45 ပတ် - ဘာသာပြန်ပါ။

ဆုဖလားလက်မဲ့ရာသီကို အာဆင်နယ် အဆုံးသတ်နိုင်မှာလား

ဖေဖော်ဝါရီ ၉

အာဆင်နယ်အသင်းဟာ ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရကာ ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာထားရတာကြောင့် သူတို့ဟာ ဒီရာသီမှာ ပြည်တွင်း ဖလား ၂ ခုစလုံးကို ဆုံးရှုံးထားရတာပါ။

အဲဒါကြောင့် အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ပုံ - အာဆင်နယ်အသင်းသားတွေကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
45 ပတ် - ဘာသာပြန်ပါ။

- ငါဒါပြောလိုက်လို့
- ငါဒါဝတ်လိုက်လို့
- ငါဒါလုပ်လိုက်လို့
- ငါဒါတင်လိုက်လို့
- ငါဒီလူနဲ့တွဲလိုက်လို့
- ငါဒီလိုနေထိုင်လိုက်လို့

လူတွေဘာထင်သွားမလဲ
တွေးတာကိုသာရပ်နိုင်ရင်

သင်ဟာလွတ်လပ်မှုရဲ့
အရသာကိုခံစားလို့ရလာပါလိမ့်မယ်

#crd

45 ပတ် - ဘာသာပြန်ပါ။

Bubble tea

image
45 ပတ် - ဘာသာပြန်ပါ။

ဒီကားလေး ကတကယ့်ကို စိတ်ခွန်အားပေးတဲ့ကားလေး ဖြစ်ပါတယ်

ဒီကားထဲ မှာ အဓိက ဇတ်ဆောင်မင်းသမီး Naina Mathur ( နာမည်ရင်း Rani Mukerji) မှာ Tourette's syndrome (ကြို့ခနခနထိုးတတ်တဲ့ရောဂါ) ရှိတယ်

ဒါပေမယ့်သူ က ဘဝကို အရှုံးမပေး ပဲ သူ့အိမ်မက်ကို ဘယ်လို အကောင်အထည် ဖော်ခဲ့တယ်ဆိုတာ ပြထားတယ်

ဒီ ဇာတ်လမ်းလေး ကနေ ကျမတို့ သင်ယူစရာ အများကြီး  တွေ့ရမှာပါ

#crd
#storymode

image
45 ပတ် - ဘာသာပြန်ပါ။

သိန်းသုံးထောင်နီးပါး GIA စစ်ချက်ပါ စိန်ထည် လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးတဲ့ ဝန်ထမ်းကို သူ့အဖော်နဲ့အတူ သုံးလနီးပါးအကြာမှာ ပြန်လည်ဖမ်းမိ

ဖေဖော်ဝါရီ ၉

စိန်ဆိုင်ဝန်ထမ်းက ငွေကျပ် သိန်းသုံးထောင်နီးပါး GIA စစ်ချက်ပါရှိတဲ့ စိန်ထည် လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့တာကြောင့် စခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေတဲ့အပြင် ဆုငွေပါထုတ်ပြီး ဖမ်းဆီးနိုင်‌ရေးကြိုးပမ်းခဲ့ Jewellery box စိန်ရတနာဆိုင်ရဲ့ ခိုးယူသူတရားခံတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်ဘက်မှာ ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဒီကနေ့မှာ သူတို့ဆိုင်ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် အသိပေးလာပါတယ်။

စိန်ဆိုင်ဝန်ထမ်းဖြစ်သူ မဖြိုးဖြိုး‌‌သော်က ပြီးခဲ့တဲ့ နိုဝင်လအတွင်းက ဆိုင်ပိုင်ရှင်တွေဘုရားဖူးသွားချိန်၊ ဆိုင်မှာ ဆိုင်သူဌေးလင်မယားရဲ့ မိခင်နဲ့ အိမ်အကူတွေသာရှိနေစဉ်မှာ လက်ဝတ်ရတနာမျိုးစုံကို လှည့်ပတ်ခိုးယူ ထွက်ပြေးသွားခဲ့တာလို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စိန်ဆိုင်ဘက်က လူမှုကွန်ရက်ပေါ်ရှိ သူတို့ရဲ့ စိန်ဆိုင်ပေ့ခ်ျကနေ ‌ဖွင့်ဟလာပြီး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆုငွေ သိန်းငါးဆယ်ကနေ သိန်း ၂၀၀ အထိ တိုးမြှင့် ထုတ်ပြန်ထားတာပါ။

