Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မရမ်းသီးသုပ်
ရာသီစာ မရမ်းသီးသုပ်နည်း
အရမ်းပူတဲ့ရာသီမို့ ထမင်းစားမကောင်းရင်ဒီလိုချဥ်ငံစပ်အသုပ်လေးတွေကအရမ်းကိုထမင်းစားကောင်းပါတယ်
မရမ်းသီးကိုခပ်ပါးပါးလှီး
ကြက်သွန်နီ နဲ့ငရုပ်သီးစိမ်းလေးပါးပါးလှီး
အချဥ်လေးထိမ်းဖို့ဂေါ်ဖီလေးနည်းနည်းကိုလည်းပါးပါးလှီးထားပါ
ကြက်သွန်ဖြူနီဆီချက်ချက်ထားပါ
ပြီးရင်ပုဇွန်ခြောက်မုန့်၊မြေပဲလှော်ထောင်း၊ပဲကျက်မုန့် ၊ငရုပ်သီကျက်မုန့်နည်းနည်းနဲ့ အရသာအတွက်ကြက်သားမုန့်လေးနဲ့ ငံပြာရည် ထည့်ပြီးအားလုံးရောသုပ်ပါရှင်
ချဥ်ငံစပ်မရမ်းသီးသုပ်လေးရပါပြီ

Hoon Payon (2023)
ကျွန်းတစ်ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်ထုကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ်၊တစ်နေ့မှာ ထမ်ဟာ အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်း သတင်းပြောဖို့ ထိုကျွန်းကိုရောက်လာခဲ့ပါတယ်၊သူရောက်လာတော့ အစ်ကိုဖြစ်တဲ့ ထီဟာကျောင်းထိုင်ဆရာတော်ကို သတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ်။ ထမ်ဟာ အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ခွင့်တောင်းလိုက်ပါတယ်။
ဒီကျွန်းမှာ ထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ၊ပထမညမှာတင် ထူးဆန်းတာတွေဖြစ်ခဲ့တယ်။ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ်။ ဂဝံရုပ်လုပ်နည်း မျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ၊သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်။
The Guardian Brothers (2016)
အချောချောတွေနဲ့ ………..နတ်သားလေး၂ယောက်ဟာတကယ်ပဲ
လူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ့ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေကြည့်လိုက်ပါဦးလို့……. ဒီဇတ်ကားလေးကိုကြည့်ရင်း
အာရုံကိုလွှမ်းမိုးလာတာက ဖတ်ဖူးခဲ့တဲ့ သာသနာသက္ကရာဇ်နဲ့ဆိုင်တဲ့အကြောင်းလေးပါပဲသာသနာသက္ကရာဇ် ၃ဝဝဝကျော်ခဲ့ရင် လူတွေဟာအယူအဆလွဲမှားမှုတွေနဲ့ ပျက်ကိန်းဆိုက်မယ်လို့ ဆိုထားတာပါ ဒီဇတ်ကားလေးထဲမှာဆိုရင်လူတွေဟာ ခတ်မှီစက်ကိရိယာတွေ နည်းစနည်တွေစည်းကမ်းတွေလွှမ်းမိုးမှုအောက်မှာ ပျော်မွေ့နေလေတော့ ဘာသာရေးလိုက်စားမှု ဆိုတာမရှိသလောက်ဖြစ်နေတယ် ဇတ်ကားကျောရိုးက ပိုပိုသာသာလေးပြထားတယ်ဆိုပေမဲ့ကျွန်တော်တို့မျက်မှောက်ခေတ်အပြင်လောကနဲ့ဆက်စပ်ကြည့်တော့တော်တော်လေးလည်းမှန်နေတယ် ကောင်းမွန်တဲ့နိမိတ်ပြဇတ်ကားလေးလို့တောင်ဆိုရမယ်ထင်တယ်
🌼🌸 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🌸🌼 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1526
ချစ်ခြင်းမေတ္တာ ဆိုတာ
တစ်ယောက်ထဲ အပေါ်မှာပဲ
သက်ဝင်ရတဲ့အရာမျိုးလား …. ဟင့်အင်း
ကျွန်မဖြင့်
အဲ့ဒီ ချစ်ခြင်းမေတ္တာဆိုတဲ့ အရာကြီးကို
မယုံပါဘူး ။
တကယ်တော့အချစ်ဆိုတာ အမြဲတမ်း
အသစ်တဖန် မွေးဖွားနေတတ်တဲ့ အရာပဲ …
တစ်ယောက်ထဲကို
တစ်သက်လုံးချစ်သွားတဲ့ သူတွေရှိသလို
အဲ့ဒီ တစ်ယောက်ထဲကိုပဲ ချစ်နေရင်းက
နောက်ထပ် တစ်ယောက်ကိုလဲ ထပ်ချစ်မိသွားတဲ့
ဖြစ်ရပ်တွေဟာ တကယ်ရှိတာပဲ
ဟားဟား ….
