2 yrs - Translate

These makes me happy 🫶✨

image
2 yrs - Translate

These makes me happy 🫶✨

imageimage
+4
2 yrs - Translate

ပါရီရှိနိုထရာဒမ် ဘုရားကျောင်းပြန်ဖွင့်လှစ်ပွဲသို့ထရမ့်ပ်တက်ရောက်

နိုင်ငံသားတစ်ဦးအဖြစ်သာရှိသေးသော်လည်း နိုင်ငံတကာအရေးများကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်ထားပြီဖြစ်သည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် စနေနေ့က ကမ္ဘာ့ခေါင်းဆောင်အချို့ တက်ရောက်မည့် ပါရီမြို့ရှိ နိုထရာဒမ်ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်ပွဲသို့ တက်ရောက်ခြင်းဖြင့် ကမ္ဘာ့စင်မြင့်ထက်သို့ တကျော့ပြန်လာမည်ဖြစ်သည်။

ယင်းခရီးစဉ်သည် ရွေးကောက်ပွဲအနိုင်ရမှု တစ်လကြာခဲ့ပြီးနောက်တွင် ထရမ့်ပ်၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး ပြင်သစ်သမ္မတ အီမန်နျူလ် မက်ခရွန်ကို ဥရောပနှင့် ခန့်မှန်းရခက်သည့် အမေရိကန်နိုင်ငံရေးသမားအကြား ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ရနိုင်သည့် အခွင့်အလမ်းကိုလည်း ပေးသည်။

သူတို့နှစ်ဦးသည် စနေနေ့ခရီးစဉ်၏ ပြင်ပတွေ့ဆုံမှုအဖြစ် တွေ့ဆုံသွားကြရန်ရှိနေသည်။ သူတို့နှစ်ဦး ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍သတင်း ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ရုရှားနှင့် စစ်ပွဲ က အရေးကြီးသော အခိုက်အတန့်ကို ရောက်နေချိန်တွင် ထရမ့်ပ်က ယူကရိန်းအတွက် အမေရိက၏ ကူညီထောက်ပံ့မှုများ ပြန်ရုပ်သွားနိုင်သည့်အ‌ေခြအ‌ေနကို ဥရောပခေါင်းဆောင်များ က စိုးရိမ်နေကြသည်။

မက်ခရွန်သည် နေတိုးမဟာမိတ်နှင့် ယူကရိန်း၏ တိုက်ပွဲကို အခိုင်အမာထောက်ခံသူဖြစ်ပြီး ထရမ့်ပ်က ဥရောပခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ ဘုံကာကွယ်ရေးဆိုင်ရာတွင် ငွေကြေးပိုမိုထည့်ဝင်ရန် လိုအပ်နေကြောင်းနှင့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖြေရှင်းရန်လိုအပ်ကြောင်း ယူဆချက်ရှိသူဖြစ်သည်။

မီးလောင်ပျက်စီးခဲ့ပြီးနောက် ၅ နှစ်ခွဲအကြာတွင် ပြန်လည်ဖွင့်လှစ်မည့် Notre-Dame (our lady) Cathedral ပြန်လည် ဖွင့် လှစ် ပွဲအခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင်များ၊ အခြားဂုဏ်သရေရှိ ဧည့်သည်များနည်းတူ ထရမ့်ပ်လည်း ပါဝင်တက်ရောက်မည်ဖြစ်သည်။

ထရမ့်ပ်အနေဖြင့် မက်ခရွန်အပြင် အခြားခေါင်းဆောင်များနှင့်လည်း တွေ့ရန်ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရဘဲ သူ၏ ခရီးနှင့်ပတ်သက်၍ အသေးစိတ်ပြောပြပေးရန် တောင်းဆိုမှုကို ထရမ့်ပ်အသွင်ကူးပြောင်းရေးအဖွဲ့က တုန့်ပြန်ဖြေကြားခြင်း မပြုခဲ့ပေ။

image
2 yrs - Translate

Love letter မင်းသမီး မီဟို ကို တိုကျိုနေအိမ်၌‌ေ-သဆုံးလျက်တွေ့ရှိ

တိုကျို၊ဒီဇင်ဘာ ၇

Love letter ရုပ်ရှင်မှမင်းသမီး မီဟိုကို ၎င်း၏တိုကျိုရှိနေအိမ်ရေချိုးကန်ထဲ၌ ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ရကြောင်းသိရသည်။