လတ်တလောမှာတော့ အမှုနဲ့ ပတ်သက်လို့ ဘာမှ ပြောခွင့်မရှိသေးသလို ခိုးယူသွားတဲ့ ပစ္စည်း‌တွေလည်း အပြည့်အစုံ ပြန်လည်မရရှိသေးဘူးလို့လည်း စိန်ဆိုင်ဘက်ကို ဆက်သွယ်မေးမြန်းကြည့်လို့ သိရပါတယ်။

Jewellery box စိန်နှင့် ပလက်တီနမ် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူက “နောက်တစ်ရက် နှစ်ရက်ဆိုရင် အသေးစိတ်ပြန်ပြောပြပါ့မယ်။ အခုက ပြည်တွင်းမှာပဲ ရှမ်းပြည်ဘက်မှာ မိတာပါ။ သူတို့ လင်မယားနှစ်ယောက်စလုံး မိပါတယ်။ ပစ္စည်းတွေကတော့ ဘာမှ ပြန်မရသေးဘူး “လို့ ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီး သုံးလဝန်းကျင်မှာ အခုလို ဖမ်းမိခဲ့တာဖြစ်သလို လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့သူ ဝန်ထမ်းမဖြိုးဖြိုးသော်ဆိုသူက အဆိုပါဆိုင်မှာ အလုပ်ဝင်တာ တစ်လကျော်သာ ရှိသေးချိန် အခုလို ကျူးလွန်သွားတာဖြစ်ပြီး၊ ဖြစ်စဉ်ဖြစ်တဲ့နေ့ကလည်း မဖြိုးဖြိုးသော်က သူ့ ရည်းစားရဲ့ အင်္ကျီ ပါလာတာကို ရည်းစားဖြစ်သူက လာယူတဲ့အတွက် ဆင်းပေးဦးမယ်ဆိုကာ ပထမထပ် အရောင်းပြခန်းကနေ လမ်းပေါ်ကို ထွက်ပြီး စီစီတီဗွီ အကွယ်မှာ အသင့်ရပ်ထားတဲ့ တက္ကစီပေါ်ကို ဆိုင်က ပစ္စည်းတွေနဲ့အတူ တက်ပြေးသွားတာဖြစ်ကြောင်း စိန်ဆိုင်ပိုင်ရှင်ရဲ့ ကနဦးဖြေကြားထားပါတယ်။

#centralnewsnaypyitaw

image
image
image
image
image

YBS ပေါ်က ခါးပိုက်နှိုက် ၁၂၀ ကို နှစ်ပတ်ကျော်အတွင်း ဖမ်းဆီး၊ ဖုန်း ၂၈၂ လုံးအပြင် ငွေကျပ် ၁၀ သိန်းနဲ့ ကားတစ်စီးပါ သက်သေခံအဖြစ် ဖမ်းမိ

ဖေဖော်ဝါရီ ၉

YBS ပေါ်က ခါးပိုက်နှိုက် ၁၂၀ ကို နှစ်ပတ်ကျော်အတွင်း ဖမ်းဆီးလိုက်နိုင်ခဲ့ရာမှာ ဖုန်း ၂၈၂ လုံးအပြင် ငွေကျပ် ၁၀ သိန်းနဲ့ ကားတစ်စီးပါ သက်သေခံအဖြစ် ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

" ၁၄-၁-၂၅ မှ ၃၁-၁-၂၅ ထိ YBS ပေါ် ခါးပိုက်နှိုက်တရားခံ ၁၂၀ ဦး ဖမ်းဆီး။ သက်သေခံ ကား ၁ စီး၊ ဖုန်း ၂၈၂လုံး၊ အိတ် ၁၁ လုံး၊ ငွေ၁၀သိန်း။" လို့ ဦးလျန်ကျင့်မန်က အသိပေးထားပါတယ်။

