သူငယ်ချင်းမောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
(၂)
အဲ့ဒီကြေညာချက်မှာပါတဲ့ “ဗမာစာအရေးအသားစာတမ်းဆိုတာ မန္တလေးမြို့အနောက်ကျုံးလမ်း၊ ဓမ္မဗိမာန်မှာ ကျင်းပတဲ့ စာဆိုတော်နေ့ အခမ်းအနားမှာ တင်ခဲ့တဲ့ ဗမာစာအရေးအသားသစ်” စာတမ်းပါ။ အဲ့ဒီစာတမ်းကြောင့် တစ်နိုင်ငံလုံးရဲ့ စာပေလောကကြီးတစ်ခုလုံးမှာ အလွန်ကြီးမားတဲ့ ဂယက်ထခဲ့ပါတယ်။ အဲ့ဒီစာတမ်း ကော်မတီမှာတင်ဖို့ တင်မိုးတို့၊ မောင်စွမ်းရည်တို့လည်း ကော်မတီဝင်များအဖြစ် ပါဝင်ပါတယ်။ မြန်မာမှာ အရေးနဲ့အပြော စကားပြေက နှစ်မျိုးဖြစ်ရပါမယ်။ စာသံပေသံနဲ့ ရေးနေကြတဲ့ အစဉ်အလာ စကားပြေထက် “အပြောစကားပြေက ဖတ်သူနားလည်ဖို့ ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ အဲ့ဒီစာတမ်းကြောင့် စာရေးချင်တဲ့ သူတွေမှာ ပိုပြီးတော့ လွယ်ကုသွားပါလိမ့်မယ်။
အဲ့ဒီလိုကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်ကြားတင်သွင်းခဲ့တာပါ။
အဲ့ဒီစာတမ်းကို ဖတ်လည်း မဖတ်ဘူးကြ၊ ရေရေလည်လည်လည်း မသိဘဲနဲ့ အမနာပ ပြောသူတွေကလည်း ပြောကြ၊ ရေးသူတွေကလည်း ရေးကြနဲ့ ဂယက်လှိုင်းက အလွန်ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီစာတမ်းကို ကော်မတီရဲ့ ကိုယ်စား ကိုသာနိုးက ဖတ်ကြားတ်သွင်းခဲ့တာပါ။ အပြစ်တင်ကြတဲ့သူတွေက မောင်သာနိုးကိုပဲ ပစ်မှတ်အဖြစ်ထားပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကဲ့ရဲ့ကြတာပါ။ အခုတော့ ဝတ္ထုတွေမှာ၊ ဆောင်းပါးတွေမှာ အများက လက်ခံသွားကြပြီဆိုတာ အလွန်ရှင်းပါတယ်။ အဲ့ဒီစာတမ်းကို အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းကြီးက တာဝန်ယူတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့၊ တင်မိုးတို့၊ မောင်စွမ်းရည်တို့၊ ကြည်အောင်တို့က အဲ့ဒီအထက်မြန်မာနိုင်ငံရဲ့ အမှုဆောင်တွေပါ။ အဲ့ဒီစာတမ်းဟာလည်း မြန်မာနိုင်ငံစာပေသမိုင်းမှာ မြင့်မားလှတဲ့ မှတ်တိုင်ကြီးတစ်တိုင် ဖြစ်နေပါပြီ။

