1 y - Translate

အခြားသူကို ပန်းပေးရင်
အရင်ဆုံး ကိုယ့်လက်မှာ ရနံ့တွေကျန်တယ်။
ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။

ဒီစကားရဲ့ အဓိပ္ပါယ်က
အခြားသူကို ရိုးသားမှု၊ ချစ်ခြင်းမေတ္တာနဲ့
ကြင်နာမှုတွေ ပေးတဲ့အခါ
သူတို့ကို ဝမ်းသာပျော်ရွှင်စေရုံမက
ကိုယ့်ဆီမှာလည်း လှပတဲ့အမှတ်တရတွေ
ကျန်ရစ်စေပြီး
အတွင်းစိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုကို
ခံစားစေပါတယ်။

အခြားသူကို ကောင်းမှုလုပ်တဲ့အခါ
လက်တွေ့လုပ်ဆောင်မှုမှာ
ကူညီပံ့ပိုးမှုအပြင်
ရှင်သန်လိုစိတ်နဲ့ အပြုဆောင်စွမ်းအင်ကိုလည်း
လက်ဆင့်ကမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီလိုအပြုဆောင်စွမ်းအင်က
တုံ့ပြန်ချက်ကောင်းတွေ ပြန်လည်ယူဆောင်လာပြီး
ပေးကမ်းသူရဲ့ စိတ်နှလုံးကို ငြိမ်သက် ပျော်ရွှင်စေကာ
ကံကောင်းခြင်းနဲ့ ဆုလာဘ်တွေကို ဖြစ်ပေါ်စေပါတယ်။

#နိုင်းနိုင်းစနေ

💭 || 15.9.2024

image
1 y - Translate

အချစ်ဆိုတာ
တကယ်တော့ စေတနာပါပဲ။

တစ်ဦးနဲ့တစ်ဦးချစ်ပြီဆို စေတနာက
အလိုလိုထားပြီးသား ဖြစ်နေတယ်။

ကိုယ့်ချစ်သူ ကောင်းတာလေးတွေ
သုံးနေရင် မုဒိတာ ဖြစ်တယ်။
ကိုယ့်ချစ်သူ လိုအပ်တာမှန်သမျှ
အကုန်ဖြည့်ဆည်းပေးချင်တယ်။

အစားကောင်း စားရရင်
သူ့ကို သတိရတယ်။
ပစ္စည်းအသစ်လေး သုံးရရင်
သူ့ကိုလည်း သုံးစေချင်တယ်။

အရာရာ စေတနာက ဖြစ်နေတော့
ကိုယ်ကောင်းတာ တွေ့ကြုံနေရသ၍
သူ့ကိုလဲ ကိုယ်နဲ့ထပ်တူ ရရှိခံစားစေချင်တယ်။

ဒါကို ပြန်ကြည့်မယ်ဆိုရင်
အချစ်ဆိုတာ
ရယူခြင်းလည်း မဟုတ်
ပေးဆပ်ခြင်းလည်း မဟုတ်

တကယ်တော့ အချစ်ဆိုတာ
တစ်ဦးအပေါ်တစ်ဦးထားတဲ့ စေတနာပါပဲ။

#2001
//crd

image
1 y - Translate

အချစ်ရဲ့ နောက်ဆုံးဆိုလိုရင်းက
ကို့ကို ဘယ်လောက်ချစ်ပါတယ်...၊
ဘယ်၍ဘယ်မျှ ပျော်စေတယ်၊
ဘယ်လောက်ကြီးပဲ နားလည်ပေးပါတယ်"
ဆိုတာထက်၊

"အဆုံးသတ်မှာ ဘယ်သူက
ကိုယ့်ကိုရွေးချယ်လဲ၊
ဘယ်သူသာ ကိုယ့်အနားရှိပေးသွားလဲ၊
ဘယ်သူကပဲ ကို့ကိုငဲ့ငြှာလဲ" ဆိုတာကပဲ
အရေးကြီးဆုံးပါ။

အရမ်းချစ်ပါတယ် ဆိုတဲ့လူလည်းတွေ့နိုင်တယ်။
အရမ်းဂရုစိုက်ပေးတဲ့လူလည်း တွေ့နိုင်တယ်။
အရမ်း အလိုက်သိတဲ့လူလည်း တွေ့နိုင်တယ်။
ကို့ဖြစ်တည်မှုလေးကိုမှ သဘောကျပါတယ်ဆိုတဲ့လူလည်း တွေ့နိုင်ပါတယ်။
ဒါပေမယ့်..
အဆုံးထိ ကို့ကိုရွေးချယ်တဲ့လူတော့ ရှားတယ်။

အဓိက က
အဆုံးသတ်မှာ ကို့ကိုဘယ်သူက
ရွေးချယ်တယ်ဆိုတာကပဲ အရေးကြီးတယ်။

လက်ရှိလူကို တန်းဖိုးထားပါ။
သူက မင်းကိုရွေးချယ်မယ့်လူဖြစ်လာနိုင်ချေများပါတယ်။
😊😊😊

#2001
//crd

image
1 y - Translate

ငယ်ဘ၀တွေပေါ့ ဖအေ နာမည်ခေါ်မှ အရသာရှိတာ😁😁

image
1 y - Translate

❝ အိမ်လွမ်းနာ ❞

ပျော်ရွှင်ရတဲ့အကြောင်း
ရင်နာရတဲ့အကြောင်း
အောင်မြင်ခဲ့တဲ့အကြောင်း
မအောင်မြင်ခဲ့တဲ့အကြောင်း
တစ်နေ့တာ ကြုံသမျှကို
ကိုယ့်အိပ်ယာလေးဆီ အကုန်ပစ်ချလိုက်တယ်
ပြီးတော့...ငို..။

