Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
USAID ကို အမေရိကန်ပထမ မူဝါဒနှင့်ကိုက်ညီဖို့လိုဟု ထရမ့်ပြော
ဝါရှင်တန်၊ ဇန်နဝါရီ ၂၈
ပြည်ပအကူအညီများကို ထောက်ပံ့ပေးနေသည့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ၏ ဝန်ထမ်းများအနေဖြင့် ကမ္ဘာတစ်ဝန်းကို အကူအညီများပေးရာတွင် အမေရိကန်ပထမ မူဝါဒနှင့် ကိုက်ညီမှုရှိစေ ရန် (“America First” policy) ပြုပြင်ပြောင်းလဲမှုများတွင် ပူးပေါင်း ဆောင်ရွက်ကြရန် ထရမ့်က တိုက်တွန်းခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစိုးရအဖွဲ့၏ အမိန့်များကို လျစ်လျှူရှုသည့် မည်သည့် ဝန်ထမ်းကိုမဆို စည်းကမ်းချိုးဖောက်မှုများဖြင့် အရေး ယူရမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်အစိုးရအဖွဲ့၏ မှာတမ်းကို USAID ၏ ဝန်ထမ်း ၁၀၀၀ ကျော်ထံ ဇန်နဝါရီ ၂၅ ရက်က ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဝန်ထမ်းများအနေဖြင့် ဇန်နဝါရီ ၂၅ ရက်တွင် အလုပ်တာဝန်များကို ရပ်နားရန် ညွှန်ကြားခဲ့သဖြင့် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏ ပြည်ပအကူအညီများကို ရပ်တန့်စေခဲ့သည်။
ရိုက်တာသတင်းဌာနက ကြည့်ရှုခဲ့သည့် ထိုအမှာစာတွင် ထရမ့်၏ ရည်မှန်းချက်များ အောင်မြင်မှုရှိစေရန် လုပ်သား အင်အားစုထံမှ ရရှိနိုင်မည့် မျှော်မှန်းချက်များကိုလည်း ရေးသားဖော်ပြထားသည်။
“ကျနော်တို့ အနေနဲ့ သမ္မတကြီးရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ပြည့်မြောက် စေဖို့အတွက် ကူညီထောက်ပံ့ပေး ဖို့ တာဝန်ရှိပါတယ်”ဟု စီမံခန့်ခွဲရေးနှင့် အရင်းအမြစ်ဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး ကန်ဂျက်ဆင် ( Ken Jackson)က ပြောသည်။
ကန်ဂျက်ဆင်သည် “လုပ်သားအင်အားစုအတွက် အမှာစကားနှင့် မျှော်မှန်းချက်" (Message and Expectation to the Workforce) ဆိုသည့် ခေါင်းစဉ်တပ်ထားသော အမှာစာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“လာမယ့် ဆယ်စုနှစ်တွေအတွက် နိုင်ငံခြား အထောက်အပံ့ပေးမှုမှာ ကျနော်တို့ရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲရာက တဆင့် ကြီးမားတဲ့ အခွင့်အလမ်းတွေကို သမ္မတကြီးက ပေးအပ်ခဲ့ပါတယ်”ဟု ထိုအမှာစာတွင် ရေးသားဖော်ပြ ထားသည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ၎င်းအပေါ် ရန်လိုသည်ဟု ယူဆထားသည့် ဖက်ဒရယ်ဗျူရိုကရေစီစနစ်ကို ပြန်လည်ဖွဲ့စည်းသွားမည်ဟု ကတိပြုခဲ့သည်။
ထို့နောက် ထရမ့်သည် ဘိုင်ဒန် လက်ထက်က ခန့်ထားခဲ့သည့် အစိုးရအေဂျင်စီ အများအပြားမှ ရာနှင့်ချီသော ဖက်ဒရယ်ဝန်ထမ်းများကို ရာထူးကနေ ထုတ်ပယ်ခြင်း၊ ရာထူးပြောင်းလဲ ခန့်ထားခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့ပြင် ထရမ့်က ၎င်း၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးကိစ္စများနှင့် ကိုက်ညီမှုရှိစေရန် ပြည်ပအကူအညီများကို စိစစ်သုံးသပ်ရေးအတွက် ရက် ၉၀ ကြာ ပြည်ပ အကူအညီပေးမှုကို ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အမေရိကန်သည် ကမ္ဘာတစ်ဝန်းတွင် အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် အမေရိကန်၏ ပြည်ပ အကူအညီသည် ဒေါ်လာ ၇၂ ဘီလျံရှိခဲ့သည်။
Source: ရိုက်တာ
ပုံ - ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
#centralnewsnaypyitaw
ဘီလာရုစ်သမ္မတရွေးကောက်ပွဲ၌ ပူတင်၏မဟာမိတ်လူကာရှန်ကို အနိုင်ရ
