1 y - Translate

တပ်ကုန်းမှာ ရေဘေးသင့်သူတွေနဲ့ ကယ်ဆယ်ရေးသမား ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

နေပြည်တော်၊ တပ်ကုန်းမြို့ ချောင်းခြားရွာမှာ မနေ့ စက်တင်ဘာ ၁၇ ရက်တုန်းက ရေဘေးသင့်သူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ စုစုပေါင်း လူ ၁၀၀ ‌‌ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ ‌ဒေသခံ အများစုကတော့ ကယ်ဆယ်ရေးအတွက် လှူဒါန်းတဲ့ ဒံပေါက်ကိုစားမိရာကဖြစ်တယ်လို့ ‌ပြောပါတယ်။

“ဒံပေါက်စားမိတဲ့သူတိုင်း အန်တယ်၊ ဝမ်းသွားပြီး ခေါင်းတွေမူးတယ်” လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

ရေမကြီးခင်နဲ့ ‌ရေကျချိန်လုပ်ရမယ့်အချက်တွေ

ရေဘေး - ရေကြီးမှု ဘာကြောင့်ဖြစ်တာလဲ၊ ရေကြီးလာရင် ဘာတွေလုပ်ရမလဲ

နောက်ထပ် သက်ကြီးပိုင်းဒေသခံတစ်ဦးကတော့ “မနေ့က အလှူရှင်တွေလည်း စုံတယ်။ လှူကြတဲ့ နေ့လယ်စာတွေထဲ ဒံပေါက်အပြင် ထမင်းနဲ့အသားဟင်း၊ အသုပ်တွေလည်း ပါသေးတယ်၊ လူတွေကလည်း တနေကုန် ကယ်ဆယ်ရေးတွေနဲ့ ပင်ပန်းထားတာဆိုတော့ အခန့်မသင့်တာ ဖြစ်နိုင်တယ်” လို့ ထပ်ရှင်းပြပါတယ်။

အစာအဆိပ်သင့်တဲ့သူတွေကို တပ်ကုန်းမြို့ ခုတင် ၁၀၀ နဲ့ ခုတင် ၅၀၀ ဆေးရုံအပါအဝင် ရွာထိပ်ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ ဆေးပေးခန်းတွေကို ပို့ဆောင်ထားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုန်းကြီးကျောင်း ဆေးပေးခန်းမှာထိုင်တဲ့ ဆေးမှူးကတော့ အစာအဆိပ်သင့်တဲ့ဖြစ်စဉ်ဟုတ် မဟုတ် စစ်ဆေးနေဆဲဖြစ်ပြီး မနေ့က လာရောက်လှူဒါန်းခဲ့တဲ့ ဒံပေါက်ကိုလည်း စစ်ဆေးဖို့အတွက် ဓာတ်ခွဲခန်းကို ပို့ဆောင်ထားတယ်လို့ ချင်းခြောင်းရွာရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လူ ၁၀၀ ကျော် အစာအဆိပ်သင့်ပေမယ့် အသက်အန္တရာယ်တော့မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
BBC

imageimage
1 y - Youtube

1 y - Youtube

သေတော့မလို့ သီသီလေးလိုတယ်

အဘွားကို စ နေတာ ချစ်စရာလေး

Imagine spraying with this

1 y - Youtube

1 y - Translate

နာမည်ကတော့ ညိုမြပါ ရှင့် (ဘာလို့ဆို)
ညဘက် ထထ မြိုလို့ပါ 🥴
(ညမြို=ညိုမြ)

#crd

image
1 y - Translate

#ဒေါသ မထိန်းနိုင်ရင်
တန်ဖိုးရှိဆုံး အရာတွေ ဆုံးရှုံးရတတ်တယ်

ပွင့်လင်းမှု မရှိပြန်ရင်
နားလည်မှုတွေ လွဲတတ်တယ်

ဆုံးဖြတ်ချက် မပြတ်သားရင်
အခွင့်အရေးတွေ လက်လွှတ် ဆုံးရှုံးရတတ်တယ်

မာနချင်း ပြိုင်မိရင်တော့
ကိုယ့်အပေါ် အကောင်းဆုံးသူတွေကို ဆုံးရှုံးရတတ်တယ်

ဘယ်သူမဆို သည်းမခံ နိုင်တော့တဲ့
တစ်နေ့တော့ လွှတ်ချတတ်ကြတာပါပဲ...💛💜

“မလုံလောက်တဲ့ လောကလူသား"
crd# to original writter
follow me

image
1 y - Translate

:3

image