52 ပတ် - ဘာသာပြန်ပါ။

(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်နိုင်
------------------------
ဘင်္ဂလားပင်လယ်အော်မှာရှိနေတဲ့ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကိုရွေ့လျားသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်(၂၄)နာရီအတွင်းမှာ တစ်ဆင့်ထပ်တိုးပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန်မနက်(၇) နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ကပ္ပလီပင်လယ်ပြင်တွေမှာမုတ်သုံလေအားကောင်းနေတာအပြင် အဲဒီလေဖိအားနည်း ဆဲလ်အရှိန်တို့ကြောင့် စက်တင်ဘာ(၂၃)ရက်မနက်ပိုင်းကနေ နောက်(၃)ရက်ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက အချို့နေရာတွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ နေရာကွက်ပြီးမိုးကြီးခြင်းတွေနဲ့ လေပြင်း တိုက်ခတ်တာ တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ရေကြီး၊ ရေလျှံမှုတွေ၊ ပြည်တွင်း ရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့အနေနဲ့ ကြိုတင်သတိပြုနိုင်ပါဖို့ သတိပေးနှိုးဆော်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာလည်း မိုးတိမ် တောင်တွေ ဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီမိုးတိမ်တောင်တွေရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်း တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေ တာစတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ဖို့ကိုလည်း ထပ်မံနှိုးဆော်ချက်ထုတ် ပြန်ထား ပါတယ်။

image
52 ပတ် - ဘာသာပြန်ပါ။

စစ်တောင်းမြစ်ရေ တောင်ငူနှင့် မဒေါက်တွင် စိုးရိမ်ရေမှတ်ကျော်နေ
-----------------------
စစ်တောင်းမြစ်ရေဟာ လက်ရှိမှာ တောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက် ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာလ (၂၃) ရက်၊ မနက်(၈)နာရီခွဲအချိန် ထုတ်ပြန်တဲ့ရေကြီးမှုအခြေအနေထုတ်ပြန်ချက်မှာ အခုလို ပါရှိတာပါ။

စစ်တောင်း မြစ်ရေဟာ တောင်ငူမြို့မှာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို (၃)ပေခန့်ကျော်လွန် ရောက်ရှိနေပြီး နောက်(၁)ရက် အတွင်း အနည်းငယ်ကျဆင်းသွားနိုင်ပေမယ့် အဲဒီမြို့ ရဲ့စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည် ရှိနိုင်တယ်လို့ ဆိုပါတယ်။ မဒေါက်မြို့မှာလည်း အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို (၄)ပေခွဲခန့်ကျော်လွန် ရောက်ရှိ နေပြီး နောက် (၁)ရက်အတွင်း အနည်းငယ်ကျဆင်း လာနိုင်ပေမယ့် အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တောင်ငူမြို့နယ်နဲ့မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ ရေဘေး လွတ်ရာနေရာတွေကို ရှောင်ရှားနိုင်ဖို့အတွက်လည်း သတိပေး နှိုးဆော်ထားပါတယ်။

image
52 ပတ် - ဘာသာပြန်ပါ။

Bffဆိုတာ

image
52 ပတ် - ဘာသာပြန်ပါ။

မိမိမှာ ဗိုက်အရမ်းဆာနေသော်လည်း
ဟင်းမကြိုက်သောအခါ 🤣🤣🤣

#crdphoto

imageimage
52 ပတ် - ဘာသာပြန်ပါ။

အသစ်ဆိုတာ
အမြဲတွေ့ကြုံနေရမှာပဲ

စိတ်ယိုင်ခြင်း မယိုင်ခြင်းက
သစ္စာနဲ့ ကိုယ်ကျင့်တရား အပေါ်မှာပဲမူတည်တာ

18.9.2024 || 🤍

image
52 ပတ် - ဘာသာပြန်ပါ။

ရှိတဲ့သူက ပေးရင် ( စေတနာ )
ကျေးဇူးတင်ရမယ်......တဲ့

မရှိတဲ့သူက ပေးရင်
မရှိတဲ့ကြားက ခြစ်ချုပ်ပြီးပေးတဲ့အတွက်
စေတနာမဟုတ်ဘူး
အဲဒါ ( ချစ်မေတ္တာ )
တန်ဖိုးထားရမယ်........တဲ့။

#spicylife

image
52 ပတ် - ဘာသာပြန်ပါ။

စိတ်တွေလည်းအဆင်မပြေဘူး
ဘာပဲလုပ်လုပ် စိတ်တိုင်းလည်းမကျဘူး
ဒါကြောင့် အိပ်ပဲအိပ်ချင်နေမိတယ်။

image
52 ပတ် - ဘာသာပြန်ပါ။

ဘယ်လောက်ပဲ ရန်တွေဖြစ်ဖြစ် စကားတွေများများ
''ချစ်လား''လို့မေးလိုက်တိုင်း ''သိပ်ချစ်တာမသိဘူးလား''လို့
ရန်တွေ့မဲ့လေသံနဲ့ ပြောမဲ့သူတစ်ယောက်သာရှိရင်
ကျွန်တော်တို့ဟာ နာကျင်စရာတွေရှိနေရင်တောင်
ရယ်မောနိုင်ကြအုန်းမှာ။

image
52 ပတ် - ဘာသာပြန်ပါ။

တကယ်ကဒီလ လစာထုတ်ပြီးကတည်းကမရှိတော့တာပါ

image
52 ပတ် - ဘာသာပြန်ပါ။

ကိုယ့်အတွက်မဟုတ်ရင်
မသိမသာလေးတောင်မကြည့်နဲ့...။

ပိတ်ထားတဲ့တံခါးတွေကိုလည်း
လက်အနာခံပြီးမခေါက်နဲ့....။
စိတ်လည်းမဝင်စားနဲ့...။

မချိုတဲ့မျက်နှာတွေကိုမပြုံးပြနဲ့
မလိုတဲ့တံခါးရှေ့လည်းမရပ်နဲ့
လူတချို့ပြတ်တယ်ဆိုတာထက်
ပိုပြတ်နိုင်တဲ့လုပ်ရပ်မျိုးကို
ပိုလုပ်နိုင်တဲ့သူဖြစ်ရင်
ပိုကောင်းတယ်...။

စိတ်တိုင်းမကျရင်
စိတ်အမောမခံနဲ့
သဘောမကျရင်မရောနဲ့....။
အပေါစားဆန်စရာ
ဘာအကြောင်းမှမရှိဘူး..။

အေးအေးလေးပဲနေ..
ရိုးရိုးရှင်းရှင်းလေးပဲစိတ်ကိုထား
မာနထားတတ်အောင်လည်းကြိုးစား..။

တစ်ခါတစ်ရံမှာ..
မာနထားလိုက်ခြင်းက
ကိုယ့်အတွက်..
အဆိုးတွေကိုဖယ်ရှားပေးပါတယ်။

#အသိပညာ #ဗဟုသုတ #စာပေ #အလွမ်း #အဆွေး #ခံစားချက်

image