Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူမရဲ့ဂေဟာက သားရတနာတွေနဲ့သမီးရတနာတွေကို ရှင်သာမဏေ သွတ်သွင်းပြီး နားသမင်္ဂလာကျင်းပပေမယ့် ခိုင်နှင်းဝေ 🙏🙏🙏
သရုပ်ဆောင်ခိုင်နှင်းဝေက သူမရဲ့ ဂေဟာမှာရှိနေတဲ့ ကလေးလေးတွေကို ရှင်ပြု နားသလုပ်ပေးတော့မှာဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ ဆန္ဒဖြစ်ပြီး ဒီဆန္ဒလေးကိုအကောင်အထည်ဖော်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်နေတာပါ။ သားလှရတနာ ၁၂ ဦးကို ရှင်သာမဏေအဖြစ်သွတ်သွင်းသွားမှာဖြစ်ပြီး သမီးရတနာ ၁၁ ဦးကို နားသပေးသွားမှာပါ။
ခင်ပွန်းက အက်ဆစ်နဲ့ပက်တာကို ခံရတဲ့ ဇနီးဖြစ်သူကို ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်တို့ ဇနီးမောင်နှံ 🥰
မလေးရှားမှာ ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ဆောင်သည်ဇနီးကို အက်ဆစ်နဲ့ ပက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တာပါ။ လွယ်ထားတဲ့ကိုယ်ဝန်ပျက်ကျသွားခဲ့ပြီး မျက်နှာနဲ့ ခန္ဓာကိုယ် ပျက်စီးသွားတာကြောင့် အဆိုတော်အိုင်းရင်းဇင်မာမြင့်နဲ့ ခင်ပွန်းဖြစ်သူတို့က ဆေးကုသမှုပြုဖို့အတွက်ငွေကျပ် ၁၀ သိန်းကို လှူဒါန်းခဲ့တာပါ။
ရေခဲရေသောက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ
နွေရာသီမှာ ရေအေးအေးလေးသောက်လိုက်ရတာက တော်တော်ကို စိတ်ချမ်းသာစရာကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကို လျော့ကျသွားစေပါတယ်။ ဒါပမယ့် ရေခဲရေက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်မှုတွေ ဖြစ်သွားစေလဲဆိုတာကိုတော့ တော်တော်များများက တွေးမိမယ်တောင် မထင်ပါဘူး။
ရေခဲရေကို သောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်း အပူချိန်မှာ ထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေး ထိခိုက်နိုင်မှုကို လျော့ချပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေခဲရေ ကြိုက်နှစ်သက်သူတွေအတွက် သတိထား ဆင်ခြင်နိုင်စရာအကြောင်းအရာတွေကို လက်လှမ်းမီသမျှ စုစည်း မျှဝေပေးလိုက်ပါတယ်။
Card : ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကနေဒါနှင့် မက္ကဆီကိုအပေါ် အခွန်တိုးကောက်ရန် လျာထားမှု အမေရိကန် ရွှေ့ဆိုင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် ကနေဒါနှင့်မက္ကဆီကိုနိုင်ငံတို့အပေါ် အခွန်တိုးကောက်ရန်လျာထားမှုကို ရွှေ့ဆိုင်းလိုက်ကြောင်း မတ် ၇ ရက်တွင်ရိုက်တာသတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။
ကနေဒါနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့သည် အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး ဒေါ်နယ်ထရန့် အမေရိကန်သမ္မတ ဖြစ်လာချိန်တွင် ကုန်တင်သွင်းမှုကိုစည်းကျပ် အခွန်ကောက်မည့် အစီအစဉ်ကိုချမှတ်ခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင် အမေရိကန်၏အခွန်တိုးမြှင့် ကောက်ခံမည့် ကိစ္စရွှေ့ဆိုင်းလိုက်ခြင်းကို မက္ကဆီကိုသမ္မတက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို ကနေဒါနိုင်ငံမှဘဏ္ဍာရေးဝန်ကြီး ကလည်း အမေရိကန်ထုတ်ကုန်များအပေါ်လက်တုံ့ပြန်ပြီး အခွန်တိုးမြှင့်မည့်ကိစ္စကို မိမိတို့ဘက်က ရပ်တန့်ထားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
လက်ရှိအချိန်တွင် ကုန်သွယ်မှုစစ်ပွဲအရှိန်က ဈေးကွက်ကိုရိုက်ခတ်ကာ မငြိမ်မသက်ဖြစ်စေပြီး စီးပွားရေးဆိုင်ရာ ကမောက်ကမ ဖြစ်မှုနှင့်အတူ စိုးရိမ်စိတ်များကလည်း တိုးလျက်ရှိနေသည်။
အမေရိကန်နိုင်ငံ၏ သွင်းကုန်ပမာဏသည် မက္ကဆီကိုနိုင်ငံမှ ၅ဝ ရာခိုင်နှုန်းနှင့် ကနေဒါနိုင်ငံမှ ၆၂ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။
Source; Reuters