလဲ မယ်ဒလင်လေးတလက်နဲ့ပဲ အဖော်ပြုနေရှာတယ်။

သူတီးလေ့ရှိတဲ့ စာရေးသူအမှတ်ရနေတဲ့ "ချစ်ပြုံးနှင်းဆီ"သီချင်းဆိုရင်တော့ အမြဲနားရည်ဝပြီး အလွတ်တောင်ရနေခဲ့ပါတယ်။

မိမိတို့ အဖွဲ့လဲ လက်ဖက်ရည်ဆိုင်မှာ

ဦးမြရဲ့မယ်ဒလင်လက်သံကို နားထောင်ရင်း လိုက်ညည်းရင်းနဲ့ ပဲ လူငယ်ဘဝအမှတ်တရ

အချိန်တွေ ကုန်မှန်းမသိကုန်စေခဲ့တယ်လေ။

ဦးမြကတော့ ကိုဗစ်ရောဂါဆိုးကြီးကြောင့် ဆုံးပါးခဲ့ပေမယ့် လမ်းထိပ်ဆိုင်ရောက်လျှင် ပြောစမတ်ဖြစ်လောက်စရာလွမ်းမောစရာ အခုချိန်ထိချိတ်ဆွဲထားတဲ့ မယ်ဒလင်လေးကို မြင်တွေ့နေရတုန်းပဲ ဖြစ်ပါတယ်။

ယခု စာတွင် စာရေးသူ ရဲ့ မယ်ဒလင်နဲ့အမှတ်တရ ငယ်ဘဝကို ရေးသားခြင်းဖြစ်ပြီး မယ်ဒလင်အကြောင်းဖော်ပြချက်ကို ဗဟုသုတ အလို့ငှာ အောက်ပါလင့် https://shorturl.at/tjOhS တွင် ဖတ်ရှုနိုင်ပါတယ်။

မယ်ဒလင်ကို တွေ့တိုင်း ဦးမြကို လွမ်းမိသလို စာရေးသူရင်ထဲကနေ တစုံတယောက်အတွက် တီးခတ်နေတဲ့ စာသားထဲက..အတိုင်း ..

"နေ့စဉ်စောင့်ပါလို့ရယ် .... နေပေမယ့်ကွယ်..

ပွင့်နိုင်ခဲပါဘိတယ်... သန္တာလဲ့ရယ် ...

ဘယ်အခါချစ်ပြုံးမာလာကိုကွယ် ...

ခူးဆွတ်လို့ဘုန်း မောင်နမ်းသာမယ်" ...

#myspaceadmin

#frankiestories

image
1 နှစ် - ဘာသာပြန်ပါ။

မိုးခွာမုန်တိုင်း
စာကိုသေချာဖတ်ပါ
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲ 93Bသည် နောက်၄၈နာရီအတွင်း ဘင်္ဂလားဒေချ် နိုင်ငံကမ်းခြေဒေသတွေကိုဝင်ရောက်ကာအိန္ဒိယနိုင်ငံအနောက်ဘင်ဂေါပြည်နယ်ကိုသွားရောက်မှာဖြစ်ပြီး
အထက်လေစီးကြောင်းတွေက မြန်မာနိုင်ငံအလယ်ပိုင်းကလေတွေကိုဆွဲယူသွားမှာဖြစ်လို့ လက်ရှိရေကြီးရေလျှံဖြစ်နေ့တဲ့ မန္တလေးတိုင်း နှင့်နေပြည်တော် ဒေသတွေမှာ မိုးခွာသွားတော့မှာဖြစ်လို့ မိုးခွာမုန်တိုင်းလို့အမည်ပေးလိုက်ပါတယ်
အားလုံးဘေးရန်ကင်းကွာကြပါစေ
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image
1 နှစ် - ဘာသာပြန်ပါ။

🟡🔵🇲🇦 ဆိုဖီယန် အမ်မရာဘတ်

ဒီနွေစျေးကွက်မှာ ဖီအိုရင်တီးနားကနေ ဂျိုဆေး မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဆီကို အငှား+အပြီးသတ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မော်ရိုကို ကွင်းလယ်ခံစစ် ကစားသမား ဆိုဖီယန် အမ်မရာဘတ်ဟာ သူရဲ့ ကလပ်အသင်းသစ်မှာ နည်းပြ မော်ရင်ဟိုလက်အောက် ပထမဆုံးအကြိမ် Training တွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

image

image
1 နှစ် - ဘာသာပြန်ပါ။

Gems
မိုးကုတ်နီလာ💙
Natural Sapphire (Mogok)