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်စာရင်းအရ YBS ယာဉ်လိုင်း ၁၃၂ လိုင်းက ယာဉ်အစီးရေ ၃၆၃၀ နဲ့ ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ၁၄၉၈၀၃၆ ဦး စီးနင်းခဲ့သလို YBS စီးသူတွေ စုဖွဲ့ထားတဲ့ Group တွေမှာ ခါးပိုက်နှိုက်တွေကြောင့် ဖုန်း၊ မှတ်ပုံတင်၊ ငွေသား၊ ဘဏ်ကတ် စတာတွေ ဆုံးရှုံးရမှုအပြင် ရန်ပြုမှုတွေပါကြုံနေရတယ်လို့ ခရီးသည်တွေက မကြာခဏရေးသားကြတာတွေ့လည်း တွေ့ရှိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်စျေးသစ်ရှေ့တာဝန်ချထားတဲ့ YRTC စစ်ဆေးရေးဝန်ထမ်း ၂ ဦးကို ခါးပိုက်နှိုက်အဖွဲ့က အလုပ်လုပ်လို့မရတာကြောင့် ဓားနဲ့ ထိုးသတ်မယ်လို့ ခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး ဒီလိုခြိမ်းခြောက်တာကြောင့် လိုက်လံဖမ်းဆီးရာမှာ ဇန်နဝါရွ ၂၀ ရက်နေ့မှာပဲ ခြိမ်းခြောက်သွားတဲ့ ခါးပိုက်နှိုက် ငြိမ်းချမ်း(ဘ) ဦးတင်ရွှေ အသက် (၄၀) ရွှေအောက်ရုံရပ်ကွက်၊ ကြည့်မြင်တိုင်နေသူနဲ့ ဇန်နဝါရီ ၂၃ ရက်မှာ ခါးပိုက်နှိုက် လင်းလင်း(ဘ)ဦးမောင်စန်း မ/၁၈ ဆိပ်ကမ်းသာလမ်း (၆၇)ရပ်ကွက် ဒဂုံဆိပ်ကမ်းနေသူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိအပြီး YBS ပေါ်က ခါးပိုက်နှိုက်တွေကို စီမံချက်နဲ့ ဖမ်းဆီးရှင်းလင်းရာမှာ ခါးပိုက်နှိုက်ပေါင်း ၁၂၀ ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+5

တရုတ်မြောက်ပိုင်း မြေပြိုမှု လူ ၃၀ ထက်မနည်း ပျောက်ဆုံးနေ

ပေကျင်း၊ ဖေဖော်ဝါရီ ၉

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မြေပြိုမှုဖြစ်ပွားပြီးနောက် လူ ၃၀ ထက်မနည်း ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြိုဲမှုဟာ စီချွမ်ပြည်နယ် ကျင်ပင်းကျေးရွာမှာ ယမန်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၅၀ မိနစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံးနစ်မြုပ်ခဲ့ကာ ပိတ်မိနေသူတွေထဲက လူနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အနီးဝန်းကျင်မှ ဒေသခံ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးထားရပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။ အသေအပျောက်အနည်းဆုံးဖြစ်ဖိုနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို စနစ်တကျ ကိုင်တွယ်စီမံဖို့ တရုတ်သမ္မတ ရှီကျင်းပင်က အမိန့်ပေးထားပါတယ်။

အဲဒီဒေသမှာ လွန်ခဲ့တဲ့ ခြောက်လကစပြီး တောင်ပေါ်ကနေ ကျောက်တုံးကျောက်ခဲတွေ ပြိုကျမှု မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ရွာသားတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ဘက် ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ မကြာခဏဆိုသလို မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကလည်း ယူနန်ပြည်နယ်မှာ မြေပြိုမှုဖြစ်ပွားလို့ ကျေးရွာတဝက်လောက် ပျက်စီးကာ လူဒါဇင်နဲ့ချီသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၁ နှစ်ကလည်း အလားတူဒေသမှာပဲ မြေပြိုမှုကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ဖူးပါတယ်။

Ref:BBC
Photo:AP

#centralnewsnayptitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၉

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၆၁ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၁၀ ကျပ်
ဝယ်ဈေး - ၄၄၁၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၃၅ ကျပ်
ဝယ်ဈေး - ၄၅၁၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၂ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၅ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၃ ကျပ်
ဝယ်ဈေး - ၂၈.၈၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၁၇ ကျပ်
ဝယ်ဈေး - ၄၉.၈၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၈ ကျပ်
ဝယ်ဈေး - ၃.၀၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၆၅ ကျပ်
ဝယ်ဈေး - ၅၄၂၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၁၅ ကျပ်
ဝယ်ဈေး - ၂၇၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၅၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image