#ဆက်ရန်ရှိ

1 y - Translate

🤭🫰

image

ထိုင်းလေကြောင်းလိုင်းများက နှစ်သစ်ကူးလက်မှတ်ခ ၃၀ ရာခိုင်နှုန်းလျှော့ချ

နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံ၏ လေကြောင်းလိုင်း ၆ လိုင်းက နှစ်သစ်ကူး လျှော့စျေးအဖြစ် ပြည်တွင်း လေကြောင်းခရီးစဉ်များ အတွက် လေယာဉ်လက်မှတ်ခများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ လျှော့စျေးပေးမည့် ခရီးစဉ်များသည် ဘန်ကောက်မှ ချင်းမိုင်(Chiang Mai) ၊ ချင်းရိုင် (Chiang Rai)၊ ဟတ်ယိုင် (Hat Yai)၊ ခွန်ခန် (Khon Kaen)၊ ခရာဘီ (Krabi)၊ ဖူးခက် (Phuket)၊ ဆမူအီ (Samui)၊ အူဘွန် ရတ်ချာသာနီ (Ubon Ratchathani) နှင့် အူဒွန်သာနီ (Udon Thani) ခရီးစဉ်များ ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယ ဂျန်ရန်ရီယန်ကစ် (Suriya Jungrungreangkit) က ပြောကြား ခဲ့သည်။

လျှော့စျေးပေးမည့် လေကြောင်းလိုင်းများမှာ Bangkok Airways၊ Nok Air၊ Thai AirAsia၊ Thai Airways International၊ Thai Lion Air နှင့် Thai Vietjet Air လေကြောင်းလိုင်းများဖြစ်သည်။

၃၀ ရာခိုင်နှုန်း လျှော့စျေးပေးမှုသည် နှစ်သစ်ကူး ခရီးသွားကာလ အတွင်းဖြစ်ပြီး ခရီးသွားများအနေဖြင့် လက်မှတ် များကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အတွင်း ကြိုတင် ဘိုကင်တင်၍ ဝယ်ယူရမည်ဟု မစ္စတာ သူရိယက ပြောကြားခဲ့ သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ထိုင်းလေဆိပ်ကိုတွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

နိုင်ငံတကာရာဇဝတ်တရားရုံး ICC က မြန်မာနိုင်ငံကို စီရင်ပိုင်ခွင့်မရှိကြောင်းတရုတ်ပြော

နိုဝင်ဘာ ၂၉

နိုင်ငံတကာရာဇဝတ်တရားရုံးအနေနဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့်မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၈ ရက်နေ့ ပုံမှန်သ တင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ဥပဒေအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ညွှန်ကြားပြီး လွှဲပြောင်းပေးတာမရှိရင် ICC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ မဟုတ်တဲ့ နယ်မြေအတွင်းမှာ အဲဒီနိုင်ငံသားတွေကျူးလွန်တဲ့ ဆောင်ရွက်မှုတွေအတွက် ICC တရားရုံးက တရားစီရင်ပိုင်ခွင့်မရှိပါဘူး။” လို့ မော်နင်းက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းထောက်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရခိုင်အရေးဟာ အထူးသတိကြီးစွာ ကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ ဘာ သာရေးနောက်ခံအကြောင်းတွေရှိနေပါတယ်။ ရခိုင်အရေးဟာ မတူကွဲပြားတဲ့ အမြင်တွေ၊ နည်းလမ်း ပေါင်းစုံ တွေနဲ့ ချဉ်းကပ်ဖြေရှင်းရမယ့် အရေးဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်က ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ၎င်းက ပြောပါတယ်။

“အခြေအနေတွေ တည်ငြိမ်လာအောင် ထိန်းကျောင်းပြီး တင်းမာမှုတွေ လျော့ကျသွားအောင်ဆောင်ရွက်တဲ့ နေရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။” လို့ မော်နင်းက ပြောပါတယ်။

ဘင်္ဂလီမူဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ နစက ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က နိုဝင်ဘာ ၂၇ ရက်နေ့က တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံရဲ့သဘောထားအမြင်ကို AFP သတင်းထောက်က မေးမြန်းရာမှာ မော်နင်းက အခုလိုပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

Ref: Foreign Ministry Spokesperson Mao Ning’s Regular Press Conference on November 28, 2024

