51 ပတ် - ဘာသာပြန်ပါ။

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
image
image
51 ပတ် - ဘာသာပြန်ပါ။

Miss Grand အပြင် Miss Universe ကိုပါကျင်းပခွင့်ရတော့မယ့် နဝပ်ကို ဂုဏ်ပြုလိုက်တဲ့ နီနီလင်းအိမ်
သူမက ဆရာဖြစ်သူ Nawat ကို Congratulations လုပ်လိုက်တာပါ။ Miss Grand International ပွဲကို ဦးဆောင်ကျင်းပခွင့်ရခဲ့တဲ့ နဝပ်ဟာ Miss Universe Thailand 2025 ကိုပါ ကျင်းပခွင့်ရရှိတော့မှာပါ။ မနှစ်က နဝပ်ကျင်းပတဲ့ MGI ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်းက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Runner Up သာရရှိခဲ့တာကြောင့် Crown ပြန်အပ်ခဲ့တဲ့ ဂယက်ကလည်း ရှိခဲ့ပါသေးတယ်။ အဆိုပါပွဲအပြီးမှာတော့ နီနီလင်းအိမ်က သူမရဲ့ ဆရာဖြစ်သူ နဝပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နဝပ်ဘက်က ရပ်တည်စကားဆိုခဲ့တာတွေကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

#celenews

image
51 ပတ် - ဘာသာပြန်ပါ။

- As a family ဆိုတာနဲ့
Fantastic Four မှာ ပါလာတော့မယ့်
ဗင်ဒီဇယ်ကတုံး

#internationalmovienews

image

Part-4
*သောကြာပိုင်းအစ ဒို့ကျောင်းသားက

ရွှေ့ဖြစ်တဲ့အကြောင်းက အဓိကပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာမိုးနဲ့ ကျွန်တော်တို့က တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှာ လုပ်နေကြတာရယ်။ နေတော့ လည်း ပုဂံခြံဝင်းမှာပဲ အတူနေကြတယ်ဆိုတော့ သောကြာနေ့ ရုံးဆင်းချိန် လူစု လိုက်ရင် အားလုံးအဆင်ပြေတယ်။
တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနက ဘီအိုစီ ကောလိပ် နောက်ဘက်တစ်ခြမ်းမှာပါ။ ရှေ့ဘက်တစ်ခြမ်းက ဆေး(၁)က သင်ကြားရေးအတန်း တွေရှိတယ်။ အဲဒီအချိန်မှာ တက္ကသိုလ်ဘာသာပြန်ဌာနမှူး (ပါမောက္ခ)က ဆရာ ဦးတင်ဇ(ရှမ်းပြည်) ဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ်က ပင်စင်ယူသွားပြီဖြစ်လို့ ကျွန်တော်တို့ မမီလိုက်တော့ပါ။ နောင်မှ ဆရာနိုး၊ ဆရာမိုးတို့အကြောင်း ပြုပြီး ရင်းနှီးခွင့်ရခဲ့ပါတယ်။
ဘီအိုစီကန်တင်းက ရုံးဘေး သထုံလမ်း ခရေပင်တန်းလမ်းဘေးက အဆောင် နှစ်ဆောင်ဖြစ်ပါတယ်။ အဆောင်တစ်ခုမှာ ဈေးသည်နှစ်ဦးကျစီ ကန်ထရိုက်ချထား ပါတယ်။ ရှေ့ကအဆောင်မှာ “ဦးနီ+ဒေါ်ကြည်” လက်ဖက်ရည်ဆိုင်နဲ့ “ဦးချစ်စိန်+ ဒေါ်သောင်းကြည်” ဆီချက်ခေါက်ဆွဲဆိုင်။ မျက်နှာချင်းဆိုင်အဆောင်မှာတော့ အအေးစုံရောင်းတဲ့ “ဦးအောင်မြင့်” အအေးဆိုင်။
ကျွန်တော်တို့ “သောကြာဝိုင်း” စခန်းချကြတာကတော့ “ဦးနီ+ဒေါ်ကြည် လက်ဖက်ရည်ဆိုင်”မှာပါ။ ဦးနီ+ဒေါ်ကြည်တို့ကလည်း အဖွဲ့သားတွေအတွက် ရေနွေး ကြမ်း အလုံအလောက် တည်ပေးထည့်ပေးတယ်။
ဆရာမိုးနဲ့ ကျွန်တော်က သွားအတူ လာအတူ နေအတူ ( ပုဂံခြံဝင်းမှာ)၊ လုပ်အတူ (ဘာသာပြန်ဌာနမှာ)၊ စားအတူ (ရုံးမှာပဲ ထမင်းချိုင့်ယူလာပြီး ဝိုင်းဖွဲ့ စားကြတယ်)၊ ညနေ ရုံးဆင်းတော့မှ သောကြာနေ့မှာ အိမ်မပြန်ကြတော့ဘဲ ထမင်းချိုင့်လေးတွေကိုယ်စီဆွဲပြီး “ဦးနီ+ဒေါ်ကြည်”တို့ဆိုင်ကို ချီတက်ခဲ့ကြပါတော့တယ်။

