- Budget သတ်သတ်လွတ် ဆီချက်ခေါက်ဆွဲ 🤤 -

Hello hello 🙋🏽‍♀️ မင်မင်ရဲ့ ပထမဆုံးရေးဖြစ်တဲ့ post အနေနဲ့ မင်မင်စားနေကျ အချိန်(၅)မိနစ်အတွင်းအသင့်စားသုံးနိုင်တဲ့ သတ်သတ်လွတ်ဆီချက်ခေါက်ဆွဲလုပ်နည်းလေးမျှဝေပေးချင်လို့ 🥰

ပါဝင်ပစ္စည်းတွေက ❔
- ကြက်သွန်ဖြူ
- ဆီ
- ဂျုံခေါက်ဆွဲ
- ပဲငံပြာရည်အကြည်
- ငရုတ်ကောင်းမှုန့်
- ကြက်သွန်မြိတ်

လုပ်နည်းလေးကလည်း အရမ်းလွယ်တယ်။ အဆင်(၃)ဆင့်ထဲနော် 💁🏽‍♀️
1️⃣ ပထမဦးဆုံး ကြက်သွန်ဖြူဆီချက်အရင်လုပ်ထားလိုက်ပါ။
2️⃣ ဒုတိယအဆင့် ခေါက်ဆွဲတစ်ယောက်စားစာပမာဏကို ဂျုံခေါက်ဆွဲအခြောက်သုံးမယ်ဆို ပြုတ်၊ ဂျုံခေါက်ဆွဲအစိုသုံးမယ်ဆို ရေနွေးနဲ့ဖျောထားလိုက်ပါ။
3️⃣ နောက်ဆုံးအဆင့်အနေနဲ့ ပန်းကန်တစ်ခုထဲကို ကြက်သွန်ဖြူဆီချက် (၁)ဇွန်း၊ ပဲငံပြာရည်အကြည် (၁)ဇွန်း၊ ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ကို ထည့်ပြီးမွှေထား၊ ပြီးရင် အဲ့ဒီအထဲကို ဂျုံခေါက်ဆွဲပူပူနွေးနွေးလေးထည့်ပြီး ထပ်မွှေ၊ နောက်ဆုံး ကြက်သွန်မြိတ်လေးပါးပါးလှီးပြီး အပေါ်ကဖြူးလိုက်ရင် အရသာရှယ်ရှိတဲ့ Budget သတ်သတ်လွတ်ဆီချက်ခေါက်ဆွဲလေးရပြီနော် 😋

❕❕ဒီနေရာမှာပြောစရာရှိတာက မင်မင်ကဟင်းချိုမှုန့်မစားလို့ လုံးဝမထည့်ပါဘူး 😁 အပေါ့စားတဲ့သူမို့ ဆားလည်းထပ်မထည့်ပါဘူး 😉 (ပဲငံပြာရည်အကြည်နဲ့တင် အတော်ငန်နေပြီ 🤷🏽‍♀️)

image