ကျောက်ရည်လှလှလေး အတွင်းငြိ မျက်နာရှင်း
အရွယ်ထွားတယ်

#ruby

1 နှစ် - ဘာသာပြန်ပါ။

ငါရှိတယ်လေ ဆိုတဲ့ စကားလေးက တကယ်
အားဖြစ်စေတယ်။

အဲ့လိုပြောပေးတဲ့ လူတွေကိုလည်း ချစ်တယ်။
ကိုယ်စိတ်ညစ်လာရင် ပြောပြဖို့..
ဘာပဲဖြစ်ဖြစ်တိုင်ပင်ဖို့ ငါအမြဲရှိတယ်ဆိုတဲ့လူ..။

တစ်ခါတလေ အပြောဆိုတွေကြမ်းနေပေမယ့်
စိတ်ရင်းမှာတော့ တကယ်ကိုဖြူစင်တဲ့လူတွေ..
အခက်ခဲရှိလာတိုင်း အားကိုးလို့ရတဲ့သူတွေပေါ့။

ကိုယ်အရမ်း ပင်ပန်နေတဲ့အခါ နာကျင်နေတဲ့အခါ
တစ်လောကလုံး မုန်းနေတဲ့အခါမျိုးမှာတောင်
အဆင်ပြေရဲ့လား ဘာမှမပူနဲ့ တစ်ခုခုပြောချင်ရင်
ငါ့ကိုပြော ငါရှိတယ် ဆိုပြီး ဂရုတစိုက်မေးတဲ့လူမျိုး..။

သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူပဲဖြစ်ဖြစ် ဘယ်လိုပတ်သက်မှုမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် ရပ်တည်ပေးမယ့်သူ..။ သူက ဘာကောင်ကြီးမှ မဟုတ်ရင်နေပါစေ...
နှလုံးအိမ်ထဲထိနွေးစေလောက်အောင် လုံခြုံသွားစေတဲ့ အသံမျိုးပေါ့...။

တကယ်ပါ.. ကိုယ် အရမ်းခက်ခဲနေတဲ့အချိန် ဘာမှမကူညီနိုင်ရင်တောင် ရင်ဘတ်နဲ့နားထောင်ပေးမယ့် နားတစ်စုံအဖြစ် ရှိနေပေးရင်ပဲ ကျေနပ်ပါပြီ.. ။

ကိုယ်ခက်ခဲတိုင်း ရှိပေးနေတဲ့သူ... ဘာပဲပြောပြော
မငြီးမငြူ နာထောင်ပေးနိုင်တဲ့သူ အဲ့လိုလူ တစ်ယောက် ကိုယ့်မှာရှိနေခဲ့ရင် တန်ဖိုးထားပါ။

ဘာကြောင့်ဖြစ်ဖြစ် ..လက်လွတ်မခံပါနဲ့။

ကိုယ်ခက်ခဲနေတဲ့ အချိန်တွေကပဲ....
တကယ် တန်ဖိုးထားသင့် ချစ်သင့်တဲ့သူ... ဘာမှမလိုဘူး ရင်ဘတ်ကြီးနဲ့ပေါင်းတာပါ ဆိုတဲ့သူကို ရှာတွေ့စေလိမ့်မယ်။

အမြဲ အဲ့လိုရှိနေပေးတဲ့ သူတွေကိုလည်း ကိုယ့်တစ်ဘဝလုံး အမှတ်ရနေမှာသေချာပါတယ်။
အမှတ်ရတိုင်း သူ့နာမည်လေးကို ရေရွတ်ရင်း
လှိုက်လှိုက်လှဲလှဲနဲ့ကို စိတ်ရင်းနဲ့ကျေးဇူးတင်နေမိမှာ..။

လိုအပ်တဲ့အချိန်တိုင်း အမြဲအဆင်သင့်ရှိနေပေးလို့လည်း ကျေးဇူးပါပဲ...။

.#credit

image