#မယ်ညို
# ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ့်စိတ်ဓာတ် ပိုပြီး ခိုင်မာလာခဲ့တယ်။
# ကိုယ့်ကို ချစ်ခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် ကိုယ်နှလုံးသား ပိုပြီး ပြည့်ဝလာခဲ့တယ်။
# ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ်ဟာ အရေးပါကြောင်း ခံစားခဲ့ရလို့ပါ။
# ကိုယ့်အပေါ် စိုးရိမ်ပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ ကိုယ့်အပေါ် ဂရုစိုက်ကြောင်း သိစေခဲ့လို့ပါ။
# ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ဘယ်အရာမှ ထာဝရမဟုတ်ဘူးဆိုတာ
သိခွင့်ရခဲ့တယ်။
# ကိုယ့်အနားမှာ ခုထိ ရှိနေပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် စစ်မှန်တဲ့ မိတ်ဆွေတွေအကြောင်း
နားလည်ခဲ့ရတယ်။
# ကိုယ့်ဘဝထဲကို ဝင်လာခဲ့ကြတဲ့သူတွေ၊ ကူညီခဲ့ကြတဲ့သူတွေ အားလုံး အားလုံးကို တကယ် ကျေးဇူးတင်မိပါတယ်
#စိတ်ခွန်အား
#စာပေ
(၁.၃.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၆၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၀၀,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၁၀ ကျပ်(ဝယ်)၊ ၄၄၆၀ ကျပ်(ရောင်း)
👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၃၀ ကျပ်
Octane 95 - ၃၂၈၀ ကျပ်
Premium Diesel - ၃၄၁၀ ကျပ်
Diesel - ၂၇၆၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news
#mmdbn
" လူမှားပြီး ချစ်မိတာတဲ့ မှားပြီး အချစ်ခံရတာတဲ့ "
ရေတွင်းပျက်ကြီးနားက သိပ်လှပြီး တခြားအပင်တွေထက် စောပြီးပွင့်တဲ့ ကံ့ကော်ပင်ကြီးတစ်ပင် ။ ကံ့ကော်ပင်ကြီးနဲ့ယှဥ်တွဲပြီး ခံစားရမှာတော့ နုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ ခံစားချက်တွေ ။
အဆော့သန်တဲ့ ကောင်လေးကြောင့် သရဲရှိပါတယ်ဆိုပြီး နာမည်ကြီးခဲ့ရတဲ့ ကံ့ကော်ပင်ကြီး ။ ရပ်ကွက်ထဲက စကားဖွာကြတဲ့သူတွေကြောင့် ရေတွင်းထဲမှာ နဂါးရှိပါတယ်ဆိုပြီး သတင်းကြီးသွားခဲ့တဲ့ ရေတွင်းပျက်ကြီး ။
သူငယ်ချင်းခြောက်ယောက်ရဲ့ ငယ်ဘဝဇာတ်လမ်းကို ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ် ။ကျောင်းသားဘဝရဲ့ လွတ်လပ်မှုတွေ ပျော်ရွှင်မှုတွေ ဗရုတ်ကျမှုတွေကို ပြန်ခံစားရပြီး လွမ်းဆွတ်ခဲ့ရတယ် ။
ကိုယ်ကြိတ်ပြီးသဘောကျနေတဲ့သူအတွက်
ကျောင်းစာတွေ ဝိုင်းကူးပေးရတာဟာလည်း ဆယ်ကျော်သက်ဘဝမှာ ရင်ခုန်ပျော်ရွှင်ခဲ့ရတဲ့ အလုပ်တစ်ခုပဲမဟုတ်လား ။
ကဗျာတွေဝါသနာပါတဲ့ စိုးချစ်ဆိုတဲ့ ကောင်ကလေးကို ကြိတ်ပြီး ချစ်ခဲ့ရတဲ့ သိပ်မလှတဲ့ ကောင်မလေး ခင်မေတင့်
သူတို့နှစ်ဦးကြားထဲ အချစ်ဆိုတဲ့အရာ
ဝင်ရောက်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်ကြမှာလဲ ။
ကံ့ကော်ဦးတစ်ပွင့်နဲ့ ရှုပ်ထွေးသွားခဲ့တဲ့ နုပျိုတဲ့
အချစ်တစ်ခု ။ ရင်ခုန်သံတစ်ပုဒ် ။
ရင်ခုန်စိတ်ကစားတတ်စအရွယ်မှာ လူတိုင်းကြုံခဲ့
ရတဲ့ အချစ်ဆိုတဲ့အရာအကြောင်းကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေပါအောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပေါ့ ။
မှားပြီး အချစ်ခံရတဲ့ ကောင်မလေး နဲ့
ဟန်ဆောင်ပြီး ချစ်လိုက်ရတဲ့ ကောင်ကလေးမှာ
ဘယ်သူ့ကို သနားကြမှာလဲ ။
" ကံ့ကော်ပွင့်တွေ မပွင့်နိုင်တော့တာနဲ့ပဲ အချစ်တွေ ပြန်လည် မရှင်သန်နိုင်တော့ဘူးလို့ ယူဆနေသလားဟင် "
#ကံ့ကော်နီ #မင်းလူ