အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီနဲ့ဆာလက် ဆွေးနွေး

ဒီဇင်ဘာ ၃

လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် လီဗာပူးလ်အသင်းဟာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။

ဒါကြောင့် ဆာလက်ဟာ လာမယ့် နွေရာသီမှာ လီဗာပူးလ်အသင်းကနေ အလွတ်နဲ့ ထွက်ခွာရဖို့ရှိနေတာ ဖြစ်ပါတယ်။

ဆာလက်က လီဗာပူးလ်အသင်းဟာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းရခြင်း မရှိသေးတာကြောင့် ဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုပြီးဖြစ်နိုင်တယ်လို့ ပြောထားတာပါ။

ဒါအပြင် ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာလည်း ဒီပွဲဟာ လီဗာပူးလ်အသင်း ကစားသမားဘဝ အန်ဖီးလ်မှာ ကစားတဲ့ မန်စီးတီးအသင်းနဲ့ နောက်ဆုံးပွဲစဉ်လို့ ပြောခဲ့ပါတယ်။

ဒီအချိန်မှာ ပြင်သစ်သတင်းစာ L'Equipe က ဆာလက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် လာမယ့် နွေရာသီမှာ ပြင်သစ်ကလပ်ထံ ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသင်းနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဘတ်ပီရဲ့ နေရာကို အစားထိုးဖြည့်ဖို့ ရှာဖွေမှုတွေပြုလုပ်နေတာပါ။

ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်အသင်းက ဆန်ချိုနဲ့ နာပိုလီအသင်းက ကာဗီချာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘီလ်ဘာအိုအသင်း တောင်ပံကစားသမား နီကိုဝီလီယံစ်ကို စိတ်ဝင်စားကြောင်းလည်း ပြသခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ဆာလက်ကိုခေါ်ယူနိုင်ဖို့က သူတို့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်ဖို့ ရှိနေတာပါ။

လီဗာပူးလ်အသင်းဟာ နှစ်သစ် မစတင်ခင်မှာ ဆာလက်ကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ရင် သူဟာ အင်္ဂလန် ပြင်ပကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းလို့ ရရှိမှာဖြစ်ပါတယ်။

ဆာလက်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာရဖို့ရှိနေပေမယ့် ဒီရာသီမှာ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောထားတာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားထားပြီး ၁၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဆာလက်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

