1 နှစ် - ဘာသာပြန်ပါ။

အခုထိစဉ်းစားနေတာမအိပ်ရေသးဘူး မေးပေးအုံး🥺

image
1 နှစ် - ဘာသာပြန်ပါ။

Manifesting 😇 🙏 ✈️

image
1 နှစ် - ဘာသာပြန်ပါ။

မကြာခင် ဆောင်းတွင်းလည်းရောက်တော့မှာဆိုတော့
အိမ်မှာနေရင်း အသားရေကိုအာဟာရဖြည့်ပေးနိုင်မဲ့
ထောပတ်သီးMask လုပ်နည်းလေး မျှဝေပေးမယ်နော်။🥑🥑
ဒီနည်းဟာအသားအရေကို အစိုဓာတ်ဖြည့်ပေးမှာဆိုတော့ အသားအရေခြောက်သွေ့တတ်သူတွေ အိမ်မှာမကြာခဏအသုံးပြုနိုင်ပြီပေါ့။💆💆
နည်းလမ်းလေးကတော့...

1. ထောပတ်သီး တစ်ခြမ်းရယ်၊ 🥑
2. ပျားရည်(ခွက် ၄ပုံ၁ပုံရယ်)ကိုရောထည့်ပေးရပါမယ်။🍯
3. ပြီးရင်တော့ရောမွှေပေးပြီး မျက်နှာပေါ်မှာ
4. (၁၀) မိနစ်လောက် ထားပေးပါ။
5. (၁၀)မိနစ်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနဲ့ဆေးချပေးရပါမယ်။
6. ဒါဆိုရင်တော့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေ
ဝင်းမွတ်စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။😉

image
1 နှစ် - ဘာသာပြန်ပါ။

MLWC – 9 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကျင်းပမည်
----------------------
MLWC – 9(Myanmar Lethwei World Championship)မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို စက်တင် ဘာလ(၂၂)ရက်နေ့မှာ ရန်ကုန်မြို့ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံကြီးမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကိုတော့ (Myanmar Martial Arts Group)က စီစဉ်ကျင်းပ တာဖြစ်ပြီး မြန်မာ့လက်ဝှေ့ကျော်တွေ ပါဝင်ယှဉ်ပြိုင် ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ပါဝင်မယ့် လက်ဝှေ့တွဲဆိုင်း တွေကတော့(၆၅)ကီလိုတန်းမှာ စူပါရေချမ်းနဲ့စိန်လုံးချော(အောင်နိုင်သူ)၊ (၆၄)ကီလို တန်းမှာတော့ စောဘဟိန်း (စက်ရုံ)နဲ့ မြလုံးချော(အောင်နိုင်သူ)၊ (၆၃)ကီလိုတန်းမှာတော့ အောင်ထက်ကျော် (တို့ရိုးရာ)နဲ့ အောင်ကိုလတ် (Rays)၊ (၆၀)ကီလိုတန်းမှာတော့ ဆလိုင်းထန်ခွီးရှိန်နဲ့မောင်ဇော်၊ (၈၀)ကီလိုတန်း မှာတော့ ရာမန်နဲ့အောင်ခိုင်၊ အလွတ်တန်းမှာ ထွန်းထွန်းမင်းနဲ့ ကျော်စွာဝင်းတို့ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုတော့ စက်တင်ဘာလ(၂၁)ရက် မနက်ပိုင်းက သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာရိုးရာလက်ဝှေ့အဖွဲ့ ချုပ်(ဥက္ကဋ္ဌ) ဒေါက်တာတင်အောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေကို Myanmar Martial Arts Group ရဲ့ Managing Director ဦးဝဏ္ဏက ရှင်းလင်းပြောပါတယ်။

အဲဒီနောက် ပြိုင်ပွဲမှာ ပါဝင်မယ့် အားကစားသမားတွေနဲ့မိတ်ဆက်ပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာ (၂၂)ရက် ကျင်းပမယ့် MLWC – 9 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို (SkyNet) Sports HD Channel တွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်မှ ကန်ဒေါ်လာသန်း ၃၀ ထုတ်ရောင်းပေးမည်
---------------------
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် Fx Trading Platform ကနေ စက်သုံးဆီလုပ်ငန်းရှင် တွေကို အမေရိကန်ဒေါ်လာသန်း ၃၀ ထုတ်ရောင်းပေးသွားမှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၀)ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ အဲဒီ အမေရိဒေါ်လာသန်း ၃၀ ကို ဘယ်ရက်မှာ ရောင်းချပေးသွားမလဲဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကလည်း AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Trading Platform ကနေ ထိုင်းဘတ် ၁၀ သန်း ထုတ်ရောင်း ပေးခဲ့ပါတယ်။ အခုစက်တင်ဘာလအတွင်းမှာလည်း စက်သုံးဆီအတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း၊ စားသုံးဆီအတွက် အမေရိကန် ဒေါ်လာ ၇ သန်း တစ်ကြိမ်နဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲနီးပါးနဲ့ ထိုင်းဘတ် သန်း ၈၀ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ထုတ်ရောင်းပေးခဲ့ပါ တယ်။