*တိုက်ရိုက် ဒီမိုကရေစီ
ဒီမိုကရေစီ (လူထု-အုပ်စိုးမှု) ဟူသည် တိုင်းပြည်ရေးရာ စီမံခန့်ခွဲရာ၌ ပြည်သူ့ သဘောဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းကို ဆိုသည်။
ဤသည်ကိုပင်
ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူများ၏ လက်ဝယ်၌ရှိသည်၊ သို့မဟုတ် ပြည်သူတို့မှ ဆင်းသက်သည်၊ စသဖြင့် ဆိုကြသည်။
အာဏာသည် ပြည်သူတို့လက်ဝယ်၌ ရှိ၍ ထိုအာဏာကို ပြည်သူတို့ ကိုယ်တိုင် (တိုက်ရိုက်) အသုံးပြုသော အနေအထားရှိသော် တိုက်ရိုက် ဒီမိုကရေစီ (direct democracy) (ပြည်သူတို့ကိုယ်တိုင် အုပ်စိုးမှု)ဟု ခေါ်၍၊ ပြည်သူတို့က မိမိတို့ လက်ဝယ်ရှိ အာဏာကို မိမိတို့ကိုယ်စား သုံးစွဲပေးရန်အတွက် ကိုယ်စားလှယ်များ ရွေးချယ် လွှဲအပ် သုံးစွဲစေခဲ့သော်ကိုယ်စားပြု ဒီမိုကရေစီ (representative democracy) (ကိုယ်စားလှယ်တို့ အုပ်စိုးမှု) ဟု ခေါ်ကြသည်။
တစ်ဖန်၊ ယနေ့ခေတ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဟူသည်ကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာဟူ၍ ကဏ္ဍသုံးရပ် ခွဲခြားထားရှိရာ ကိုယ်စားလှယ်တို့ အုပ်စိုးသော စနစ်၌ ၎င်းအာဏာ သုံးရပ်လုံးကိုပင် ကိုယ်စားလှယ်များအား အပ်နှင် ထားရကြောင်း အများသိသည်။ ထို့ကြောင့် ၎င်းမှ ပြန်၍ကြည့်သော် ပြည်သူတို့ကိုယ်တိုင် အုပ်စိုးသည့် တိုက်ရိုက် ဒီမိုကရေစီစနစ်၌မူ ၎င်းအာဏာ သုံးရပ်လုံးကို ပြည်သူတို့ကိုယ်တိုင် ကိုင်တွယ် သုံးစွဲခြင်းမျိုး ဖြစ်ရလိမ့်မည်ဟု စဉ်းစားမိနိုင်သည်။
ဒါဆိုလျှင် မည်သို့ သုံးစွဲသလဲ။