#centralnewsnaypyitaw

image
1 y - Translate

ဒီနေ့မနက် ဘဲဥဟင်း
ကျိုက္ခမီကျောက်ပွင့်သုပ်
ဘူးသီးဟင်းခါးပါ
ဘဲဥ ၇ လုံးကိုရေမြုပ်အောင်ထည့်ပြီးဆားဟင်းခတ်ဇွန်း တဇွန်းထည့်ကာကျက်အောင်ပြုတ်ပြီးရေအေးစိမ်ပါ
အခွံခွာပြီးအပ်ချည်ကြိုးနှင့်
ထက်ခြမ်းဖြတ်ထားပါ
ကြက်သွန်နီဥ ၇ လုံးကိုအခွံသင်ရေဆေးပြီးစင်းလှီးထားပါ မန်ကျည်းမည့်ရေဖျော်ထားပါ
အိုးတလုံးမှာဆီတဆယ်ကျပ်သားထည့်ပြီးကြက်သွန်နီကို
ဆီသပ်ပါ နွမ်းလာရင်နနွင်းမှုန့်နဲနဲနှင့်ငရုတ်သီးအစိမ်းမှုန့်ဟင်းခတ်ဇွန်းတဇွန်းထည့်ပါ
အနံ့မွှေးလာအောင်အနှစ်ကျအောင်ရေနဲနဲချင်းထည်ပြီး
ကြာကြာလေးဆီသပ်ပါ
အနှစ်ကျရင်မန်ကျည်းရည်ဖျော်ထားတာထည့်ပါ
ရွှေလှေငံပြာရည်ဟင်းခတ်ဇွန်း
၄ ဇွန်းထည့်ပါ အချိုမှုန့်လက်ဘက်ရည်ဇွန်းတဝက်ထည့်ပါ
မွှေပေးပါ ဘဲဥခြမ်းထားတာထည့်ပါ မီးလျော့ပြီးခဏတည်ထားပါ အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ကုလာလေးမဆလာမွှေးအုပ်ပြီးချပါ ဘဲဥဟင်းရပါပြီ
ကျိုက္ခမီကျောက်ပွင့်
လက်တဆုပ်ကိုရေဆေးသန့်စင်ပြီးရေညှစ်ကာဇလုံတခုမှာ
ထည့်ပါ ဂေါ်ဖီထုပ်လက်နှစ်လုံး ကြက်သွန်နီတဥ ငရုတ်သီးမိုးမျှော်သီး ၆
တောင့်ကိုရေဆေးပြီးပါးပါးလှီးထည့်ပါ မရမ်းပြား ၄ ပြား ညှပ်ထည့်ပါ ဟင်းခတ်ဇွန်းနှင့်
ရွှေလှေငံပြာရည် ဇွန်းတဝက်
ထည့်ပါ ပုဇွန်ခြောက်မှုန့် တဇွန်း မွှေးပဲအကျက်မှုန့်တဇွန်း
ကြက်သွန်ဖြူဆီချက် ၄ ဇွန်းထည့်ပါ အချိုမှုန့် လက်ဘက်ရည်ဇွန်း တဝက်ထည့်ပါ
အားလုံးကိုသမအောင်ဖွဖွ
လေးနယ်ပါ အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ပန်းကန်ပြားတခုမှာထည့်ပြီး
အပေါ်မှာကြက်သွန်နီဆီချက်
အဖတ်ဖြူးပေးပါ
ကျောက်ပွင့်သုပ်ရပါပြီ
အိုးတလုံးမှာရေသင့်ရုံ
ထည့်ပြီးဆူအောင်တည်ပါ
စိမ်းစားငပိ ပုဇွန်ခြောက်မှုန့်
ထည့်ပါ ဆူလာရင်အပေါ်တက်
လာသည့်အမြုပ်တွေကိုခပ်ပြစ်ပါ ဘူးသီးအချောင်းလေးတွေလှီးထားတာထည့်ပါ
ရွှေလှေငံပြာရည်နှင့်အချိုမှုန့်
နဲနဲထည့်ပါ အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ကြက်သွန်ဖြူညက်ညက်
ထောင်းထားတာထည့်ပါ
ငရုတ်ကောင်းမှုန့်ဖြူးထည့်ပါ
ဘူးသီးဟင်းခါးရပါပြီ
စားကောင်းကြပါစေ

image

၂၉.၁၁.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၂၉.၁၁.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၂၉.၁၁.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၂၉.၁၁.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၂၉.၁၁.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image