ဒါ့အပြင် ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထား ကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန် ကြေညာပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာတွေ ဆက်တိုက်ထုတ် ရောင်းပေးနေတာ ဖြစ်တယ် လို့လည်း သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ဂေါ်ဒွန်ကို စာချုပ်သစ်ချုပ်ရန် နယူးကာဆယ် စီစဉ်
------------------------
နယူးကာဆယ်အသင်းဟာ အားထားရတဲ့ တောင်ပံကစားသမား ဂေါ်ဒွန်ကို မြင့်မားတဲ့လုပ်ခလစာနဲ့အတူ စာချုပ်သစ်ချုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်းရှိထားပေမယ့် ပြီးခဲ့တဲ့နွေရာသီတုန်းက အာဆင်နယ်အပါအဝင် အသင်းကြီးတချို့ က ဂေါ်ဒွန်ကို စိတ်ဝင်စားခဲ့ကြတာကြောင့် အခုလို စာချုပ်သစ်ချုပ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

အခုရာသီ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၁ ဂိုးသွင်းယူပေးထားခဲ့တဲ့ ဂေါ်ဒွန်ကို နယူးကာဆယ်အသင်းက တစ်ရာသီ လုပ်အားခ ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ဂေါ်ဒွန်အနေနဲ့ စာချုပ်သစ်ကို လက်ခံခဲ့မယ်ဆိုရင် အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံးကစားသမား ဖြစ်လာမှာပါ။ နယူကာဆယ်အသင်းဘက်က ကမ်းလှမ်းမယ့် စာချုပ်သစ်ရဲ့ သက်တမ်းကို အတိအကျ မသိရပေမယ့် သတင်းတွေအရတော့ ကာလရှည် ဖြစ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဂေါ်ဒွန်ဟာ ၂၀၂၃ မှာ နယူးကာဆယ်အသင်းကို အဲဗာတန်အသင်းဆီကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ ၆၈ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေရဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုကိုလည်း ခံခဲ့ရဖူးတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

How do you not see how at this point?
လိုက်မှတ်ရတဲ့သူကရူးတော့မယ်

1 နှစ် - ဘာသာပြန်ပါ။

မန်ယူနည်းပြအလုပ်ကို လွမ်းဆွတ်နေဆဲဟု နည်းပြဟောင်း ဖာဂူဆန်ပြော

မန်ယူနည်းပြအလုပ်ကို လွမ်းဆွတ်နေဆဲဖြစ်တယ်လို့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် က ပြောသွားပါတယ်။

အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ နည်းပြဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်က မန်ယူနည်းပြရာထူးကနေ အနားယူခဲ့သူပါ။

တခါတရံမှာ မြက်ခင်းစိမ်းတွေကို လွတ်ဆွတ်တမ်းတတမ်းတမိကြောင်း၊ ဥရောပဘောလုံးလောက က ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး အဲဒီလို ပွဲကြီးပွဲကောင်းတွေကို လည်း အမှတ်တရဖြစ်မိကြောင်း နည်းပြဟောင်း ဖာဂူဆန်က ပြောသွားပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်းရဲ့ ပွဲကြီးပွဲကောင်း ပွဲစဉ်တွေမှာ ပွဲကြည့်စင်ပေါ်ကနေ မကြာခဏ တွေ့ရလေ့ ရှိပါတယ်။
DVB

image
1 နှစ် - ဘာသာပြန်ပါ။

ME Beijing targets China’s Minsheng Bank clients for Myanmar investment
September 22, 2024

Myanmar Embassy in Beijing, China, elaborated on investment and business opportunities in Myanmar to about 50 special customers of China’s Minsheng Bank on 19 September during their visit to the embassy.
The Myanmar Embassy also highlighted Myanmar-China people-to-people cultural exchange and investment opportunities in Myanmar.
Myanmar Ambassador U Tin Maung Swe gave an opening remark to China, and Economic Counsellor Daw Thin Thin Aung explained Myanmar’s economy and investment opportunities. Mr Liu Wei, chair of the Myanmar-China Cultural and Tourism Promotion Society in Beijing, also addressed the tourism sector in Myanmar.
China’s tea culture was also featured at the event. Participants discussed matters regarding Myanmar’s tourism, business environment, and investment climate. — ASH/KK

image
1 နှစ် - ဘာသာပြန်ပါ။

ကြီးလာရင်ဘာလုပ်မလဲ
ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောတာလေ ဘာမှားလဲလို့လဲ