2 နှစ်များ - ဘာသာပြန်ပါ။

ဝမ်းရောဂါကူးစက်မှု ကာကွယ်ရန် ထိုင်း - မြန်မာ နယ်စပ်လှေလမ်းကြောင်းကို တလပိတ်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်း ရွှေကုက္ကိုလ်မြို့တွင် ပြင်းထန်ဝမ်းရောဂါ ကူးစက်နေသည့်အတွက် ထိုင်းဘက်ခြမ်းကို မကူးစက်နိုင်ရန် နယ်နိမိတ်ထိစပ်နေသည့် တာ့ခ်ခရိုင်နယ်စပ်ကို တစ်လပိတ်ရန် ထိုင်းကာကွယ်ရေးဝန်ကြီးက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဝမ်းရောဂါဖြစ်ပွားနေမှုကြောင့် ရွှေကုက္ကိုလ် ညဈေးတန်းနှင့် လမ်းဘေးဆိုင်များ ပိတ်ထားရပြီး ယခုအခါတွင် ထိုင်းဘက်ခြမ်းမှ တာ့ခ်ခရိုင်နယ်စပ်ရှိ မြန်မာဘက်သို့ ကူးသည့် လှေလမ်းကြောင်းကိုပါ တစ်လပိတ်ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

“သောင်ရင်းမြစ်ကို ဖြတ်ကူးနေတဲ့ လှေလမ်းကြောင်းကို ပိတ်တာ။အပေါ်ကကူးနေတဲ့ နယ်စပ်တံတားကို ပိတ်တာတော့ မဟုတ်ဘူး” ဟု မဲဆောက်တွင် မြန်မာရွှေ့ပြောင်းအရေးဆောင်ရွက်နေသည့် JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဘီဘီစီ မြန်မာပိုင်းကို ဖြေကြားထားသည်ကို တွေ့သည်။

ဝမ်းရောဂါကြောင့် လူသုံးရာကျော် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံများကပြောပြီး ပေါ်ပြူလာနယူးအနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝမ်းရောဂါကို ထိန်းချုပ်နိုင်ရန် ထိုင်းဘက်မှ ရွှေကုက္ကိုလ်ကို ဆေးဝါးများ ထောက်ပံပေးနေကြောင်းလည်း တာခ်ခရိုင် ၊ မဲရမတ် ဆေးရုံတာဝန်ခံက ထိုင်းသတင်းဌာနများကို ပြောကြားထားပြီး ယခုဖြစ်နေသည့် ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါ၏ လက္ခဏာတစ်ခုဖြစ်နိုင်ကြောင်းလည်း ထိုင်းဆေးရုံများက သတ်မှတ်ထားကြသည်ဟု သိရသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

လာမယ့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေဖို့ စာရင်းပေးထားသူ ယခင်နှစ်ကထက် သိသိသာသာမြင့်တက်လာ

ဒီဇင်ဘာ ၂၄

လာမယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဟာ ယမန်နှစ်ကထက် သိသိသာသာမြင့်တက်လာခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဲဒီ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်ဟာ လက်ရှိအချိန်ထိ ၂၂၀၀၀၀ ဝန်းကျင်ရှိနေပြီး ယမန်နှစ်က စာရင်းပေးသွင်းသူဟာ တစ်သိန်း လေးသောင်းကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၁၇ ရက် ကနေ ၂၂ ရက်ထိ မိမိတို့ ယူထားတဲ့ ဘာသာတွဲအလိုက် ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image

စည်းကမ်းလိုက်နာတဲ့ YBS ယာဥ်မောင်းတွေကို စံ​ပြယာဥ်​​မောင်းဆုနဲ့ ပြည်သူချီးကျူးဆုတွေ ပေးမယ်

ဒီဇင်ဘာ ၂၄

YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး ချီးမြှင့်ပေးသွားမယ်လို့
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ကသိရပါတယ်။

"စံပြယာဥ်မောင်းဆုကတော့ ယာဥ်လိုင်းတွေကနေ စံပြယာဥ်မောင်းဆုတွေတင်လာတဲ့အပေါ် စည်းကမ်းချက်မှတ်တမ်းတွေပြန်ကြည်ပြီးရွေးမှာပေါ့။တာဝန်သိယာဥ်မောင်းဆုဆိုတာက ကားပေါ်မှာ ခရီးသည်တွေကပစ္စည်းတွေဘာတွေကျန်တယ်လေ။ပစ္စည်းတွေပြန်လည်ပေးအပ်တဲ့ယာဥ်မောင်းတွေပေါ့။နောက်တခုက လူမှုကွန်ယက်မှာခရီးသည်တွေချီးကျူးခံရတဲ့ယာဥ်မောင်းတွေပါမယ်။တကယ်လည်းဖြစ်ရမယ်။ဖေ့စ်ဘုတ်မှာလာတဲ့ဟာတွေကြည့်တယ်။" လို့ YRTCအတွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောပါတယ်။

