Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရန်ကုန် - မန္တလေးအမြန်လမ်းမှာဘုရားဖူးexpressတိမ်းမှောက်လို့ တယောက်သေ၊ ၃၄ယောက်ဒဏ်ရာရ
ဇန်နဝါရီ ၂
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၀)နဲ့(၁၁၇/၁)ကြားမှာ ဇန်နဝါရီလ ၁ ရက်နေ့ ၊နေ့လယ် ၃ နာရီကျော်လောက်မှာ Yutong Express ကား တိမ်းမှောက်ပြီး တယောက်သေကာ ၃၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဆိုပါ Express ကားက ဘုရားဖူးကားဖြစ်ပြီး နေပြည်တော်ကနေ ရန်ကုန်ကိုသွားတဲ့ကားဖြစ်တယ်လို့သိရပါတယ်။
" ကားမှောက်တာမှန်ပါတယ်။ထိခိုက်ဒဏ်ရာရကလည်းမီးသတ်ကထုတ်တဲ့အတိုင်းပဲ။ကားကဘုရားဖူးကားလို့သိရတယ်။" လို့ဖြူး အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။
အဆိုပါ express ကားပေါ်မှာ ယောကျ်ားလေး ၁၁ ယောက်နဲ့မိန်းကလေး ၃၄ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊ အဲဒီထဲကမှ ယောကျ်ားလေးအားလုံးနဲ့မိန်းကလေး၂၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိန်းကလေးတယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးနဲ့သေဆုံးသူကို ဖြူးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်ကလည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂)နဒ့ (၇၃/၃) အကြားမှာကားတစီး ယာဉ်(၁)စီး ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို တိုက်မိမှုဖြစ်ပွားကာ မိန်းကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ လကနေ အောက်တိုဘာလအထိဆယ်လတာကာလအတွင်းမှာဆိုရင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်တိုက်မှုပေါင်း ၃၂၃၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။
#သတင်းဟင်းလေးအိုးကြီး
သန်ကောင်တွေရှိနေရင် အဖြစ်အများဆုံး လက္ခဏာ တစ်ခုကတော့ 👇🏻
ယားယံခြင်းပဲဖြစ်ပါတယ် 😱...ဒါကြောင့် ၆ လတစ်ကြိမ် သန်ချပါ 🥰
" သန်ချ ကျန်းမာ ပြုံးပျော်ပါ 🥰 "
#crdphoto
#ကျန်းမာရေးဆိုင်ရာဗဟုသုတ
တောင်ကိုရီးယားရဲ့ အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှုအတွင်း လူပေါင်း ၁၇၉ ယောက်သေဆုံး
AFP
ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို လူပေါင်း ၁၈၁ ယောက် တင်ဆောင်ပျံသန်းလာတဲ့ ဂျေဂျူးလေကြောင်းလိုင်းပိုင် လေယာဥ်တစင်းဟာ ဒီဇင်ဘာ ၂၉ ရက်က လေဆိပ်ကို ဆင်းသက်ချိန်မှာ ပျက်ကျပြီး အတားအဆီးတခုကို ဝင်တိုက်ကာ မီးလောင်ပေါက်ကွဲခဲ့တာကြောင့် အပျက်အစီးတွေနဲ့အတူ လွင့်ထွက်သွားခဲ့တဲ့ လေယာဥ်အမှုထမ်းနှစ်ယောက်ကလွဲလို့ ကျန်လိုက်ပါလာသူအားလုံး သေဆုံးသွားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးရွားဆုံး ဒီလေယာဥ်မတော်တဆမှုဟာ ငှက်ကိုဝင်တိုက်ခဲ့တာကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒီဖြစ်စဥ်မှာ ခရီးသည်တွေဟာ လေယာဉ်ကနေ လွင့်ထွက်သွားခဲ့ပြီး လေယာဥ်ဟာလည်း ရစရာမရှိလောက်အောင် ပျက်စီးသွားခဲ့တယ်လို့ မီးသတ်အရာရှိတွေက ဆိုပါတယ်။
#တောင်ကိုရီးယား #လေယာဉ်ပျက်ကျမှု

