1 y - Translate

(၇) လအတွင်း ပဲတန်ချိန် (၂.၉၈) သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့

ယခု၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ အောက် တိုဘာလအထိ (၇)လအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်းတန်ချိန် (၂.၉၈) သန်း တင်ပို့ထားကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းမှ သိရသည်။

အဆိုပါတင်ပို့မှုသည် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ထားခြင်းဖြစ်ပြီး မြန်မာပြည်၌ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနှင့် MoU နားလည်မှုစာချွန်လွှာရေးထိုးထားပြီး မတ်ပဲတန်ချိန် (၂)သိန်းခွဲနှင့် ပဲစဉ်းငုံတန်ချိန် (၁)သိန်းကို နှစ် စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုအခါ အိန္ဒိယနှင့် MoU ရေးထိုးထားသည့် မတ်ပဲတင်ပို့မှုပမာဏကို တန်ချိန် (၅) သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ရေးအ တွက် ဆွေးနွေးနေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထော ပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသ ည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ကြောင်း သိရသည်။

image
1 y - Translate

(၆၉ )နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ယနေ့ ဖွင့်လှစ်

(၆၉ )နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နိုဝင်ဘာ (၇)ရက်၊ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆို သည်။

နှစ်စဉ် နိုဝင်ဘာ (၇) ရက်သည့် ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ထားပြီး၊ အဆိုပါ ပွဲတော်တွင် ဒုံးယိမ်းပြိုင်ပွဲများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ လူထုအသိ‌ပညာပေး ပြခန်းများ ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပကြကြောင်း သိရသည်။

image
1 y - Translate

😂😂

image
1 y - Translate

မိုးကောင်းတုန်းရွာထားဦးပေါ့
အိပ်လိုက်ဦးမယ်

image
1 y - Translate

I neeeed

image
1 y - Translate

I neeeed

image
1 y - Translate

I neeeed

image
1 y - Translate

I neeeed

image
1 y - Translate

I neeeed

image
image
image
image
1 y - Translate

ဘိုင်ဒင်နှင့်ကင်မ်မလာတို့ ထရမ့်ပ်ကို ဂုဏ်ပြုစကားဆိုခဲ့ကြ

ဝါရှင်တန်၊နိုဝင်ဘာ ၆

ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်သကဲ့သို့ လက်ရှိ အမေရိက၏ ဒုတိယ သမ္မတလည်းဖြစ်သည့် ကင်မ်လာဟားရစ်က ရီပတ်ဘလစ်ကန်ပါတီ၏ အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရွေးကောက်ပွဲအနိုင်ရမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့သည်ဟုသိရသည်။

အလားတူပင် ဒီမိုကရက်တစ်၏လက်ရှိသမ္မတဖြစ်သည့် ဂျိုးဘိုင်ဒင်ကလည်း အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟုသိရသည်။

ဆက်လက်၍ သမ္မတဘိုင်ဒင်က ရာထူးလွှဲပြောင်းမည့်ကာလအထိ ချောချောမွေ့မွေ့ပြီးဆုံးစေရန် ကတိပြုပြောကြားခဲ့ပြီး နိုင်ငံတိုးတက်ရေးအတွက် အတူတူလက်တွဲဆောင်ရွက်ဖို့အရေးကြီးသည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနောက် ရွေးကောက်ခံသမ္မတကို အိမ်ဖြူတော်သို့ဖိတ်ကြားထားသည်ဟုလည်းသိရပြီး ရက်အတိအကျကို ဝန်ထမ်းများကဆက်လက်ဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်က ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဒုတိယသမ္မတကင်မ်မလာဟားရစ်ကိုပါ ဖုန်းခေါ်ဆိုခဲ့ပြီး ရွေးကောက်ပွဲအနိုင်မရခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးအ‌နေဖြင့် ၎င်း၏ကြိုးပမ်းအားထုတ်မှုနှင့် သမိုင်းဝင်မဲဆွယ်စည်းရုံးနိုင်မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူသည်ဟုဆိုခဲ့သည်။

ဒုတိယ သမ္မတကင်မ်လာဟားရစ်သည် ၎င်း၏ အမိတက္ကသိုလ်ဖြစ်သည့် ဟောင်းဝါ့ဒ်တက္ကသိုလ်၌ နိုဝင်ဘာ ၇ ရက်တွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

image