1 နှစ် - ဘာသာပြန်ပါ။

■ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသ်ာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့် နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသ်ာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အတွင်း နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းအနေဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး စက်တင်ဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းလာနိုင် ခြင်းကြောင့်လည်းကောင်း စက်တင်ဘာ ၂၂ ရက်နေ့လယ်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ပေါင်းလောင်းဆည်ခိုင်ခံမှု စိုးရိမ်ဖွယ်ရာမရှိဟုထုတ်ပြန်
+++++++++++++++++++++++
ပြည်ထောင်စုနယ်မြေနေပြည်တော်မှာရှိတဲ့ ပေါင်းလောင်းဆည်ဟာ ခိုင်ခံမှုအနေနဲ့ စိုးရိမ်ဖွယ်ရာမရှိဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လတ်တလောထွက်ပေါ်နေတဲ့ ပေါင်းလောင်းဆည်ကျိုးမယ်ဆိုတဲ့သတင်းဟာ လုံးဝဖြစ်နိုင်ချေမရှိဘူးလို့ထုတ်ပြန်ပါတယ်။ တမံဟာ ကျောက်သားနဲ့တည်ဆောက်ထားတဲ့ Rock Fill Dam အမျိုးအစားတမံဖြစ်တယ်လို့ဆိုပါတယ်။

တမံ အမြင့် ပေ၄၃၀ နဲ့ အလျား ပေ ၃၁၀၀ ရှိပြီးတော့ ရေကျော်နေတဲ့ ရေပိုလွှဲကလည်း အကျယ် ၄၆၁ ပေရှိတယ်လို့သိရပါတယ်။ရေပိုလွှဲရဲ့ ရေကျော်နိုင်တဲ့ ခံနိုင်ရည်အားဒီဇိုင်းတွက်ချက်မှုအရ ၂၁ ပေ ရေကျော်နိုင်တာဖြစ်ပြီး လက်ရှိရေကျော်နေတာက ၆.၃ ပေ ရှိတာကြောင့် စိုးရိမ်ဖွယ်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေမှာ တမံထိပ်ပြင်ရောက်ဖို့ဆိုရင် အမြင့် ၃၆ ပေလောက် လိုနေသေးရာ အခုလောက်အထိတက်လာဖို့လည်း မဖြစ်နိုင်ဘူးလို့တယ်လို့ဆိုပါတယ်။ ရေပိုလွှဲမှာ ရေကျော်နေတဲ့ အသိပေးတဲ့ အလံအစိမ်းသာထောင်ထားတာဖြစ်ပြီး အလံအနီနဲ့ Red Alert လုပ်ထားတာလုံးဝမရှိဘူးလို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။

ဆည်မှာ ရာဂီမုန်တိုင်းမိုးကြောင့် ရေပိုလွှဲပေါ်က ၁၁.၈၇ ပေအထိ အမြင့်ဆုံးကျော်ခဲ့ပြီး အခုရေပြန်ကျနေပြီလို့သိရပါတယ်။

နေပြည်တော်မှာ ဆည်တမံ ၁၂ခုရှိတဲ့အနက် မုန်၊ ငလိုက်နဲ့ ပေါင်းလောင်း တို့ဟာရေကျော်နေပြီး ပေါင်းလောင်းဆည်ဟာ အများဆုံးရေကျော်နေတာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ခြေစွမ်းတဆင့်တက်လှမ်းနိုင်ကြောင်း မန်စီးတီးကွင်းတွင် အာဆင်နယ် သက်သေပြရန်လို

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ခြေစွမ်းနောက်တဆင့် တက်လှမ်းနိုင်တယ် ဆိုတာကို မန်စီးတီးရဲ့ကွင်းမှာ သက်သေပြဖို့ လိုအပ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ည ၁၀ နာရီမှာ မန်စီးတီးရဲ့ အီတီဟတ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

image

image
1 နှစ် - ဘာသာပြန်ပါ။

အင်း❤️‍🩹...........

image
1 နှစ် - ဘာသာပြန်ပါ။

ကျတော့်စိတ်တွေ မူမမှန်
ရုတ်တရက် စိတ်တွေဖောက်ဖျက်
စိတ္တဇအရူးတစ်ယောက်လိုမျိုး
လမ်းမတွေပေါ် ပတ်ပြေး
တွေ့ပြီ ‌တွေ့ပြီ တွေ့ပြီ တွေ့ပြီ။

