1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

imageimage
+5
1 y - Translate

ပဲခူးတိုင်းအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်

ပဲခူးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၄) ကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ၊ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက္ကဋ္ဌက အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒေသထွက်ကုန်များအပေါ် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ စားသုံးသူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူတိုင်ကြားမှုများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းများအား အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်းကိုလည်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးတင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

image
1 y - Translate

မိုင်းပြင်းမြို့ကိုဗဟိုပြုပြီး ယနေ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့

ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ကျိုင်းတုံမြေငလျင်စခန်းမှ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၁၁ နာရီ ၄၂ မိနစ် ၁၄ စက္ကန့်ခန့်က ယင်း ငလျင်လှုပ်ခတ်မှုကို တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မိုင်းပြင်းမြို့၏ အရှေ့ တောင်ဘက်(၁၈)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၁ ဒသမ ၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၂၆)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈) အဆင့်ဖြင့်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image
1 y - Translate

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် မီဒီယာကတ်များကို ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်
==================
မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မည့် ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲသို့ သတင်းရယူမည့် မီဒီယာများ အနေဖြင့် အောက်ဖော်ပြပါ Link တွင် အချက်အလက်များ အပြည့်အစုံ ဖြည့်စွက်ပြီး ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ သတင်းရယူခွင့်ကတ်များကို Press နှင့် Photo ဟူ၍ အမျိုးအစားနှစ်မျိုးသာ ထုတ်ပေးသွားမည် ဖြစ်ပါသည်။

အချက်အလက် အပြည့်အစုံနှင့် သတင်းရယူသူ၏ ဓါတ်ပုံ မပါရှိသော မီဒီယာကတ်အလွတ်များကို ယခုပြိုင်ပွဲတွင် ထုတ်ပေးမည် မဟုတ်ပါ။ မီဒီယာကတ် ရရှိပြီးသည့်အခါတွင်လည်း မိမိတို့ရရှိထားသော မီဒီယာကတ် အမျိုးအစားအလိုက် သတ်မှတ်နေရာများမှသာ သတင်းရယူနိုင်မည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

image