#ဆက်ရန်ရှိ

51 ပတ် - ဘာသာပြန်ပါ။

Part-1
နိဒါန်း
ကျွန်တော်တို့အားလုံးစကားပြောရမည်
၁။ လေထီးမပါဘဲ လေယာဉ်ပျံတစ်စီးက ခုန်ချမလား။
သို့မဟုတ်
၂။ ညစာစားပွဲတစ်ခုမှာ တစ်ခါမျှမဆုံဖူးသူရဲ့ ဘေးမှာ ထိုင်မလား။
အကယ်၍ သင်သည် နံပါတ် ၁ ကိုရွေးချယ်လျှင် သင့်လို လူ တွေအများကြီးရှိသည်။ စကားပြောသည့်ကိစ္စသည် ကျွန်တော်တို့အားလုံး နေ့စဉ်လုပ်နေသည့်ကိစ္စ ဖြစ်သော်လည်း ကျပ်တည်းသည့် အခြေအနေများစွာ ကြုံရသလို ပို၍အဆင်ပြေ နိုင်သည့် အခြေအနေများလည်းရှိသည်။ လူအများနှင့် ဆက်ဆံ ရာ၌ဖြစ်စေ၊ လုပ်ငန်းသဘောအရဖြစ်စေ စကားပြောဆိုရာတွင် အောင်မြင်ရန်နည်းလမ်းမှာ စကားပြောခြင်းဖြင့် စတင်ရန်ဖြစ် သည်။ စကားပြောသူ တစ်ယောက်အနေဖြင့် သင့်ကိုယ်သင် မယုံကြည်လျှင်၊ စကားပြောရမည်ကို ကြောက်နေလျှင် ထိုလမ်း သည် ကြမ်းတမ်းခက်ထန်နိုင်သည်။
ထို့ကြောင့်ပင် ဤစာအုပ်ကို ချောမွေ့ သည့်လမ်း တစ် လမ်းဖြစ်ရန်အတွက် ကျွန်တော်ရေးခြင်းဖြစ်သည်။ ကျွန်တော့်အနေဖြင့် စကားပြောပြီး အသက်မွေးလာသည်မှာ ၃၇ နှစ် ရှိပြီး ရေဒီယိုနှင့် ရုပ်မြင်သံကြား အသံလွှင့်ထုတ်မှုများ၌ မီခေးလ်ဂေါ်ဗာချော့မှ အစ မိုက်ကယ်ဂျော်ဒန်အဆုံး ပုဂ္ဂိုလ်ပေါင်းများစွာနှင့် စကားပြောဆိုခဲ့ရသည်။ ရဲများ မှအစ အရောင်းသမားများအဆုံး အုပ်စုပေါင်းများစွာကို လည်းမိန့်ခွန်းများ မှန်မှန်ပြောဆိုခဲ့သည်။ နောက်လာမည့် စာမျက်နှာများ၌ တစ်ဦးချင်းကို ပြောသည်ဖြစ်စေ၊ ရာပေါင်းများ စွာကို ပြောသည်ဖြစ်စေ ကျွန်တော်ဆည်းပူးခဲ့ရသည့် သင်ခန်းစာ များအကြောင်းကို ဖော်ပြထားသည်။
ကျွန်တော့်အတွက် စကားပြောဆိုခြင်းသည် ဘဝ အတွက် ပျော်စရာအကောင်းဆုံး ကိစ္စတစ်ခုဖြစ်ပြီး ကျွန်တော် အမြဲတမ်း လုပ်ချင်သည့် ကိစ္စတစ်ခုဖြစ်သည်။ ကျွန်တော် ငယ်စဉ်ကကိစ္စနှင့်ပတ်သက်၍ မှတ်မိသမျှတစ်ခုမှာ ဘရုကလင်း တွင် ၈၆ လမ်းနှင့် ဘေးပတ်ခ်ဝေးထောင့်၌ ရပ်ကာ ဖြတ်သန်း မောင်းနှင်လာသည့် ကားများကို မည်သည့်နိုင်ငံကလုပ်ကြောင်း ကြေညာသည့်အချိန်က ဖြစ်သည်။ ထိုအချိန်က ကျွန်တော်သည် ခုနစ်နှစ်သား အရွယ်သာဖြစ်ပြီး ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်ကို “လေအိုးကြီး”ဟုခေါ်ကြသည်။ ထိုအချိန်ကစတင် ၍ ကျွန်တော် စကားပြောနေသည်။
ထိုအချိန်ကစ၍ ယခုအချိန်ထိ ကျွန်တော့်၏ မိတ်ဆွေ ကောင်းဖြစ်နေသော ဟာ့ဘ်ကိုဟင်က အဲဘတ်စ်ကစားကွင်း၌ ဒေါ့ဂျား ဘယ်လိုကစားသည်ကို ဘယ်လိုအသံလွှင့်ကြောင်း ပြော လေ့ရှိသည်။ ကျွန်တော့်ဘာသာ ကျွန်တော် အမှတ်ပေးသည့် ကတ်ပြားများယူကာ ထိုပွဲစဉ်ကို အသံလွှင့်ပုံလုပ်လေ့ရှိသည်။ ထို့နောက် အိမ်ပြန်လာပြီး ကျွန်တော့်မိတ်ဆွေများအား ကစားပွဲ နှင့်ပတ်သက်၍ အစစအရာရာ ပြန်ပြောသည်။ ဟာ့ဘ်က “လယ်ရီဟာ အဲဘတ်ကစားကွင်းကို သွားတယ်၊ အဲဒီပွဲဟာ ၂ နာရီနဲ့ ၁ဝ မိနစ် ကြာတယ်ဆိုရင် လယ်ရီက အဲဒီပွဲကို ၂ နာရီ ၁ဝ မိနစ်ကြာအောင် ပြောနိုင်တယ်” ဟူ၍ ပြောလေ့ရှိ သည်။ ဟာဘီနှင့်ကျွန်တော် ၁၀ နှစ်သားအရွယ်က ကျောင်း အုပ်ကြီးရုံးခန်းတွင် ပထမဆုံးတွေ့ ခဲ့ကြသည်။ ကျွန်တော် ရုံးခန်း ထဲဝင်သွားသည့်အခါ သူကရောက်နေသည်။ ယခုအခါ ကျွန်တော်တို့ အဘယ်ကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ အပို့ ခံရသည်ကို မမှတ်မိကြသော်လည်း ကျွန်တော်တို့နှစ်ယောက် စလုံး အတန်းထဲမှာ စကားပြော၍ဖြစ်နိုင်သည်။