အနောက်နိုင်ငံ အစိုးရများက အတုအယောင်အဖြစ် ပယ်ချခဲ့သော သမ္မတရွေးကောက်ပွဲတွင် ရုရှား၏ မဟာမိတ်တစ်ဦးဖြစ်သော ဘီလာရုစ်ခေါင်းဆောင် လူကာရှန်ကို အနိုင်ရခဲ့သည်ဟု ရွေးကောက်ပွဲတာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သောကြောင့် သူ၏ ၃၁ နှစ်ကြာ အုပ်စိုးမှုကို ထပ်မံသက်တမ်းတိုးနိုင်ခဲ့သည်။
“ဘီလာရုစ်သမ္မတနိုင်ငံကို ဂုဏ်ပြုနိုင်ပါပြီ၊ ကျွန်တော်တို့တွေ သမ္မတတစ်ဦးကို ရွေးချယ်ခဲ့ပါပြီ” ဟု နိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်အကြီးအကဲက တနင်္လာနေ့အစောပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဗဟိုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် တယ်လီဂရမ်အကောင့်တွင် ဖော်ပြခဲ့သော ကနဦးရလဒ်များအရ လူကာရှန်ကိုသည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းလေးဦး၏ ကြီးကြီးမားမားစိန်ခေါ်နိုင်မှုမျိုး မကြုံခဲ့ရဘဲ မဲအရေအတွက် ၈၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။
ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် သမ္မတနိုင်ငံတွင် အမှီအခိုကင်းသော သတင်းမီဒီယာများ ပိတ်ပင်ခံထားရခြင်း၊ အတိုက်အခံခေါင်းဆောင်များအားလုံးကို ထောင်သွင်းအကျဉ်းချခြင်း သို့မဟုတ် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ရစေခြင်းများကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိဟု ဥရောပနိုင်ငံရေးသမားများက ပြောဆိုခဲ့သည်။
“ဘီလာရုစ်ပြည်သူတွေမှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားသူတွေအတွက် ခါးသီးဖွယ်ရာ နေ့တစ်နေ့ပါ” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က X ပေါ်တွင် ရေးသားခဲ့သည်။
ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၆ ဒဿမ ၉ သန်းရှိခဲ့ပြီး ၈၅ ဒဿမ ၇ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြသည်ဟု ရွေးကောက်ပွဲအရာရှိများက ပြောဆိုခဲ့သည်။
ပြိုင်ဘက်များကို ထောင်သွင်းအကျဉ်းချခြင်းနှင့်ပတ်သက်၍ မေးမြန်းသောအခါ သူတို့ကံကြမ္မာ သူတို့ ရွေးချယ်ခဲ့ခြင်းသာဖြစ်ကြောင်း တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် လူကာရှန်ကိုက ပြောဆိုခဲ့သည်။
“တစ်ချို့က ထောင်ကိုရွေးတယ်၊ တစ်ချို့က မင်းပြောသလိုပဲ ပြည်ပတိမ်းရှောင်မှုကို ရွေးတယ်၊ ငါတို့ကတော့ ဘယ်သူ့ကိုမှ နိုင်ငံကနေ နှင်မထုတ်ခဲ့ပါဘူး” ဟု အချိန်လေးနာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲတွင် သူက ပြောကြားခဲ့သည်။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၂၈
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၃၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၁၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၇၅ ကျပ်
ဝယ်ဈေး - ၄၆၅၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၁၄ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၁ ကျပ်
ဝယ်ဈေး - ၁၀၁၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၂ ကျပ်
ဝယ်ဈေး - ၂၈.၆၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၁ ကျပ်
ဝယ်ဈေး - ၅၁.၅၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၇ ကျပ်
ဝယ်ဈေး - ၃.၀၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၉၅ ကျပ်
ဝယ်ဈေး - ၅၅၄၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၅ ကျပ်
ဝယ်ဈေး - ၂၇၉၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၈ ကျပ်
ဝယ်ဈေး - ၅၇၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၇ ကျပ်
ဝယ်ဈေး - ၁၂၁၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
တစ်မျိုးထဲနဲ့ထမင်းမြိန်စေမယ့် ခရမ်းချဉ်သီးငပိချက် 🍅🍅🍅