Genres - Adventure, Fantasy, Comedy, Isekai
ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ရီရမယ့် Isekai ကားသစ်လေးပါဗျ ၊ 1 လပိုင်း 2 ရက်ယနေ့မှာထွက်ရှိလို့လာမဲ့ကားသစ်လေးလဲဖြစ်ပါတယ်နော်။
Uchimura Dennosuke ဆိုတဲ့ လခစားဝန်ထမ်းတစ်ယောက်ဟာ တခြားကမ္ဘာကို ကူးပြောင်းခံရပြီး နတ်ဆိုးဘုရင်ရဲ့ စစ်တပ်ထဲမှာ အလုပ်လုပ်ရဖို့ ကံကြမ္မာငင်ခဲ့လေရဲ့...နတ်ဆိုးဘုရင်တပ်ထဲမှာ အဲ့ဒီကမ္ဘာကို အုပ်စိုးနေတဲ့ King လေးယောက်ရှိတဲ့အနက် Uchimura လည်း တစ်ယောက်အပါအဝင်ပေါ့။
Uchimura က နတ်ဆိုးဘုရင်တပ်ထဲမှာဆို စီးပွားရေးလုပ်ရမဲ့ ဒါရိုက်တာ ရာထူးကိုရထားသူပါ ၊ ဒါပေမဲ့ အဲ့နတ်ဆိုးဘုရင်တပ်ထဲမှာ စီးပွားရေးလုပ်ရတာက နေ့တိုင်းသေရေးရှင်ရေးလို ဖြစ်နေတဲ့အခါ....ကြုံလာသမျှအခက်အခဲတွေကို လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ရှိခဲ့တုန်းက အတွေ့အကြုံတွေကိုသုံးပြီး ဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထွက်လာရင်ကြည့်ရှူကြည့်လိုက်ပါအုံးနော်...
#anihub




The Con-Heartist"
ရည်းစားဟောင်းကြောင့် အကြွေးတွေပိနေပြီး ဘဝကိုခြိုးခြံချွေတာရင်း အလုပ်လုပ်လိုက် အကြွေးဆပ်လိုက်နဲ့ သံသရာလည်နေရတဲ့ ဘဏ်ဝန်ထမ်းမလေး "အီနာ"
လိမ်နည်းပေါင်းစုံကို ကျွမ်းကျင်တတ်မြောက်တဲ့ အကြီးစားလူလိမ်ဖြစ်သူ "နိုင်ထေဝါ"
အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားတွေ့ဆုံခဲ့ကြပြီး အီနာရဲ့ရည်းစားဟောင်းကို လက်စားချေဖို့အတွက် အတူပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ကြတယ်။
တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ခြင်းတွေနဲ့အတူ စတင်ခဲ့တဲ့ သူတို့ရဲ့ Planက အဆံုးမှာ အောင်မြင်သွားမလား.?….နိုင်ထေဝါတစ်ယောက် သူ့ရဲ့ဗီဇအတိုင်း အီနာကိုပါ လှည့်စားခဲ့မလားဆိုတာ...?.စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဟာသဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
မင်းသားချော P'Nadech နဲ့ မင်းသမီးချော Baifernတို့ အဓိကပါဝင်ထားတာမို့ လုံးဝ(လုံးဝ)လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါနော်🥰🥰
#crd
ယူနိုက်တက် တန်းဆင်းရမယ့်အန္တရာယ်ရှိနေတယ်လို့ အာမိုရင်သတိပေး
ဇန်နဝါရီ ၂
ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်က အသင်းအနေနဲ့ တိုးတက်မှုမရှိလာဘူးဆိုရင် တန်းဆင်းရမယ့် အန္တရာယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
အာမိုရင်က “တန်းဆင်းဖို့ဆိုတာ ဖြစ်နိုင်ဖွယ်ရှိတဲ့အရာလို့ ကျနော်ထင်ပြီး ပရိသတ်တွေအနေနဲ့ ဒါကို ရှင်းရှင်းလင်းလင်းရှိရမှာပါ။ တစ်ခုခုကို ပြောင်းလဲဖို့ လိုအပ်ပေမယ့် ဒီရာသီကလူတိုင်းအတွက် အလွန်ခက်ခဲပါလိမ့်မယ်။ ဒါက ကျနော်တို့ကို ပိုသန်မာစေပြီး တိုက်ပွဲဝင်ရမှာပါ။ ကလပ်ရဲ့သမိုင်းမှာ အဆိုးရွားဆုံး အခိုက်အတန့် တစ်ခုဖြစ်နေတယ်ဆိုတာ ကျနော်တို့လက်ခံရမှာပါ"လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီးနောက် အိမ်ကွင်း ၃ ပွဲဆက်တိုက် အရေးနိမ့်ခဲ့သလို ဒီဇင်ဘာလထဲမှာ ပြိုင်ပွဲစုံ ၆ ပွဲအထိ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလထဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲတွေမှာ ပေးဂိုး ၁၈ ဂိုးအထိ ပေးခဲ့ရပြီး အသင်းရဲ့အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့နေရတာပါ။
ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်ကာ ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ခဲ့သလို တန်းဆင်းဇုန် အထက်ကအသင်းနဲ့ ၇ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ပွဲတွေမှာ ရလဒ်တွေမကောင်းရင် တန်းဆင်းဇုန်နဲ့ ပိုပြီးနီးကပ်သွားနိုင်တာကြောင့် နည်းပြအာမိုရင်က သတိပေးမှုပြုလုပ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
#centralnewsnaypyitaw



ငေးကြည့်ရုံလေးပါဘဲ...
ခင်ဗျားနားကို လာဖို့မရဲခဲ့သလို
ခင်ဗျားကလည်း ကျွန်တော့်အတွက်မဟုတ်ခဲ့ဘူး...
#စာတို