28 ပတ် - ဘာသာပြန်ပါ။

#ကြက်ချဉ်စပ် 🍗

🤤
🔸🔹ပါဝင်ပစ္စည်းများ🔹🔸
--------------------------------------------
▪️ကြက်သား - ၁၅ကျပ်သား
▪️ကြက်သွန်နီ - ၂လုံး
▪️ဂျင်း၊ ကြက်သွန်ဖြူ (ထောင်းပြီးသား) - လက်ဖက်စားဇွန်းတဇွန်း
▪️ဆား -ဇွန်းတဝက်
▪️ဟင်းခပ်မှုန့် - တစ်ဇွန်း
▪️ကော်မှုန့် - တစ်ဇွန်း
▪️ငရုပ်ချဉ် - တစ်ဇွန်း စားပွဲတင်
(စျေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုပ်ချဉ်)
▪️ခရမ်းချဉ်သီး - အကြီး ၁လုံး
▪️ငရုတ်ပွသီး - ၁လုံး
▪️ကြက်သွန်မိတ် - ၂ပင်
▪️ငရုပ်သီးစိမ်းနီ -အနည်းငယ်
▪️သံပုရာသီး
▪️ဆီအနည်းငယ်

👩‍🍳 ချက်ပြုတ်နည်း 👩‍🍳
**********************
1️⃣ ဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။ ၁၅မိနစ်ခန့် နှပ်ထားပေးပါ။

2️⃣ ကြက်သွန်နီမထူမပါးလှီးထားပါ။ ငရုတ်ပွကိုလည်း ခြမ်းထားလှီးထားပါ။ ခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူစိတ်ထားပါ။ ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။

3️⃣ အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။) ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ငရုပ်ချဉ်ထည့်ပါ(မွှန်ပါတယ်)။ ကြက်သားထည့်ကြော်ပါ။

4️⃣ ကြက်သားအရောင်ပြောင်းပါကကြက်ပြုတ်ရည်(သို့မဟုတ်)ရေအနည်းငယ်ထည့်ပေးပါ။နည်းနည်းစီထည့်‌ေပးပါ။

5️⃣ ကြက်သားကျက်ပါကသံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။ ငရုပ်သီးခြမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး၊ ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

‼️(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စား မကောင်းပါ။)
.....................................
#credit
#ကြက်ချဉ်စပ် #ကြက်သား #ချဉ်စပ်
#cooking #chicken
#ချက်ပြုတ်နည်း #ဟင်း

image