ရန်ကုန်မြို့တွင် ကွန်တင်နာယာဉ်တိမ်းမှောက်ရာ (၄) ဦး ဒဏ်ရာရ
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ကွန်တင်နာယာဉ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦး အရက်မူး၍ ယာဉ်တိမ်းမှောက်ရာ အမျိုးသား(၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၇ ရက် ည ၁၁ နာရီအချိန်တွင် ယာဉ်တိမ်းမှောက်ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူပူးပေါင်းကူညီဆောင်ရွက် လှိုင်သာယာ လူနာတင်ယာဉ်ကွန်ယက် သွေးလှူဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။
“အကွေ့လေးမှာ ဖြစ်သွားတာ။ ၂ ယောက်က ဦးခေါင်းထိတယ်။ ၂ ယောက်က ခြေထောက်နာတယ်။ ကားမောင်းသမားက အရက်မူးနေတာ။ ကားပေါ်မှာတော့ ဘာမှမပါဘူး။ အဲ့ဘေးနားက ကွမ်းပင်တော့လဲ သွားတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် ဒေသခံလူမှုကူညီရေးတစ်ဦးမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသည့် အမျိုးသားများကို လှိုင်သာယာမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw


