44 w - Translate

Peak power Battery, Heavy Duty, 9 volts 1604E, 6F22, 250mah, 0% Mercury 9v
စျေးနုန်း ၆၀၀၀ကျပ်။
Cell Type: Zinc–carbon
Head Type: Button Top
Voltage: 9V
Rechargeable: No
Protected Circuit: Yes
Over Voltage Protection: No
Short-Circuit Protection: No
Over-Charging Protection: No
Over-Discharging Protection: No
Mercury Free: Yes
Dimensions: 4.9 cm x 2.6 cm x 1.7 cm
Weight: 1.23 oz (35 g)
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i123405232.html?s

image
44 w - Translate

Peak power Battery, Heavy Duty, 9 volts 1604E, 6F22, 250mah, 0% Mercury 9v
စျေးနုန်း ၆၀၀၀ကျပ်။
Cell Type: Zinc–carbon
Head Type: Button Top
Voltage: 9V
Rechargeable: No
Protected Circuit: Yes
Over Voltage Protection: No
Short-Circuit Protection: No
Over-Charging Protection: No
Over-Discharging Protection: No
Mercury Free: Yes
Dimensions: 4.9 cm x 2.6 cm x 1.7 cm
Weight: 1.23 oz (35 g)
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i123405232.html?s

Peak power Battery, Heavy Duty, 9 volts 1604E, 6F22, 250mah, 0% Mercury 9v | Shop.com.mm
www.shop.com.mm

Peak power Battery, Heavy Duty, 9 volts 1604E, 6F22, 250mah, 0% Mercury 9v | Shop.com.mm

Brand: BACHOFEN Cell Type: Zinc–carbon Head Type: Button Top Voltage: 9V Rechargeable: No Protected Circuit: Yes Over Voltage Protection: No Short-Circuit Protection: No Over-Charging Protection: No Over-Discharging Protection: No Mercury Free: Yes D
image
image
image
image

တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာ အသက် ၆၇ နှစ်အရွယ်မှာ နှလုံးအမောဖောက်ကာ ကွယ်လွန်

ဖေဖော်ဝါရီ ၇

အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို ရေးစပ်ဖန်တီးခဲ့သူ တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာဟာ အသက် ၆၇ နှစ်အရွယ် ဒီ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သန်လျင်မြို့နယ်နေအိမ်မှာ နှလုံးအမောဖောက်ပြီ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

“အိပ်မပျော်ဘူး။ ရင်ထဲမှာတစ်မျိုးကြီးပဲမလို့..စာတောင် တင်လိုက်သေးတယ်….အပါး ဦး(နိုင်မြန်မာ) ဒီမနက်မှာပဲ ကွန်လွန်ပါတယ်….ငြိမ်းချမ်းသွားပါပြီ အပါး…လွတ်လပ်သွားရ့ပါပြီ အပါးရေ……”လို့ တေးရေး တေးဆို ဗျူဟာရဲ့ ဇနီးက ပရိသတ်ကို အသိပေးလာပါတယ်။

သူ့ဟာ အဆိုတော် ဗျူဟာ၊ ရာဇဝင်၊ နေမဝင်၊ ရှင်နိုင်းမြန်မာ၊ မင်းအေးမြန်မာတို့ရဲ့ ဖခင်လည်းဖြစ်ပြီး အမည်ရင်းက ဦးနိုင်ဦးမြင့်ဖြစ်ပါတယ်။

နိုင်မြန်မာက ကမ္ဘာမကြေဘူး၊ ဝါဆိုမိုး၊ တစ်ခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ၊ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ စတဲ့ တေးသီချင်းကောင်းတွေကို ရေးသားခဲ့တဲ့ အနုပညာကြယ်ပွင့်လည်းဖြစ်လို့ သူ့ကို ဆုံးရှုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူ ပရိသတ်တွေလည်း ဝမ်းနည်းနေကြပါတယ်။

သူ့ဟာ ယခင်က တီဘီရောဂါ ဖြစ်ခဲ့ဖူးသူလည်းဖြစ်ပြီး ကိုဗစ်မှာလည်း ကူးစက်ခံခဲ့ရပေမဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ဒီနေ့မှာတော့ နှလုံးအမောဖောက် ကွယ်လွန်သွားတာဖြစ်သလို နာရေးအစီအစဉ် အသေးစိတ်ကို မိသားစုတွေတိုင်ပင်ကာစီစဉ်နေဆဲလို့ သိရပါတယ်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

စပါးကိုဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုကာကွယ်ဖို့ လီဗာပူးလ် ဗိုလ်လုပွဲတက်

ဖေဖော်ဝါရီ ၇

ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ စပါးအသင်းကို ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်မှာ ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုကာကွယ်ဖို့အတွက် ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ စပါးအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒုတိယအကျော့ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ဂတ်ပို၊ ဆာလက်၊ ဆိုဘို့ဆလိုင်းနဲ့ ဗန်ဒိုက်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်၊ FA ဖလားပြိုင်ပွဲမှာ စတုတ္ထအဆင့် ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီရာသီဆုဖလား ၄ လုံးရယူနိုင်မယ့် လမ်းကြောင်း ပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းကို နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ သူ့ရဲ့ပထမဆုံး ဗိုလ်လုပွဲကို ကိုင်တွယ်ရတော့မှာပါ။

အာနီဆလော့က “ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က ကျနော့်ကို အကျေနပ်ဆုံးပါပဲ။ ဗိုလ်လုပွဲကို ရောက်ရှိတာက ဒီကလပ်အတွက်တောင် အမြဲတမ်း ထူးခြားနေသင့်ပါတယ်။ ကျနော်တို့ဟာ တိုးတက်မှုရှိဖို့ နေ့တိုင်းလုပ်ဆောင်နေ ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲတွေ ကစားဖို့ကလည်း ကျနော်တို့ရဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်
တယ်”လို့ ပြောခဲ့ တာပါ။

ကလပ်အသင်း တစ်သင်းကို နည်းပြတဲ့ ဒုတိယရာသီမှာ ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူး အတွက်တော့ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါ တယ်။

ဒါပေမယ့် စပါးအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် FA ဖလားနဲ့ ယူရိုပါလိဂ်ဖလား ကျန်ရှိနေ သေးတာပါ။

ပိုစတီကိုဂလူးဟာ ပွဲအပြီးမှာ လီဗာပူးလ်အသင်းကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။

လာမယ့် FA ဖလားစတုတ္ထအဆင့် ပွဲတွေအဖြစ် လီဗာပူးလ်အသင်းက ပလိုင်းမောက်အသင်း၊ စပါးအသင်းက အက်စတွန်ဗီလာအသင်းတို့နဲ့ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - စပါးနဲ့လီဗာပူးလ် ယှဉ်ပြိုင်နေစဉ်

#ဘောလုံးသတင်းစုံ

image

တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်

ဖေဖော်ဝါရီ ၇

တေးရေးဆရာ နိုင်မြန်မာဟာ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်၊ မနက် ၈ နာရီကျော်အချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ နေအိမ်မှာ နှလုံးလေဟပ်ပြီး ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

နိုင်မြန်မာ ကွယ်လွန်တဲ့အကြောင်းကို ဂစ်တာပညာရှင် နိုင်ဇော်က “တေးရေး နိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတခုလုံး ဆုံးရှုံးရသလိုခံစားရပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

နိုင်မြန်မာဟာ ကမ္ဘာမ‌ကျေဘူး၊ ဝါဆို၊ ခုတော့ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ တခါက မြစန်းကြည်၊ မြစန်းကြည်လေးရေ၊ ဒုံးယိမ်းည၊ ပလက်ဖောင်းရှိုး၊ ချစ်လူမိုက် စတဲ့ အောင်မြင်တဲ့ တေးသီချင်းတွေကို ဖန်တီး ရေးသားခဲ့သူဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရလက်ထက်မှာ ဆေးရောင်စုံမြင်ကွင်းကျယ် သီချင်းကြောင့် တရားရင်ဆိုင်ခဲ့ရဖူးသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

နိုင်မြန်မာကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ ချွေးမတော်စပ်သူ အဆိုတော်ဗျူဟာရဲ့ ဇနီး မခင်ချစ်ကြင်က “အိပ်မပျော်ဘူး။ ရင်ထဲမှာတမျိုးကြီးပဲမို့လို့ စာတောင် တင်လိုက်သေးတယ်။ အပါး ဦး(နိုင်မြန်မာ) ဒီမနက်မှာပဲ ကွယ်လွန်ပါတယ်။ ငြိမ်းချမ်းသွားပါပြီ။ အပါး လွတ်လပ်သွားရပါပြီ ” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

အခုလို နိုင်မြန်မာကွယ်လွန်ချိန်မှာ သူ့ရဲ့ သားဖြစ်သူ အဆိုတော်ဗျူဟာက နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

သီချင်းတွေအပြင် ကဗျာတွေကိုလည်း ရေးသားသူဖြစ်တဲ့ တေးရေးနိုင်မြန်မာဟာ နှလုံးရောဂါအခံ ရှိသူဖြစ်သလို ၂၀၂၁ ခုနှစ်မှာ ကိုဗစ် - ၁၉ ရောဂါနဲ့ သေဆုံးပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ဖူးပေမယ့် အသက်ရှင်ခဲ့ပြီး ဒီကနေ့မှာတော့ နှလုံးရောဂါနဲ့ အမှန်တကယ် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo:CJ

#သတင်းဟင်းလေးအိုးကြီး

image

ဟာ

44 w - Translate

ညီမလေး ထရီလီယံလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ ဘီလီယံလေး...😍😍😍

#ဘီလီယံ #ဘေဘီမောင်
#celenews

image

မြန်မာကို ထိုင်းက လျှပ်စစ်၊စက်သုံးဆီနှင့်အင်တာနက် ဖြတ်တောက်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

မြန်မာဘက်ခြမ်းရှိ ကျားဖြန့်ကို ထိန်းချုပ်နှိမ်နင်းရေးအတွက် ထိုင်းက လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီနှင့် အင်တာနက်များကို ဖြတ်တောက်လိုက်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ၅ ခုကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီ ထောက်ပံ့မှုများ ဖြတ်တောက်မှုအတွက် ထိုင်းနိုင်ငံကို မည်သူကမျှ အပြစ်မတင်နိုင်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး အနူတင် ချာဗီရာကူလ် ( Anutin Charnvirakul) က ပြောသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်သည့် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့တွေဟာ စွမ်းအင်ရင်းမြစ်ရဖို့ တခြားတစ်နေရာက ယူချင်ယူ ဒါမှမဟုတ် သူတို့ကိုယ်ပိုင် လျှပ်စစ်ဓာတ်အား ထုတ်တာတွေ လုပ်ဆောင်နိုင်ပါတယ်”ဟု အနူတင်က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက် အပါအဝင် အရှေ့တောင်အာရှတွင် ကျားဖြန့်စင်တာများသည် လူပေါင်း သောင်းနှင့်ချီပြီး ထိန်းသိမ်းထားကာ အွန်လိုင်းမှ ငွေလိမ်သည့် လုပ်ငန်းများကို အတင်းအဓမ္မ စေခိုင်းနေပြီး နှစ်စဉ် ဒေါ်လာ ဘီလျံချီ ရရှိနေကြောင်း ၂၀၂၃ ခုနှစ်က ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံပိုင် Global New Light of Myanmar သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင်လည်း ကျားဖြန့်လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက် အပါအဝင် အခြေခံ လိုအပ်ချက်များကို မြန်မာနိုင်ငံက ထောက်ပံ့ပေးနေခြင်း မဟုတ်ဘဲ အခြားနိုင်ငံများထံမှ ရရှိနေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုင်းပြည်နယ်ဆိုင်ရာ လျှပ်စစ်ဓာတ်အားအာဏာပိုင်အဖွဲ့ (PEA) ကမူ ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီမှစပြီး မြန်မာနယ်စပ်ရှိ နေရာဒေသ ၅ ခုကို ထောက်ပံ့ပေးနေသည့် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၂၀ ဒသမ ၃၇ မဂ္ဂါဝပ်ကို ဖြတ်တောက်ခဲ့သည်။

ထိုကဲ့သို့ ဖြတ်တောက်မှုကြောင့် ထိုင်းအတွက် နှစ်စဉ်ဝင်ငွေ ဘတ် သန်း ၆၀၀ (ဒေါ်လာ ၁၇ ဒသမ ၈၄ သန်း) ဆုံးရှုံးနစ်နာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရသည့် နေရာများသည် မြန်မာနိုင်ငံ၏ တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူ မြို့တို့တွင် ရှိနေသည့် နေရာများဖြစ်သည်။

ဘုရားသုံးဆူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးကမူ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းမှစပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုကို ဒေသခံများခံစားခဲ့ရပြီး တရုတ်စီးပွားရေး လုပ်ငန်းများနှင့် ကျားဖြန့်စင်တာများကမူ မီးစက်များ အသုံးပြုပြီး လုပ်ငန်းများကို လည်ပတ်နေကြောင်း ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက မြို့ထဲကို မီးစက်အကြီးကြီးတွေ ရောက်လာတာကို ကျနော်တို့ မြင်ခဲ့ရပါ တယ်။ ဒီနေ့မှာတော့ အဲဒီမီးစက်ကြီးတွေကိုသုံးပြီး ကျားဖြန့်စင်တာတွေ အပါအဝင် သူတို့ စီးပွားရေးလုပ်ငန်းတွေ ကို ဆက်ပြီးလုပ်နေကြပါတယ်”ဟု အမည်မဖော်လိုသည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

“ဒေသခံတွေ ဖွင့်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေကတော့ ရပ်တန့်သွားခဲ့ပြီး မြို့ထဲကလူတွေလည်း ဒုက္ခရောက် နေကြပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: The Nation

ပုံ - ထိုင်း-မြန်မာနယ်စပ်က မြို့ပြတစ်ခုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

မက္ကဆီကိုက နယ်စပ်သို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်

စူဒက် ဟွာရက်ဇ် ၊ ဖေဖော်ဝါရီ ၇

မက္ကဆီကိုနိုင်ငံသည် ဖေဖော်ဝါရီ ၅ ရက်က အမျိုးသားအစောင့်တပ်(National Guard)နှင့် စစ်တပ်၏ ထရပ်ကား များကို အမေရိကန်နိုင်ငံ၊ တက္ကဆက် (Texas) ပြည်နယ်၊ အယ်လ်ပါဆို (El Paso) မြို့နှင့် မက္ကဆီကို၏ စူဒက် ဟွာရက်ဇ် (Ciudad Juárez) မြို့ကြားရှိ နယ်စပ်ဒေသသို့ စေလွှတ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump)က မက္ကဆီကိုကို အခွန်များ တိုးကောက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် မက္ကဆီကိုက ၎င်း၏ မြောက်ပိုင်းနယ်စပ်သို့ စစ်သား ၁၀,၀၀၀ ခန့် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

မျက်နှာဖုံးများဝတ်ထားပြီး လက်နက်များ ကိုင်ဆောင်ထားသည့် အမျိုးသားအစောင့်တပ်၏ တပ်ဖွဲ့ဝင်များသည် စူဒက်ဟွာရက်ဇ်မြို့ ဆင်ခြေဖုံးရှိ နယ်စပ်အတားအဆီးများ တစ်လျှောက် လုံခြုံရေးယူထားပြီး နယ်စပ်ဒေသအနီးရှိ ခြုံပုတ်များထဲတွင် ဝှက်ထားသည့် လှေကားများနှင့် ကြိုးများကို ရှာဖွေသိမ်းဆည်းကာ ထရပ်ကားများပေါ်သို့ တင်နေကြသည်ကို တွေ့ရသည်။

ထို့ပြင် တီဟွာနာ (Tijuana) မြို့အနီးရှိ နယ်စပ်ဒေသများတွင်လည်း အလားတူ ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်။

ထရမ့်က မက္ကဆီကိုနိုင်ငံမှ သွင်းသည့် ကုန်ပစ္စည်းများကို အခွန်တိုးကောက်မည့် အစီအစဉ်အား ၁ လကြာ ရွှေ့ဆိုင်းပေးမည်ဟု ကြေညာခဲ့ပြီးနောက် မက္ကဆီကိုက နယ်စပ်ဒေသတွင် လုံခြုံရေးအတွက် တာဝန်ယူပေးနေ ခြင်းဖြစ်သည်။

အခွန်တိုးကောက်မှုကို ရွှေ့ဆိုင်းပေးသည့်အတွက် ကျေးဇူးတင်သည့် အနေဖြင့် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိမ်းဘမ်း (Claudia Sheinbaum) က မက္ကဆီကိုနိုင်ငံမှ အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ မှောင်ခို သွင်းမှုကို တိုက်ဖျက်ရန်အတွက် နယ်စပ်ဒေသသို့ အမျိုးသားအစောင့်တပ်များ စေလွှတ်ပေးမည်ဟု ကတိပြုခဲ့ သည်။

ပြီးခဲ့သည့်နှစ်အတွင်း မက္ကဆီကို-အမေရိကန် နယ်စပ်မှတဆင့် ရွှေ့ပြောင်းဝင်ရောက်မှုများ ကျဆင်းခဲ့ပြီး အမေရိကန်တွင် ဖန်တနိုင်း ( fentanyl ) မူးယစ်ဆေးလွန်ပြီး သေဆုံးသူ အရေအတွက် လျော့ကျခဲ့သည့်တိုင် ထရမ့်က ထိုနယ်စပ်ဒေသ၌ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

ထို့ပြင် မက္ကဆီကိုနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ဂိုဏ်းများအတွက် အမေရိကန်လုပ် သေနတ်များ မှောင်ခိုကူး နေခြင်းကို ရပ်နားရန် စီမံကိန်းများ ချမှတ်လုပ်ဆောင်သွားမည်ဟု ထရမ့်က ပြောကြားခဲ့သည်။

လတ်တလော အခြေအနေတွင် မက္ကဆီကို- အမေရိကန်နယ်စပ်ကို အချိန်ပြည့် ကင်းလှည့်မှုများ ပြုလုပ်နေ ကြောင်း မက္ကဆီကို အမျိုးသားအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟိုဆေး လူးဝစ် ဆန်းတို့ အစ်ဇာ (José Luis Santos Iza) က ပြောကြားခဲ့သည်။

Source: အေပီ

ပုံ - မက္ကဆီကို အမျိုးသားအစောင့်တပ်(NG)ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

နင်တို့အဖွဲ့က မူ:လာရင် ဆို:တယ်ဆို* <br>မိမိတို့ -