1 နှစ် - ဘာသာပြန်ပါ။

၂၀၂၆ မေဂျာလိဂ်ရာသီအထိ မက်ဆီ ဆက်ရှိဖို့ အင်တာမိုင်ယာမီမျှော်လင့်

နိုဝင်ဘာ ၂၄

အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်က အသင်းခေါင်းဆောင် မက်ဆီကို ၂၀၂၆ မေဂျာလိဂ်ရာသီအထိ အသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိဖို့မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ဇူလိုင်က အင်တာမိုင်ယာမီအသင်းထံ ရောက်ရှိလာခဲ့တဲ့ မက်ဆီရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်တာပါ။

မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းတို့ရဲ့ စာချုပ်ထဲမှာ နောက်ထပ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် မပါဝင်တာကြောင့် လာမယ့်ရာသီဟာ သူ့အတွက် အင်တာမိုင်ယာမီအသင်းကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်သွားနိုင်ပါတယ်။

အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်က “မက်ဆီရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိရှိနေပါတယ်။ ကျနော်တို့ သူနဲ့အတူထိုင်ပြီး အနာဂတ်အတွက် ဆွေးနွေးသွားမှာပါ။ ၂၀၂၆ မှာ ကျနော်တို့ရဲ့ ကွင်းသစ်ဖွင့်ပွဲနဲ့ ၂၀၂၆ မေဂျာလိဂ်ရာသီအဖွင့်ပွဲမှာ မက်ဆီဟာ ကျနော်တို့ရဲ့ နံပတ် ၁၀ အဖြစ်ဆက်ရှိဖို့ အပြည့်အ၀ မျှော်လင့်ထားတယ်”လို့ ပြောခဲ့တာပါ။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားတွေဖြစ်တဲ့ ၂၀၂၃ ခုနှစ်က လိဂ်ဖလားနဲ့ ၂၀၂၄ ခုနှစ်မှာ Supporters Shield ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ၃၉ ပွဲ ကစားထားပြီး ၃၄ ဂိုးသွင်းယူထားတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းပြချက်နဲ့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ မာတီနိုရဲ့နေရာမှာ မက်ဆီရဲ့ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းဖော်ဟောင်း မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်မယ်လို့လည်း သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ၂၀၂၅ ရာသီမှာ မေဂျာလိဂ်ပြိုင်ပွဲအပြင် ဖီဖာကလပ်ကမ္ဘာ့ဖလား၊ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်၊လိဂ်ဖလားပြိုင်ပွဲတွေကိုလည်း ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - မက်ဆီကို တွေ့ရစဉ်

#centralnewsnaypyitaw

image

image
1 နှစ် - ဘာသာပြန်ပါ။

အုန်းနို့ခေါက်ဆွဲ 😋

image

နိုဝင်ဘာ ၂၄ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

နိုဝင်ဘာ ၂၄ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

image
1 နှစ် - ဘာသာပြန်ပါ။

စားကြပါအုံးရှင့် 😋

image
1 နှစ် - ဘာသာပြန်ပါ။

"ဖိလစ်ပိုင်ဒုသမ္မတကသူအသတ်ခံရလျင်သမ္မတမိသားစုပါသတ်မည်ဟုခြိမ်း​ခြောက်"

ဖိလစ်ပိုင်သမ္မတ​ဟောင်းဒူတာ​တေး၏သမီးလက်ရှိဒုသမ္မတဆာရာဒူတာ​တေးကအကယ်၍သူအသတ်ခံရပါကဖိလစ်ဖိုင်သမ္မတဖာဒီနန်မားကိုစ်၊သမ္မတ၏ဇနီးနှင့်လွှတ်​တော်ဥက္ကဌတိုကိုသတ်ဖြတ်ရန်လူသတ်သမားများနှင့်သူစာချုပ်ထား​ကြောင်း၊သူမအသတ်ခံရချိန်တွင်စာချုပ်သည်အသက်ဝင်မည်ဖြစ်​ကြောင်း၊​နောက်​ပြောင်​ပြောဆို​နေခြင်းမဟုတ်​ကြောင်းစ​နေ​နေ့က​ပြောလိုက်ခြင်းဖြင့်ဖိလစ်ပိုင်တွင်သမ္မတနှင့်ဒုသမ္မတကြားသ​ဘောကွဲလွဲမှုပြင်းထန်လာသည်ကိုပြသလိုက်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ပေါ်တူဂီ ခရီးသွားလမ်းညွှန်

image
1 နှစ် - ဘာသာပြန်ပါ။

စိတ်ပညာအရ မကြာခဏ မေ့တတ်သူတွေဟာ အများကြီး ဆုံးရှုံးထားလို့ပါတဲ့ ။

image