မှန်ထဲကကိုယ့်ပုံရိပ် ကိုယ်ပြန်ကြည့်
ငါ့သွေးငါချိန်ကြည့် ငါ့ကိုယ်ငါပြန်မေး
သူဟာဘယ်သူလဲ သူဟာဘယ်သူလဲ
သူဟာ ငါပဲ ငါဟာ သူပဲ
ငါဟာ စိတ္တဇဖြစ်နေတဲ့ သူပဲ
သူဟာ စိတ္တဇဖြစ်နေတဲ့ ငါပဲ
ငါဟာ ငါ့စိတ္တဇနဲ့ငါ ပျော်မွေ့ခဲ့ပါတယ်။

ကျွန်တော်ရေးတာ ကဗျာမဟုတ်
ဒီတိုင်းလျှောက်ရေးတာပါ
ခင်ဗျားတို့အတွက် ဘာမှမဟုတ်ပေမဲ့
ကျတော့်အတွက် စိတ်ထွက်ပေါက်တစ်ခုပါ။

ဟုတ်ကဲ့ ဒါပါပဲ
ကျေးဇူးတင်ပါတယ်။

-မောင်ထက်ခေါင်
#fightclub?

image
1 နှစ် - ဘာသာပြန်ပါ။

ကော်ဖီသောက်ပြီးတိုင်းခွက်ကိုဆေးတယ်
အဝတ်အစားတွေကိုသပ်သပ်ရပ်ရပ်ခေါက်တယ်
ဘယ်အရာကိုမှဖြစ်သလိုမထားဘူး
ဖြစ်သလိုအထားခံရတဲ့ဘဝကိုလည်းကိုယ်ချင်းစာတယ်...

- အလင်းသင် -

image
1 နှစ် - ဘာသာပြန်ပါ။

-ကြွကြွရွရွမနေနိုင်သေးတဲ့ ဘဝမို့
လှလှပပလမ်းတွေကို မလှမ်းသေးတာပါ ။

-ငါတို့မှာ လျှောက်ချင်တဲ့ မျှော်လင့်ချက်တွေလည်း
တပုံတပင်
-မပြည့်သေးတဲ့ အိုးတွေမို့ ဖြည့်ဖို့ လိုအပ်တဲ့ ပညာကလည်း
ဒုနဲ့ဒေး ။

#နေညိုရောင်ခြည်

image
1 နှစ် - ဘာသာပြန်ပါ။

တည့်တည်းသွားလို့ရမှန်းသိတယ်။
တချို့တွေကိုစချင်လို့ တမင်ကွေ့သွားတာကွာ

image
1 နှစ် - ဘာသာပြန်ပါ။

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက်မဖြစ်သေးတာလဲ

(၁) ဆင်ခြေအရမ်းများတယ်။

တစ္ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။

(၂) တစ္ခုခုကို အမြဲကြောက်တယ်။

ဆုံးရူံးမှာကြောက်တယ်။ ဂုဏ်ငယ်မှာကြောက်တယ်။
သူမ်ားဟားမွာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ်။ ခေတ်ပျက်မှာက်ိုကြောက်တယ်။ စသည်ဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက်သံတရာကနေ ရုန်းမထွက်တော့ပါဘူး။

(၃) သင်ယူဖို့ ငြင်းဆန်တယ်။

လုပ်လည်းမလုပ်တတ်ဘူး။ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။

(၄) ချီတုံချတုံ ဖြစ်တယ်။

နားယောင်လွယ်တယ်။ သူမ်ားကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။

(၅) အချိန်ဆွဲတယ်။

မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

(၆) ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်။

ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ။ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။

(၇) သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်။

သူမ်ား No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။

(၈) ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်။

ဟိုအလုပ်တော့ မသင့်တော်ဘူး။ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည်ဖြင့် ဘောင်အမျိုးမျိုး ကေန ရုန်းမထွက်တော့ပါဘူး။

(၉) လက်တွေ့မဆန်ဘူး။

အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြဿနာပါ။ ကံကောင်းမူတွေ၊ လဘ္လာဘေတြ တစ်ခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျှော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။

ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ။
ပြုပြင်ရတော့မှာပေါ့။
သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား

ပြန်လည်မျှဝေသည်။
မူရင်းရေးသားသူအားလေးစားလျှက်….

image