နိုင်ငံတကာသတင်းတိုများ
၁။ရုရှားသဘာဝဓါတ်ငွေ့ကိုယူကရိန်းမှတဆင့်ဥရောပနိုင်ငံများသိုပိုဆောင်နေခြင်းသည်ယူကရိန်းကစာချုပ်သက်တမ်းမတိုးသဖြင့်ဇန်နဝါရီလ၁ရက်နံနက်၈နာရီမှစတင်ရပ်တန့်သွားပြီဖြစ်သည်။
၂။ပိုလန်နိုင်ငံခြားရေးဝန်ကြီးကရုရှားဓါတ်ငွေ့ပိုဆောင်မှုကိုယူကရိန်းကရပ်တန့်လိုက်ခြင်းသည်အနောက်အုပ်စု၏အောင်ပွဲဟုပြောလိုက်သည်။
၃။အာဖန်တာလီဘန်အစိုးရကNGOများတွင်ခန့်ထားသောအာဖဂန်နစ္စတန်အမျိုးသမီးအားလုံးကိုအလုပ်ဖြုတ်ရန်အမိန့်ထုတ်လိုက်သည်။
၄။အမေရိကန်နယူးအော်လင်းမြိုတွင်ထရပ်ကားတစ်စီးကလူအုပ်အတွင်းဝင်တိုက်ပြီးထရပ်ကားဒရိုင်ဘာကကားပေါ်မှဆင်းကာသေနတ်ဖြင့်ပစ်ခတ်သဖြင့်ဆယ်ဦးသေပြီး၃၀ဦးဒဏ်ရာရကြောင်းကနဦးသိရသည်။ဒရိုင်ဘာကိုရဲကအသေပစ်ခတ်ဖမ်းဆီးလိုက်သည်။
၅။အိုင်ဗရီကိုစ်နိုင်ငံကပြင်သစ်တပ်များနိုင်ငံအတွင်းမှထွက်ခွာရန်နှင်ထုတ်လိုက်သည်။
NOM