#ဆက်ရန်ရှိ

image

တံငါနားနီးတံငါတယ့်

စျေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ သုံးစွဲရန်မသင့်ကြောင်း FDA သတိပေး

ဖေဖော်ဝါရီ ၁၇

စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ ရောင်းချမှုများရှိနေပြီး သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယနေ့ (ဖေဖော်ဝါရီလ ၁၇ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးလျက်ရှိပြီး အရည်အသွေး၊ အာနိသင၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့် ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများကို ဈေးကွက်အတွင်းရောင်းချနေခြင်းအားတွေ့ရှိရသည်ဟုဆိုသည်။

ထိုသို့တွေ့ရှိရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် နှင့် သုံးစွဲခြင်းမှရှောင်ကျဉ်နိုင်ရန် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို FDA က နှိုင်းယှဉ်အသိ ပေးထုတ်ပြန်ထားသည်။

တရားဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင် အမှတ် (Mya Reg 2807EA02536) ပါရှိကြောင်း သိရသည်။ စာသားများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် တရားမဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့်အပြင် စာသားများမှာ ပါကစ္စတန်ဘာသာဖြင့် ဖော်ပြထားကြောင်း FDA က အသိပေး ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

လူတူစက်ရုပ်က ဆန်ဖရန်စစ္စကို ညကလပ်မှာ DJ နဲ့ ဖျော်ဖြေခဲ့
===================================
စက်ရုပ်တွေကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပြီး အခုတော့ အနုပညာရှင် စက်ရုပ်တွေလည်း ထွက်ပေါ်လာပါပြီ။
Foundation Robotics Lab က တီထွင်ထားတဲ့ Phantom MK1 လူတူစက်ရုပ်ဟာ ဆန်ဖရန်စစ္စကို ညကလပ်ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် “GigaParty” မှာ DJ နဲ့ ဖျော်ဖြေခဲ့ပါတယ်။ စက်ရုပ်ဟာ သီချင်းတွေ ပြောင်းဖွင့်တဲ့အခါမှာ လျှင်မြန်သလို တိကျပါတယ်။ DJ တီးခတ်စဉ်မှာ လက်ချောင်းတွေဟာ ချောမွတ်ပြီး တည်ငြိမ်တာကို တွေ့ရပါတယ်။
စက်ရုပ်ရဲ့ အောက်ပိုင်းမှာ ဟန်ချက်ညီအောင် ပြုလုပ်ပေးတဲ့ စနစ်ကို ထည့်သွင်းထားပြီး ကိုယ်ထည် အထက်ပိုင်းမှာ Processor , Cameras , Batteries နဲ့ Sensors တွေ တပ်ဆင်ထားပါတယ်။
Phantom MK1 ရဲ့ အလေးချိန်ဟာ ၁၇၅ ပေါင် ရှိပြီး အရပ်အမြင့်က ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိပါတယ်။ စက်ရုပ်ဟာ ၂၀ ကီလိုဂရမ် (၄၄ ပေါင်) အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။ စက်ရုပ်ဟာ DJ တီးခတ်တာတင်မကဘဲ အဖျော်ယမကာကိုလည်း ဖျော်နိုင်ပါတယ်။

