Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖားကန့်တွင် MPT နှင့် Telenor ဖုန်းလိုင်းများ ပြန်လည်ရရှိပြီဖြစ်သော်လည်း ခေါ်ဆိုမှုများ အခက်အခဲဖြစ်နေဆဲဟု ဆို
ကချင်ပြည်နယ်၊ ဖားကန့်တွင် MPT နှင့် Telenor ဖုန်းလိုင်းများ ပြန်လည်ရရှိပြီဖြစ်သော်လည်း ခေါ်ဆိုမှုများ အခက်အခဲဖြစ်နေဆဲဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ဒေသတွင်း တိုက်ပွဲများကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ (၄) လကျော်ကြာ ပြတ်တောက်နေခဲ့ရာမှ ယခု နိုဝင်ဘာ (၁၄) ရက်မှ ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဖုန်းလိုင်းတွေက ပြောလို့ရတယ်ဆိုပေမယ့် နေရာတိုင်းတော့မဟုတ်သေးဘူး၊ကွက်ကျားကွက်ကျားပေါ့။ တခါတလေ ခေါ်နေရင်း ပြု-တ်သွားလိုက် စကားပြောနေရင်း ပြု-တ်သွားလိုက်ပေါ့။ ပြောလို့ရတဲ့ အခါရတယ်၊ မရတဲ့အခါမရဘူးဖြစ်နေတာပေါ့"ဟု ၎င်းက ရှင်းပြသည်။
အလားတူ အင်တာနက်များအနေဖြင့် Star Link ဝိုင်ဖိုင်စက်များဖြင့် တစ်နာရီလျှင် ကျပ် (၃၀၀၀)နှုန်း၊ နှစ်နာရီအသုံးပြုလျှင် ကျပ် (၅၀၀၀) ပေးဆောင်၍ အသုံးပြုနေကြရကြောင်း ဆိုသည်။
ဖားကန့်ဒေသအတွင်း လက်ရှိတွင် တိုက်ပွဲများပြန်လည်ငြိမ်သက်နေပြီဖြစ်သည့်အတွက် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်များ ပြန်လည်စတင်နေပြီဖြစ်သော်လည်း စက်သုံးဆီပြန်တောက်မှုများကြောင့် လုပ်ငန်းခွင်များတွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဆောက်လုပ်ဆဲ မိုးပျံအဝေးပြေးလမ်းမပေါ်ရှိ တံတားတစ်စင်းပြိုကျမှု မြန်မာလုပ်သား (၄) ဦး အသက်ဆုံးရှုံး
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်၊ Muang Mai စျေးအနီး၌ ဆောက်လုပ်ဆဲ မိုးပျံအဝေးပြေးလမ်းပေါ်ရှိ ဖလန်ဆောင်တံတားမှာ ယနေ့ နိုဝင်ဘာ (၂၉) ရက် နံနက် အစောပိုင်း ထိုင်းစံတော်ချိန် (၄) နာရီအချိန်တွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ထိုင်းအခြေစိုက်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ တံတားပြိုကျမှုကြောင့် မြန်မာနိုင်ငံသားလုပ်သား (၄)ဦးနှင့် အခြားနိုင်ငံသား လုပ်သားတစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် (၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ကနဦး သိရသည်။
တံတားပြိုကျမှုဖြစ်စဉ်ကြောင့် ရာမ (၂)လမ်း နှစ်ဖက်စလုံးရှိ ယာဉ်ကြောများကို သက်ဆိုင်ရာ အာဏာပိုင်များက ယာယီ ဖြတ်သန်းခွင့် ပိတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖီဖာအသိမှတ်ပြု ခြေစမ်းပွဲများ ရှုံးပြီးနောက် မြန်မာအသင်း ကမ္ဘာ့အဆင့် နှစ်ဆင့် ထပ်ကျ
ယခု နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင် သတ်မှတ်ချက်၌ မြန်မာ့လက်ရွေးစင်အသင်းသည် အဆင့်နှစ်ဆင့်ထပ်ကျကာ ကမ္ဘာ့အဆင့် (၁၆၇) တွင် ရှိနေသည်။
မြန်မာအသင်းသည် နိုဝင်ဘာလအတွင်း ကစားခဲ့သည့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲ၌ စင်ကာပူနှင့် လက်ဘနွန် နှစ်သင်းလုံးကို (၃) ဂို (၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင်အသင်း သတ်မှတ်ချက်များအရ အာဆီယံဒေသအတွင်း ထိုင်းလက်ရွေးစင်အသင်းက အာဆီယံနံပါတ်တစ်အဖြစ် ဦးဆောင်နေသည်။
လက်တလောတွင် ခြေစွမ်းပိုမိုမြင့်မားလာသည့် အင်ဒိုနီးရှားက အဆင့်ငါးဆင့်မြင့်တက်ခဲ့ပြီး အာဆီယံ၏ နံပတ်သုံးနေရာတွင် ရပ်တည်နေပြီး ဗီယက်နမ်သည်လည်း အာဆီယံ၏ အဆင့်နှစ် နေရာတွင် ရပ်တည်နေသည်။
မြန်မာအသင်းသည် အနီးစပ်ဆုံး အာဆီယံပြိုင်ပွဲအဖြစ် မစ်ဆူဘီရှီဖလား အုပ်စု ပွဲစဉ်များ ကစားရန်ရှိနေပြီး အင်ဒိုနီးရှား၊ လာအို ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ယှဉ်ပြိူင်ကစားရမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာအသင်းကို လက်ရွေးစင်ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက ကိုင်တွယ်နေပြီး နိုင်ငံတကာ ခြေစမ်းပွဲများ၌ လက်ဘနွန်နှင့် စင်ကာပူအသင်းတို့ကို ရှုံးနိမ့်ထားပြီး သီရိလင်္ကာအသင်းကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရရှိထားသည်။
ဝက်နံရိုးပဲငပိပေါင်း
..............................
