20 w - Translate

မင်းသမီး ဂန္တဝင် ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်ကို သွားရောက်အားပေးခဲ့ကြတဲ့ အနုပညာရှင်များ

သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂန္တဝင်က Comfort Hill ဆိုတဲ့ ကော်ဖီဆိုင်လေးကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ သူမရဲ့ cafe ဆိုင်လေးဟာ အခြားသောဆိုင်တွေနဲ့မတူတဲ့အချက်က အရိပ်အာဝါသနဲ့အေးမြစေတဲ့ သစ်ပင်ပန်းမန်တွေကို အများဆုံးစိုက်ပျိုးထားပြီး တောအုပ်လေးတစ်ခုကိုရောက်နေသကဲ့သို့ ခံစားရစေမယ့် ငှက်လေးတွေနဲ့ ငါးလေးတွေကိုပါ မွေးမြူထားတာဖြစ်ပါတယ်။ ဂန္တဝင်ရဲ့ကော်ဖီဆိုင်လေးကို အနုပညာရှင်များကလည်း လာရောက်လည်ပတ်အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။ ဆိုင်လေးကတော့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားတာပါ။

#crd

image