image
51 ပတ် - ဘာသာပြန်ပါ။

ချဲလ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းဂိုးသမားကယ်လ်ဗင်ကလာဟဲလ်ရဲ့အနေအထားကိုအနီးကပ်စောင့်ကြည့်မှုရှိနေပြီး နွေရာသီကာလမှာအသင်းဆီခေါ်ယူအားဖြည့်ဖို့ရှေ့ဆက်လုပ်ဆောင်ဖွယ်ရှိတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကင်းထောက်အဖွဲ့ခေါင်းဆောင်ဟောင်းမက်ခ်ဘရောင်းန်က Football Insider သတင်းကိုပြောဆိုခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကလာဟဲလ်ဟာ အသင်းဆီ ဂိုးသမားဂျော်လ်ဂျီမာမာလ်ဒါချဗီလီပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့တတိယဂိုးသမားဖြစ်လာခဲ့တဲ့နောက် အန်ဖီးလ်ကွင်းကနေပြောင်းရွှေ့ထွက်ခွာဖွယ်ရှိနေပါတယ်။ဒီရာသီကာလမှာအယ်လ်လီဆွန်ဒဏ်ရာရရှိနေတုန်းပွဲထွက်ကစားခွင့် ၁၇ ပွဲပါဝင်ကစားထားခဲ့ရပေမဲ့ အာလ်နေးစလော့ဒ်ရဲ့နံပါတ်တစ်ဂိုးသမားနေရာရရေးအတွက်ခက်ခဲနေပုံရပါတယ်။

သူတို့အသင်းဟာ လီဗာပူးလ်အသင်းကကလာဟဲလ်ကိုစောင့်ကြည့်မှုရှိနေပါတယ်။သူဟာ ကောင်းမွန်တဲ့ဂိုးသမားဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက်ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ကျနော်ထင်ပါတယ်။သူကစားရတဲ့ဘယ်အခါမဆို အထင်ကြီးစရာကောင်းတဲ့ကစားပုံတွေပြသနိုင်ပြီး တိုက်ဆိုင်ရုံပဲ့လက်စွမ်းပြနိုင်တာမျိုးမဟုတ်ပါဘူး။ဒီဟာကသူ့ရဲ့အဆင့်အတန်းဖြစ်ပါတယ်လို့ ဘရောင်းန်ကဖွင့်ဟပြောဆိုခဲ့ပါတယ်။

ခြင်္သေ့ပြာအသင်းမှာလည်း ရောဘတ်ဆန်းချက်ဇ်နဲ့ပတ်သက်ပြီးယုံကြည်မှုပိုင်းအရပြသနာရှိနေပါတယ်။သူတို့အသင်းအနေနဲ့နွေရာသီကာလမှာဂိုးသမားသစ်ခေါ်ယူရေးအတွက်ငွေကြေးပုံအောသုံးဖို့ကြောက်ရွံ့မှုမရှိဘူးဆိုတာလည်းသိပါတယ်။

ဒါကြောင့်သူတို့အသင်းအနေနဲ့ကလာဟဲလ်ရဲ့အနေအထားကိုတဖြေးဖြေးစောင့်ကြည့်နေပြီးတကယ်လို့သူ့အနေနဲ့ပြောင်းရွှေ့ဖို့အဆင်သင့်ဖြစ်မယ်ဆိုရင် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတဲ့အသင်းတွေထဲကတသင်းဖြစ်လာမှာဖြစ်ပြီး သူ့အနေနဲ့ချဲလ်ဆီးအသင်းနဲ့ဒီထက်မကပိုကောင်းအောင်လုပ်ဆောင်နိုင်မယ်ဆိုတာကျနော်ထင်ပါတယ်လို့ ထပ်မံဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image