ကိုယ့်စိတ်ဝိညာဉ်ဟာ စံပယ်ခင်းလေးရှိတဲ့ အိမ်ဆီ
မီးခိုးစော် နံနေတဲ့ အမေ့ရဲ့ မီးဖိုချောင်လေးဆီ
လုံမရေလို့ခေါ်တဲ့ အဖေ့ရဲ့ လယ်ကွင်းတွေဆီ
ဖယောင်းတိုင်အောက်က စုံညီထမင်းဝိုင်ဆီ
ကိုယ်စိတ်ဝိညာဉ်လေး ကိုယ့်ထံပြန်ရောက်လာသောအခါ..ငို..။

ရေကြည်ရာ မြက်နုရာဆိုသော အရပ်မှာ
အိမ်လွမ်းနာဆိုတာ ဝဋ်နာကံနာ။ ။

▪️မြကျေး

#မြ‌ကျေး
#အိမ်လွမ်းနာ
#geniusbookhouse

image
1 y - Translate

ခုနောက်ပိုင်း ကိစ္စတွေကို သိပ်ပင်ပင်ပန်းပန်း မတွေးတော့ဘူး၊
အဆင်ပြေချင်လဲ ပြေမယ်၊ မပြေချင်လဲ မပြေဘူး၊
ကိုယ့်ဆီရောက်လာမဲ့ ကိစ္စဆိုရင် ရောက်ကို ရောက်လာလိမ့်မယ်၊ ကိုယ်နဲ့ ထိုက်တန်တာဆို ကိုယ့်ဆီရောက်လာလိမ့်မယ် ၊
အဆင်မပြေမဲ့ကိစ္စ၊ ကိုယ်နဲ့မထိုက်တန်တဲ့အရာတွေက ကိုယ်ဘယ်လောက်ကြိုးစားအားထုတ်ပါစေ ဖြစ်လာမှာ မဟုတ်ဘူး၊ အဲလိုပဲတွေးတော့တယ်၊

အချစ်ရေးရော စီးပွါးရေးရော လူမှုရေးတွေရော အကုန်ပဲ …..
ကိုယ်နဲ့ထိုက်တဲ့ ပိုက်ဆံက ကိုယ့်ဆီဝင်တယ်
ကိုယ်နဲ့ပဌာန်းဆက်ပါတဲ့လူနဲ့ ဖူးစာဆုံတယ်
ကိုယ်နဲ့တွဲလို့ရတဲ့ မိတ်ဆွေစစ်နဲ့ ဆုံခွင့်ရတယ်

ဒါတွေက လုပ်ယူလို့မရ ဖန်တီးလို့လဲမရဘူး
အတင်းလုပ်ယူလဲ လုပ်ယူထားတာကြီးမို့ အံဝင်ခွင်ကျ ဖြစ်နေမှာ မဟုတ်ဘူး ၊ ပြီးရင်လဲ ဝေးသွားကြမှာပဲ၊

ဒါကြောင့် စိတ်ကိုလျော့ပြီး နေလိုက်ရင် တချို့ကိစ္စတွေက သူ့အလိုလို ပြေလည်သွားမှာတွေရှိတယ်…….
အချိန်တခုတော့ ပေးရမှာပေါ့ ….

#crd_to_owner_with_respect

image
1 y - Translate

ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
++++++++++++++++
ရွှေဘဏ်ဖူဆယ်‌ဘောလုံးအသင်းနဲ့ MH.Dreamဖူဆယ်‌ဘောလုံးအသင်းတို့ ချစ်ကြည်ရေး‌ ခြေစမ်းပွဲကစားခဲ့ကြပါတယ်။

ဒီနေ့စက်တင်ဘာလ၂၂ရက်နေ့ ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်၊၄၈ရပ်ကွက်မှာရှိတဲ့ Dream Paradise ဖူဆယ်ကွင်းမှာခြေစမ်းကစားခဲ့ကြတာပါ။

အဲ့ဒီချစ်ကြည်ရေးခြေစမ်းပွဲကို ရွှေဘဏ်ကဦးဆောင်ပြုလုပ်တာဖြစ်ပြီးရွှေဘဏ်ဝန်ထမ်းများပျော်ပွဲရွှင်ပွဲအဖြစ်ကျင်းပပေးတာလည်းဖြစ်ပါတယ်။

ဒီနေ့ကစားခဲ့တဲ့ချစ်ကြည်ရေးခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ကြတဲ့နှစ်ဘက်အားကစားသမား‌ တွေကိုအသင်းတာဝန်ရှိသူ‌ တွေကဂုဏ်ပြုလက်မှတ်နဲ့ အမှတ်တရလက်ဆောင်ပစ္စည်း‌ တွေပေးအပ်ခဲ့ကြပါတယ်။

image
1 y - Translate

😢

image
1 y - Translate

ဝက်ပင်စိမ်းကြော်နည်းလေးမျှဝေလိုက်ပီနော်😊
==========

ဝက်ကြိတ်သားကို သို့မဟုတ် ဝက်သားကိုအတုံးသေးလေးတွေတုံးပါ
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

#ဖိုးသက်kitchen
Credit မူးရင်း

ဝက်ပင်စိမ်းကြော်
==========

ဝက်ကြိတ်သားကို သို့မဟုတ် ဝကျသားကျုလိုသလိုအတုံးသေးတုံး
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၂-၉-၂၀၂၄)

image