image
1 y - Translate

~~~ အမှတ်တရ ~~~ { ၂ }
#ဂျူး
မှတ်မှတ်ရရ
ထိုနေ့က
မိုးရွာနေသည်။
မိုးရွာနေမှန်းလည်း
ခြံအပြင်ရောက်မှ
ကျွန်မတို့နှစ်ဦး
သိကြသည်။
မောင်နှင့် ကျွန်မ နှစ်ဦး
ဆေးအဖြူ သုတ်ထားသော
တံတားလေးပေါ်၌
ရုန်းရင်းဆန်ခတ်
ဖြစ်နေကြသည်ကို
ရေနီမြောင်းထဲမှ
ချာတိတ်ကလေးနှစ်ဦးက
အထူးအဆန်း သဖွယ်
ကြည့်နေကြသည်။
~~~~~~~~~
အခန်း-၂
မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ ဟူသော ဖြေသိမ့်စကားကို ရုတ်တရက် ကြားယောင်လာမိသည်။
မောင် ပြောခဲ့သော စကား မဟုတ်နိုင်။ မောင်နှင့်ပတ်သက်သမျှ ကျွန်မ အစွဲအလမ်း ကြီးမားသည်ကို မောင်အသိဆုံးပါ။
ရှင်းသန့်နေသော စားပွဲပေါ်မှာ တစ်ခုခု လိုသေးသည်။ မောင့်ဓါတ်ပုံ လိုနေတာပဲ ။ ထင်းရှူးသေတ္တာထဲမှာ မှောက်သိမ်းထားသော ဖိုတိုစတင်းန်ကို ထုတ်ယူ၍ လက်ကိုင်ပုဝါဖြင့် ဖုန်သုတ်ပေးလိုက်သည်။
မောင် ဓါတ်ပုံရိုက်လျှင် အပြင်မှာလို ကြည့်မကောင်းပါ။ ဓါတ်ပုံထဲတွင် မောင့်နှုတ်ခမ်း (အောက် နှုတ်ခမ်း) သည် နဂိုထက် ပို၍ ထူနေပြီး အနည်းငယ် အလင်းရိပ် ကျလျှင်ပင် တွဲကျလုနီးပါး ဖြစ်သွားသည်။
မောင့်မျက်လုံးများက အပြင်မှာလောက် မစူးရှဘဲ ရှက်ကိုးရှက်ကန်း ဖြစ်ဖြစ်နေတတ်၏ ။ နောက်ပြီး ရယ်လိုက်လျှင် တအား ချစ်ဖို့ကောင်းသော မောင်သည် ဓါတ်ပုံထဲမှာ မည်သို့မျှ မရယ်ပြုံးတတ်ပါ။
မောင် ရယ်မောသည့်အချိန်တွင် ကျွန်မ ငေးမောကြည့်မိ၍ ‘မောင်က ကလေးလိုပဲနော်’ ဟု တဖွဖွရွတ်တိုင်း စိတ်တိုတတ်သော မောင်သည် ကျွန်မကို တော့ မကြာခဏ စိတ်ကောက်တတ်ပါသည်။
မောင်မို့ စိတ်ကောက်ပြီဆိုလျှင် ကျွန်မက အမြဲရိပ်မိတတ်သည်။ မောင်စိတ်ကောက်ပြီဆိုလျှင် နံနက်တိုင်း ကျွန်မဆီ လာနေကျ မလာတော့ပါ။ ဆေးရုံမှာလည်း မောင်နှင့်တစ်ဖွဲတည်းမဟုတ်၍ ကျွန်မတို့ နှစ်ယောက် မတွေ့ကြပါ။
ထိုအခါ ကျွန်မက ညနေကျောင်းဆင်းလျှင် ဤအိမ်သို့ လာရပါသည်။ အခန်းထဲမှာ တစ်ယောက်တည်းထိုင်၍ ဖဲရိုက်နေသော မောင့်ကို ကျွန်မ ချော့ရတတ်ပါသည်။ အများအားဖြင့် “မောင် နေ့လယ်က ဘာစားသလဲ” ဟုသာ မေးတတ်ပါသည်။ မောင်က မကြားချင် ယောင် ဆောင်နေတတ်ပါသည်။
မောင်သည် ညစာကိုသာ အိမ်ရှင်ထံမှ ထမင်းချိုင့်ယူစားပြီး နေ့လယ်စာကို ကျောင်းအနီးက စားသောက်ဆိုင် တစ်ခုခုမှာ ကြုံသလို စားတတ်ပါသည်။ တစ်ခါတစ်ရံ မောင်ပိုက်ဆံ ပြတ်သည့်အခါ နေ့လယ်စာဖိုး မရှိသည့်အခါ ကျွန်မတို့ အဆောင်မှ ကျွန်မအတွက် နေ့လည်စာ ထမင်းဟင်းကို ထမင်းဘူးထဲတွင် ပြည့်သိပ်နေအောင် ထည့်လာပြီး ဆေးရုံကြီးက စာသင်ခန်းမ (သီယေတာ) တွင် ဖြစ်စေ ၊ ကျောင်းက စာသင်ခန်းတွင် ဖြစ်စေ ၊ ကျောင်းကင်န်တင်းမှာ လက်ဖက်ရည်သောက်ရင်း ဖြစ်စေ ၊ ကျွန်မတို့ နှစ်ယောက်အတူ စားတတ်ပါသည်။
#ဆက်ရန်ရှိ

image

၃.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၃.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၃.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image

၃.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ........
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ

image
image
image
1 y - Translate - Youtube

ဒီနေအခြေအနေကလဲအဲလိုပဲ

ဒီဇင်ဘာ ၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်း​လေးအိုးကြီး

image