28 w - Translate

အမေရိက၌ နိုရိုဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာ

နူးယော့ခ်၊ဒီဇင်ဘာ ၃၁

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှအချက်အလက်များအရ ယခုလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်း၌ နိုရိုဗိုင်းရပ်ရောဂါဖြစ်ပွားမှုနှုန်းမှာ ပုံမှန်မဟုတ်‌ေသာ နှုန်းဖြင့်မြင့်မားလျက်ရှိသည်ဟုသိရသည်။

လတ်တလောစစ်ဆေးအတည်ပြုချက်များအရ နိုရိုဗိုင်းရပ်စ်ရောဂါအတည်ပြုလူနာနှင့်သံသယလူနာစုစုပေါင်း ၉၁ ဦးအထိတွေ့ရှိရသည်ဟုလည်းထုတ်ပြန်ကြေငြာထားသည်။

နိုရိုဗိုင်းရပ်စ်ရောဂါသည် တစ်နှစ်ပတ်လုံးဖြစ်ပွားနိုင်သော်လည်း နိုဝင်ဘာနှင့်ဧပြီလကြားကာလများတွင် အများဆုံးဖြစ်လေ့ရှိသည်ဟုလည်းသိရသည်။

နှစ်စဉ် နိုင်ငံတစ်ဝန်းရှိလူပေါင်း ၁၉ သန်းမှ ၂၁ သန်းအထိအား ဖျားနာစေသည့် ကူးစက်တတ်သော အဆိုပါဗိုင်းရပ်စ်သည် ရုတ်တရက်ဆိုသလို အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်းသိရသည်။

အဆိုပါနိုရိုဗိုင်းရပ်စ်သည် အလွယ်တကူကူးစက်နိုင်ပြီးယခုလတွင် လော့ဆန်းဂျလိစ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှရောင်းချသည့် ကမာကောင်ကို အစိ-မ်းစားသောကြောင့် လူ ၈၀ ထက်မနည်း ဖျားနာခဲ့ကြကြောင်းလည်းသိရသည်။