အဆိုပါ ဆုတွေအားလုံးကို စည်းကမ်းသတ်မှတ်ချက်ဖောက်ဖျက်ခြင်းမရှိတဲ့ ယာဥ်မောင်းတွေကိုရွေးချယ်ပေးမှာဖြစ်ကြောင်းနဲ့ ဆုတွေပေးဖြစ်တဲ့အဓိကရည်ရွယ်ချက်မှာ YBS ယာဉ်မောင်းတွေ အနေနဲ့ ခရီးသွားပြည်သူအပေါ် တာဝန်သိစွာ ဆောင်ရွက်စေရန်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဆုပေးစနစ်ရှိသလို စည်းကမ်းဖောက်ဖျက်တဲ့ယာဥ်လိုင်းတွေကိုလည်းအရေးယူမှုတွေလုပ်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ YBS ယာဉ်မောင်း တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အမှုပေါင်း ၅၅၀၀၀ လောက်ရှိထားပြီး ဖောက်ဖျက်တဲ့ယာဥ်မောင်းတွေကို ဒဏ်ငွေရိုက်ခြင်း၊ ယာဥ်မောင်းနှင်ခွင့်ပိတ်သိမ်းအရေးယူခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေဒီဇင်ဘာ ၁၅ ရက်အထိဆိုရင် YBS ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၇ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ယောက်ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၁၃၆ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
2 နှစ်များ - ဘာသာပြန်ပါ။

Professional Boxing ပြိုင်ပွဲ နိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် သုံးဦး ရွေးချယ်ခံရ

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပမည့် Professional Boxing ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ် ပြိုင်ကစားခွင့်အတွက် မြန်မာ့လက်ဝှေ့သမား (၃)ဦး ရွေးချယ်ခံရကြောင်း သိရသည်။

ထိုသို့ ကစားခွင့်ရရှိခြင်းသည် မြန်မာဘောက်ဆင်သမိုင်း တလျှောက် ပထမဆုံးအကြိမ် နိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်ဟု ယနေ့တွင် မြန်မာဘောက်ဆင်ကော်မရှင်(MBC) က အသိပေးထားသည်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေးအတွက် Myanmar Boxing Commission(MBC)နှင့် Japan Boxing Commission(JBC)တို့ ညှိနှိုင်းခဲ့ရာမှခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမား (၃)ဦး၏ အမည် နှင့် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ဝိတ်တန်းများကို မကြာမီထပ်မံအသိ‌ပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဘောက်ဆင်ကော်မရှင်အနေဖြင့်ကမ္ဘာ့ဘောက်ဆင်ကော်မရှင်(WBC)အဖွဲ့ဝင်အနေဖြင့် ပါဝင်နိုင်ရန်လည်း စီစဉ်လျက်ရှိသည့်အပြင် ကမ္ဘာ့ဘောက်ဆင်ကော်မရှင် (WBC) ၏ အသိအမှတ်ပြု ချန်ပီယံခါးပါတ်များတွင်လည်း မြန်မာကိုယ်စားပြု နိုင်ငံတော်အလံအား ထည့်သွင်းသွားနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။

လက်ရှိတွင် WBC အသိအမှတ်ပြု ချန်ပီယံခါးပါတ်များ၌ နိုင်ငံပေါင်း (၁၈) နိုင်ငံ၏ နိုင်ငံအလံများထည့်သွင်းထားပြီး၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် ဆောင်ရွက်လျှက်ရှိကာ ဝင်ခွင့်ချက်ရပါက နိုင်ငံ့အလံအားထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

WBC အဖွဲ့ဝင်ခွင့်အား ၂၀၂၅ ခုနှစ်ကုန် သို့မဟုတ် ၂၀၂၆ ခုနှစ်အတွင်း နောက်ဆုံးထား၍ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဆောင်ရွက်လျက်ရှိပြီး MBCသည် နိုင်ငံတကာပြိုင်ပွဲများတွင် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်း တရားဝင်အသိပေးထားသည်။

imageimage

image

2 နှစ်များ - ဘာသာပြန်ပါ။

Christmas and New Year coming without money be like :

image
2 နှစ်များ - ဘာသာပြန်ပါ။

လီဗာပူးနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရသည့်သတင်း ဆာလာ ငြင်းဆို

လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိပြီဆိုတဲ့သတင်းတွေကို တောင်ပံတိုက်စစ် ကစားသမား မိုဆာလာက ငြင်းဆိုသွားပါတယ်။

စပါးအသင်းကို ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ စာချုပ်သက်တမ်းတိုးတဲ့ကိစ္စအပေါ် ဆာလာက ပွင့်ပွင့်လင်းလင်း ဖြေကြားသွားခဲ့တာပါ။

အသင်းနဲ့ စာချုပ်သစ်ရေးထိုးဖို့ သဘောတူညီမှုရပြီလားဆိုတဲ့ မေးခွန်းအပေါ် ဆာလာက မဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။

ဆာလာဟာ စပါးနဲ့ပွဲမှာ ၂ ဂိုးထပ်သွင်းခဲ့တာကြောင့် လီဗာပူးအသင်း သမိုင်းတလျှောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆာလာကို ပီအက်စ်ဂျီ အပါအဝင် ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
DVB

image