တရုတ်ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်လုပ်ငန်းရှင်များ တွေ့ဆုံ

နိုဝင်ဘာ ၅၊ ရန်ကုန်။

တရုတ်နိုင်ငံသို့ စီးပွားရေးဆိုင်ရာ အစည်းအဝေးများ တက်ရောက်ရန် ရောက်ရှိနေသော နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကြသည်။

နစကဥက္ကဌသည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် နှင့်အကြံပေး ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးတချို့၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့်အတူတူ ထွက်ခွာခဲ့သည်။

ထို့နောက် ကူမင်းမြို့မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အကြောင်းကို ဆွေးနွေးကြသည်ဟု သိရသည်။

အလားတူ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပမည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

ထို့နောက် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၌ မြန်မာ့တပ် မတော်နှင့် KIA-MNDAA-TNLA-PDF များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ထားရပြီး ကုန်သွယ်ရေးများ ရပ်တန့်နေသည်။

ပုံ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် တရုတ်လုပ်ငန်းရှင်များနှင့် နစကဥက္ကဌ တွေ့ဆုံနေစဥ်

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

imageimage
+8
1 y - Translate

ဘုရားနားကပ်ချွဲနေတာမဟုတ်ဖူး မင်းနဲ့ ထူးစာကပ်မလွဲအောင် အဆောင်တောင်းနေတာ 🙊

image
1 y - Translate

အညာသားတွေကညာတယ်လို့နင်တို့ကိုဘယ်သူပြောလိုက်တာလည်း

image
1 y - Translate

အလုပ် အင်တာဗြူးတွင် ”tell me about yourself”ဟုမေးလာ ေ သာအခါ 🥹

image
1 y - Translate

အလှူတွေခံနေကြတယ် ပြန်ထွက်မှ

image

image

ကချင်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မနက်ဖြန် မိုးကြီးနိုင်၊ တချို့ဒေသတွေမှာ ရေကြီး၊ မြေပြိုနိုင်တယ်လို့ မိုးဇလသတိပေး

နိုဝင်ဘာ ၅၊ ရန်ကုန်။

နိုဝင်ဘာ ၆ ရက်၊ မနက်ဖြန်ကစပြီး ကချင်ပြည်နယ်တစ်ခုကလွဲရင် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၄ ရက်မှာ အထူးမိုးလေဝသ သတိပေးချက်ထုတ်ပြန်ပါတယ်။

မနက်ဖြန်ကစပြီး ၃ ရက်ကြာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်လာတာဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်က ရွေ့လာတဲ့ လေပွေလှိုင်းတွေ၊ နောက် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီးရပ်ဝန်းကနေ ရွေ့လာတဲ့ရေအေးတွေ တွေ့ဆုံပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် ရှေ့တောင်ပိုင်းတို့မှာ လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့်လို့ဆိုပါတယ်။

မိုးကြောင့် ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းနားနေထိုင်သူတွေကို ကြိုတင်ရှောင်ရှားဖို့ကိုလည်း မိုဇလက သတိပေး ထုတ်ပြန်ပါတယ်။

“ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးအနောက်ခြမ်း၊ ကယား၊ မကွေးတိုင်းတောင်ပိုင်းနဲ့ ရှမ်းတောင်တို့မှာ မိုးများနိုင်တယ်။ ‌ရေကြီးထားတဲ့နေရာတွေ သတိထားဖို့လိုပါတယ်” လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပါတယ်။

မိုးရွာရန် ခန့်မှန်းချက်ကတော့ ချင်း၊ စစ်ကိုင်း၊ မန္တလေး နဲ့ တနင်္သာရီမှာ နေရာကျဲကျဲ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင် နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ပုံစာ,ထူးခြားရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ရေကြီးခဲ့တဲ့ ရန်ကုန်မြို့

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image

တရုတ်နိုင်ငံသို့ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရောက်ရောက်ချင်းမှာပဲ ကူမင်းမြို့မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage
+8
1 y - Translate

အဖိုးဆေးရုံတက်နေရ‌တော့လိုက်သွားချင်လို့ စာလုံးပေါင်းသင်နေတာတဲ့ ဆရာတပည့်နှစ်ယောက်ကချစ်စရာကြီး🤣💗
#dogknowseverything

image
1 y - Translate

အောင်မြင်တဲ့ အစီအစဉ်တခုရဲ့နောက်မှာ
လူမသိသူမသိ ပံံံ့ပိုးပေးနေကြတဲ့ လူတွေရှိကြစမြဲ။
Photo: ARROW - Creation

image