ဝက်နံရိုးများကို ရေဆေး၍စစ်ထား၊
ပဲငံပြာရည်အနှောက်1tblsp
ပဲငပိအချိူ အနှစ် 1tblsp
ဟင်းခတ်မှုန့် 1teasp
ဟင်းချက်အရက် 1teasp
ကြက်သွန်ဖြူထောင်းအရည်ညှစ်ထည့်၊
ဆီတဇွန်းထည့်နှယ်၍နှပ်ထားပါ။
ပေါင်းမည့်ချိန်မှ ဝါးကတ်သို့မဟုတ်
စတီးဗန်းထဲ ခဲပတ်ခင်း၊
နှပ်ထားသောဝက်နံရိုးများထည့်၊
ဂျင်းရိတ်ရိတ်လှီးထည့်၍
နာရီဝက်ခန့်ပေါင်းပါ။
ကျက်သွားပါက ကြက်သွန်မြိတ်၊
ငရုတ်သီးစိမ်းလှီးထည့်၍ သုံးဆောင်နိုင်ပါပြီ။
နိုင်ငံတကာသတင်းတိုများ
၁။ထိုင်ဝမ်အရေးပေါ်အခြေအနေဖြစ်လာပါကသုံးစွဲရန်အမေရိကန်သည်ဒုံးကျည်များကိုဂျပန်တွင်ချထားမည်ဟုကျိုဒိုသတင်းဌာနကဖော်ပြခြင်းအပေါ်ရုရှားကသူ၏လုံခြုံရေးအတွက်ဒုံးကျည်များကိုအာရှတိုက်တွင်ဖြန့်ကြက်ချထားမည်ဟုတုန့်ပြန်လိုက်သည်။
၂။ဂျော်ဂျီယာဝန်ကြီးချုပ်ကဂျော်ဂျီယာနိုင်ငံသည်အီးယူအဖွဲဝင်ဖြစ်ရန်စိတ်ဝင်စားမှုမရှိကြောင်းဆုံးဖြတ်ချက်ကြေညာလိုက်ခြင်းနှင့်ပတ်သက်ပြီးဂျော်ဂျီယာနိုင်ငံဆိုင်ရာအီးယူသံအမတ်ကအလွန်ဝမ်းနည်းရသည်ဟုပြောသည်။
၃။တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ဖြစ်မည်ကိုစိုးရိမ်ပူပန်နေသော် လည်းအမေရိကန်ကုမ္ပဏီကြီးများဖြစ်သည့်Apple၊Tesla၊Starbucksနှင့်HPတိုသည်သူတို၏စီးပွားဖက်တရုတ်ကုမ္ပဏီများဖြင့်ခိုင်မာစွာလက်တွဲဆောင်ရွက်နေကြောင်းတရုတ်အစိုးရပိုင်ဂလိုဘယ်တိုင်းမ်သတင်း စာကဖော်ပြသည်။
၄။တရုတ်နှင့်ရုရှားလေယာဥ် (၁၁)စီးသည်သောကြာနေ့ယနေ့တွင်တောင်ကိုးရီးယားနိုင်ငံလေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းလေးနာရီကြာဝင်ရောက်ပျံသန်းခဲ့ကြောင်းတောင်ကိုးရီးယားစစ်တပ်ကကြေညာသည်။
၅။ချဒ်နိုင်ငံသည်၂၀၁၉ခုနှစ်ကလက်မှတ်ရေးထိုးထားသောပြင်သစ်နှင့်ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုရပ်စဲလိုက်ကြောင်းကြေညာလိုက်သဖြင့်ပြင်သစ်တပ်များသည်ဗဟိုအာဖရိကနိုင်ငံချဒ်မှထွက်ခွာရတော့မည်ဖြစ်သည်။
NOM
"အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော် တန်ကြေးရှိ ကမ္ဘာ့အကြီးဆုံး ရွှေသိုက်ကို တွေ့ရှိခဲ့။"
တရုတ်နိုင်ငံအလယ်ပိုင်းတွင် အဖိုးတန်သတ္တု မက်ထရစ်တန် ၁၀၀၀ (အမေရိကန်တန်ချိန် ၁၁၀၀ ခန့်) ပါဝင်သော အရည်အသွေးမြင့် ရွှေသတ္တုရိုင်းသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
ခန့်မှန်းခြေအားဖြင့် ယွမ်ငွေ 600 ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ 83 ဘီလီယံတန်ဖိုးရှိ၊ အဆိုပါရှာဖွေတွေ့ရှိမှုသည် တောင်အာဖရိကရှိ South Deep mine အတွင်းရှိ မက်ထရစ်တန် 900 ကိုကျော်လွန်၍ ရှာဖွေတွေ့ရှိခဲ့သည့် အကြီးဆုံးနှင့် အကျိုးအမြတ်အရှိဆုံး ရွှေသိုက်ကြီးဟု ယူဆရသည်။