၎င်းသည် လုပ်ငန်းခွင်သို့ အချိန်မီရောက်လာခြင်းမရှိသဖြင့် လုပ်ဖော်ကိုင်ဖက်များက နေအိမ်သို့လိုက်သွားချိန်၌ မင်းသမီးကို ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Love letter ဇာတ်ကားဖြင့် ၎င်းအား မိပိုရင် ဟုပရိသတ်များကလူသိများသည့် မီဟိုသည် ၁၉၉၅ ခုနှစ်ကရိုက်ကူးခဲ့သည့် အဆိုပါဇာတ်ကား၌ ၎င်း၏သရုပ်ဆောင်ကောင်းမှုများကြောင့် နာမည်ကြီးခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုများစွာကိုရရှိခဲ့သည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။

၎င်းသည်အလှဆုံးအမျိုးသမီးအဖြစ်နာမည်ကြီးခဲ့သကဲ့သို့ ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများတွင်လည်းပါဝင်သရုပ်ဆောင်ခဲ့ပြီး J Pop အဆိုတော်တစ်ဦးလည်းဖြစ်သည်။

မီဟိုသည် ကွယ်လွန်ချိန်၌ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်ကာ ၎င်း၏‌ေ-သဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

image
2 yrs - Translate

COACH TALK 🗣️

" ဒါက ခရီးရှည်ကြီးတစ်ခုပါ"

" ငါတို့ အချို့ အပိုင်းတွေမှာ တိုးတက်မှုတွေ ရှိနေပါသေးတယ် ။ ဒါပေမဲ့ အသင်းတိုးတက်ဖို့ဆို နိုင်ပွဲ တွေ လည်း လိုအပ်ပါတယ်။"

အာမိုရင်

image
2 yrs - Translate

မိုက်

image

ခရမ်းချဥ်သီး ပန်ထွေဖျော်
ခရမ်းချဥ်သီး 🍅
ငရုတ်သီးစိမ်းအညှာခြွေ
ကြက်သွန်ဖြူ တို့ကို
ရေဆေးပြီး မီးကင်
ငပိအနည်းငယ် မီးကင်
အားလုံး မီးကင်ပြီးရင် ခရမ်းချဥ်သီး ကို အခွံနွှာ
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကို
ကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်

(ကြိတ်စက်မရှိလဲ ခရမ်းချည်သီးလေတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်လည်းရတယ်
​ငရုတ်သီး၊ကြက်သွန်ဖြူလေးတွေကို ငရုပ်ဆုံလေးနဲ့ထောင်းပြီးမှဖျော်ထားတဲ့ခရမ်းချည်သီးထဲကိုထည့်ပီးမွှေ )

နံနံပင် ပါးပါးလှီးပြီး ကိုယ်ကြိုက်တဲ့
အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီရှင်။

#ခရမ်းချဉ်သီးပန်ထွေဖျော်??

image
2 yrs - Translate

MFF ၏ ၂၀၂၅ လျာထားဘတ်ဂျက်အတွင်း ဒေါ်လာ နှစ်သန်းကျော် အကုန် အကျခံ တည်ဆောက်မည့် High Performance Centre ပါဝင် ဟုဆို

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၅ လျာထားဘတ်ဂျက်အတွင်း ဒေါ်လာ (၂,၃၀၀,၀၀၀) အကုန်အကျခံ တည်ဆောက်မည့် High Performance Centre တစ်ခု ပါဝင်ကြောင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ က MFF Congress အတွင်းအတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ High Performance Centre သည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MFF အနေဖြင့် မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံး အကယ်ဒမီကျောင်းကို အမေရိကန်ဒေါ်လာ ၁.၈ သန်းကျော် အကုန်အကျခံ၍ မန္တလေးမြို့၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ဘောလုံးလောက ဖွံ့ဖြို့တိုးတက်ရေးအတွက် ယူ-၁၂ လူငယ်ကစားသမားများအပါအဝင် ယူ-၂၀ ကစားသမားများအထိ သက်တမ်းအလိုက်ရွေးချယ်ခေါ်ယူ မွေးထုတ်ပေးလျှက်ရှိသည်။

image
2 yrs - Translate

မင်းဘယ်လောက်နုညံ့လဲ
ငါ -

image
2 yrs - Translate

မင်းဘယ်လောက်နုညံ့လဲ
ငါ -

image