1 နှစ် - ဘာသာပြန်ပါ။

Purple tulips are the prettiest just like you.🫶

image
1 နှစ် - ဘာသာပြန်ပါ။

Purple tulips are the prettiest just like you.🫶

image
1 နှစ် - ဘာသာပြန်ပါ။

Purple tulips are the prettiest just like you.🫶

image
1 နှစ် - ဘာသာပြန်ပါ။

Purple tulips are the prettiest just like you.🫶

imageimage
+6
1 နှစ် - ဘာသာပြန်ပါ။

ဘွဲ့ကြိုတန်းနှင့်ဘွဲ့လွန်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင်စတင်ဖွင့်လှစ်မည်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့်ဘွဲ့လွန်တန်းများကို လာမည့် နိုဝင် ဘာ ၂၁ ရက်မှစတင်ကာဖွင့်လှစ်သွားမည်ဟု ဦးစီးဌာနက အသိပေးခဲ့သည်။

အဆိုပါ ဘွဲ့ကြိုတန်းများနှင့်ဘွဲ့လွန်တန်းများ၏ ကျောင်းအပ်လက်ခံခြင်းကို လာမည့် နိုဝင်ဘာ ၁၄ ရက်မှစတင်၍ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိလက်ခံပေးသွားမည်ဟုလည်း အသိပေးခဲ့သည်။

image

နိုဝင်ဘာ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

နိုင်ငံတကာသို့ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ရန် နစက ဒု-ဥက္ကဋ္ဌမှာကြား

နိုင်ငံတကာသို့ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ရန် နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယမန်နေ့ နိုဝင်ဘာ ၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပသည့် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံ၏ ရှေးဘိုးဘွားစဉ်ဆက် နှစ်ပေါင်းများစွာကရှိခဲ့သော ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။

မြန်မာတိုင်းရင်းဆေးသမားတော်ကြီးများအနေဖြင့် မြန်မာတိုင်းရင်းဆေးများအတွက် နိုင်ငံတ ကာပူးပေါင်ဆောင်ရွက်မှုအဖြစ် ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်တိုင်းရင်းဆေးပညာကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်နေ၍ မြန်မာ့တိုင်းရင်းဆေးပညာနှင့်ဆေးဝါးများ အရည်အသွေးပြည့်ဝစွာဖွံ့ဖြိုးတိုးတက်လာမည်ဟု ပြောသည်။

မြန်မာ့တိုင်းရင်းဆေးကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာကြီးမားသော ဆေးကျမ်းများနှင့် အာနိသင်ထက်မြက်သည့် ဆေးဝါးများ၊ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၏ အနှစ်သာရ အဆီအနှစ်များကိုစုစည်း၍ အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် အခြားနိုင်ငံများ၏ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို မြန် မာနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသကဲ့သို့ ယခုညီလာခံနှင့် နှီးနှောဖ လှယ်ပွဲသို့လည်း အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများမှ ဘာသာရပ်ဆိုင်ရာပညာရှင်များကိုဖိတ်ကြား၍ ပါဝင်ဆွေးနွေးစေလိုသည်ဟု မှာကြားခဲ့သည်။

ထို့အတူ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲဆောင်ရွက်ချက်မှတ်တမ်းများကို စနစ်တကျပြုစု၍ မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းအသုံးပြုနိုင်ရန် မှတ်တမ်းတင်ထိန်းသိမ်းရာ၌ မူရင်းစာတမ်းမှ အချက်အလက်များကိုစုစည်း၍ Data Base တည်ဆောက်ကာ ဝန်ကြီးဌာန၏ Website များ၊ Sever များတွင် ထိန်းသိမ်းရန်လိုအပ်သည်ဟု မှာကြားခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

နိုဝင်ဘာ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

ကိုယ့်ကြောင့် ပြောင်းလဲသွားတာမျိုးဆို
သဘောကျတယ်.....
ဥပမာ - active now ကနေ
1 minute ago ဖြစ်သွားဝာာမျိုး။

image
1 နှစ် - ဘာသာပြန်ပါ။

ကြက်သွန်၊ ပဲမျိုးစုံနှင့် သစ်သီးမျိုးစုံ ပို့ကုန်ရငွေကို ဗဟိုဘဏ်နှုန်းထားဖြင့်လဲရမည်

နိုဝင်ဘာ ၅၊ ရန်ကုန်။

ယခင်က ဆန်၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ရော်ဘာနှင့် ရေထွက်ကုန် စသည့် ပို့ကုန် ၈ မျိုး ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်း ကို ဗဟိုဘဏ်နှုန်းထားဖြင့် လဲလှယ်ကြရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင် ကြက်သွန်၊ ပဲမျိုးစုံနှင့် သစ်သီးမျိုးစုံ၏ ပို့ကုန်ရငွေကိုလည်း လဲလှယ်ကြရမည်ဟု သတ်မှတ်ခဲ့သည်။

နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲမျိုးစုံနှင့် သီးနှံ၊ သစ်သီးမျိုးစုံကို နယ်စပ်ကုန်သွယ် ရေးမှဖြစ်စေ၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှဖြစ်စေ တင်ပို့ပါက ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် နှုန်းထားဖြင့် လဲလှယ်ကြရမည်ဖြစ်ပြီး ကျန်ရှိသည့် ၇၅ ရာခိုင်နှုန်းကို ပြင်ပဈေးနှုန်းဖြင့် လဲလှယ်ရမည် ဖြစ်သည်။

ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်းရှိ ကြက်သွန်နီသည် ဈေးကွက်ကျနိုင်ပြီး ဝယ်ယူမှုသည်လည်း နည်းပါးသွားနိုင်သည်ဟု မြင်းခြံကြက်သွန်ကုန်သည် ကိုတင်ဟိန်းက ပြောသည်။

၎င်းက “အခွန်များသွားတော့ ဈေးကွက် အေးနိုင်တာပေါ့ဗျာ။ ကျနိုင်တယ်လို့ ပြောတာဗျ။ Export အများကြီး ဝယ်မယ့် နေရာကို အများကြီး မဝယ်နိုင်တော့ဘူး။ နည်းနည်းပဲ ဝယ်နိုင်တော့တာပေါ့နော်။ အဲဒါကိုလည်း ဝယ်လက်ကြီးတွေက စောင့်ကြည့်နေတဲ့သဘောပေါ့”ဟု ပြောသည်။

ထို့ပြင် ကြက်သွန်ဈေးကွက်နှင့် ပတ်သက်၍ လက်ကျန် ကြက်သွန် ပမာဏပေါ်မူတည်၍ သက်ရောက်မှု အနည်း အများ ရှိနိုင်ကြောင်း၊ လက်ရှိတွင် ကြက်သွန်နီ ဈေးနှုန်းသည် အတက်အကျ မရှိဘဲ တန့်နေသည်ဟု ကြက်သွန် ကုန်သည် ဦးမိုးကျော်က ပြောသည်။

၎င်းက “သက်ရောက်ခြင်း ရှိခြင်းမရှိခြင်း ဆိုတာကတော့ ထင်တာပြောရရင် ကုန်လက်ကျန် အင်အားနဲ့ နောက် ထပ် ထွက်မယ့်ဟာကလည်း ၁ လခွဲလောက် လိုသေးတာပေါ့နော်။ အနည်းနဲ့အများတော့ ဂယက် ရိုက်လာမှာပေါ့ နော်။ အဲဒါကြောင့် တန့်သွားသလားပေါ့နော်။ အရင် တစ်ပိဿာကို ၁ ထောင်လောက် တက်သွားပြီးတော့ အဲဒီ သတင်းထွက်တဲ့ ရက်ကနေစပြီးတော့ တန့်သွားတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည့် သစ်သီးများအနေဖြင့် ယခုကဲ့သို့ ပို့ကုန်ရငွေ ပြောင်းလဲလိုက်သည့်အပေါ် တွင် သစ်သီးကုန်သည်များအတွက် သက်ရောက်မှု နည်းကြောင်း ဖရဲ၊ သခွားကုန်သည် ကိုသစ္စာက ပြောသည်။

၎င်းက “မြန်မာနိုင်ငံဘက်ခြမ်းကနေ ကြည့်လိုက်ရင် border trade ပေါ့နော်။ တရုတ်ပြည်ဘက်ကျတော့ normal ပေါ့နော်။ အခု border trade နဲ့ သွားနေတဲ့ ရာခိုင်နှုန်း တော်တော်များများသည် ကြားထဲမှာ လုပ်ပေးတဲ့ ဂျူတီနဲ့ ပတ်သက်တဲ့ လုပ်ပေးတဲ့ ကုမ္ပဏီတွေ ရှိတယ်။ အဲဒီ ကုမ္ပဏီတွေရဲ့ နာမည်နဲ့ပဲ ပေါက်တယ်။ ကုန်သည်တွေရဲ့ နာမည်တွေ မပေါက်ဘူး။ ကုန်သည် ၁၀ ဦးမှာ ၉ ဦးလောက်က အဲဒီလို မပေါက်ဘူး။ အဲဒီကျတော့ ဒီအကျိုး သက်ရောက်မှုက အဲဒီကုမ္ပဏီတွေမှာတော့ အရင်ကလည်း သူတို့က ဒီဟာတွေက လုပ်ရိုးလုပ်စဉ်တွေမှာ ရှိပြီး သားလေ။ လုပ်ရိုးလုပ်စဉ်တွေမှာ ရှိပြီးသားဖြစ်တဲ့အတွက် အောက်ခြေမှာရှိတဲ့ ကုန်သည်တွေအပေါ်မှာ သက်ရောက်ဖို့ကတော့ နည်းတယ်” ဟု ပြောသည်။

ပို့ကုန်ရငွေနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှ စတင်၍ ရော်ဘာ၊ ပြောင်း၊ ပဲမျိုးစုံ (ဆီထွက်သီးနှံ)၊ ရေထွက်ကုန်၊ တိရစ္ဆာန်နှင့် တိရစ္ဆာထွက်ပစ္စည်း၊ ဆန်နှင့် ဆန်ကွဲ၊ ကြံ စသည့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်နှုန်းထားဖြင့် လဲလှယ်ရန် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

လက်ရှိတွင် ဝါဂွမ်း၊ ကြိမ်၊ ဝါး၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် သီးနှံမျိုးစုံ၊ သတ္တုနှင့် သတ္တုရိုင်း၊ အခြား တွင်းထွက်ပစ္စည်းများကိုပါ ဗဟိုဘဏ်နှုန်းထားဖြင့် ၂၅ ရာခိုင်နှုန်း လဲလှယ်ရန် သတ်မှတ်ခဲ့သည်။


ပုံ - ကြက်သွန်နီ၊ ပဲမျိုးစုံနဲ့ ဖရဲသီးကိုတွေ့ရစဉ်

#centralnewsnaypyitaw

image