ချက်နည်းရေးပေးထားပါတယ်ရှင့် ။
(Zawgyi)
ခရမ်းချဉ်သီးငပိချက်
ခရမ်းချဉ်သီးလှီးထားပါ ကြက်သွန်ဖြူအလုံးလိုက်ထည့်မှာမို့ ဒီတိုင်းအခွံခွာထားပါ ငရုတ်သီးစိမ်း နံနံပင်လှီးထားပါ ကြက်သွန်နီပါးပါးလှီးပြီးဆီသပ် အရောင်ရဲလာရင် ငရုတ်စိမ်းမှုန့် နဲ့ ငပိစိမ်းစားအနည်းငယ် ခရမ်းချဉ်သီး ကြက်သွန်ဖြူထည့်ပြီး ချက်ပါ ခရမ်းချဉ်သီးပျော့ပြဲလာပြီဆို ကျေစေရန် ဇွန်းနဲ့မွှေပါ ငရုတ်သီးစိမ်း ကြက်သားမှုန့် ထည့်ပြီး ဆီပြန်ခြောက်သည်အထိတည်ပါ တူးမသွားစေရန်မွှေပေးပါ နောက်ဆုံးမှာ နံနံပင်အုပ်ပါ ပူတီနံလေးပါထည့်ပြီးအုပ်ရင် အနံပိုမွှေးပါတယ် ဒီတစ်ခေါက်ချက်တာ နံနံပင်ရော ပူတီနံရောထည့်အုပ်လိုက်တာ စားလို့မြိန်မှမြိန်ဘဲ 😍
Credit Htun Thiri
အမေရိကမှအထောက်အထားမဲ့ နိုင်ငံသားများကို ပြန်ခေါ်မည်--တရုတ်
နယ်နှင်လိုက်သော ရွှေ့ပြောင်းများကို ပြန်လက်ခံခြင်း မပြုပါက အခွန်စည်းကြပ်မှု ကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု ကိုလမ်ဘီယာအစိုးရကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကရောက် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကို ပြန်လက်ခံသွားမည်ဟု တရုတ်နိုင်ငံက ကတိပြုခဲ့သည်။
ပေကျင်းအနေဖြင့် အမေရိကတွင် အထောက်အထားမရှိဘဲ နေထိုင်နေကြသည့် နိုင်ငံသားများကို ပြန်လည်ခေါ်သွားမည်လားဆိုသည့် မေးခွန်းကို “ပြည်မကြီးက တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ စိစစ်ပြီး အတည်ပြုနိုင်သူတွေကို တရုတ်နိုင်ငံက လက်ခံသွားမှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၂၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုပုံစံတိုင်းကို တရုတ်အစိုးရက ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ၏ အဆိုအရ ဟောင်ကောင်နှင့် မကာအိုမှ အပါအဝင် ၂၀၂၂ ခုနှစ်တွင် အမေရိက၌ အထောက်အထားမဲ့ တရုတ်လူမျိုး ၂၁၀,၀၀၀ ခန့်ရှိသည်ဟု သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါပြီးဆုံးခဲ့ပြီးနောက် စာရွက်စာတမ်းအထောက်အထားမဲ့ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ သောင်းနှင့်ချီ၍ အမေရိကသို့ ဝင်ရောက်ခဲ့သောကြောင့် အဆိုပါအရေအတွက်သည် တိုးမြင့်လာဖွယ်ရှိသည်ဟု ဆိုသည်။
အမေရိကတွင် တရားမဝင်နေထိုင်နေသည့် တရုတ်ရွှေ့ပြောင်းနေထိုင်သူများပါဝင်သည့် လေယာဉ်လေးစင်းကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံက လက်ခံဆင်းသက်ခွင့်ပြုခဲ့သည်ဟု အမိမြေလုံခြုံရေးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်
Sensitive skin တွေအတွက် Cotton puff သန့်သန့်လေး🤍
Yoon Skin ကနေ Yoon Care ဆိုပြီး sister brand အခွဲလေး ထွက်ရှိလာပါတယ်။ Yoon Care ရဲ့ ပွဲဦးထွက် product လေးကတော့ Embossing Soft Cotton Puff လေးပေါ့နော်။ Brand နာမည်လေးနဲ့ ထုတ်လာတဲ့ product လေး အရမ်းလိုက်ဖက်တာပဲ။ သန့်သန့်လေးနဲ့ အသားအရေကို ကောင်းကောင်းလေး Care လုပ်ပေးနိုင်မယ်လို့ ခံစားမိပါတယ်။
Embossing - မျက်နှာပြင်မှာ ဖောင်းကြွ design လေးနဲ့
Soft - သုံးရတာ အရမ်းနူးညံ့တာပဲ
Cotton - အရောင်ချွတ်မထားတဲ့ ဂွမ်းစကို အသုံးပြုထားတယ်
Puff - မြင်နေကျ cotton pad တွေလို မဟုတ်ပါဘူး
ကုန်ကြမ်းကောင်းကောင်းကို အသုံးပြုထားပြီး Vegan by the Italian Vegetarian Association (V-Label) ရထားတဲ့အပြင် OEKO-TEXT Grade 1 ဆုလဲ ရထားလို့ မျက်နှာအသားအရေအတွက် စိတ်ချလက်ချ သုံးလို့ရပါတယ်။
1st impression မှာတင် ထုတ်ပိုးမှု Quality နဲ့ အမြင်ကိုဖမ်းစားခဲ့တဲ့ Cotton puff လေး။ မသိရင် Korea ကထွက်တဲ့ Cotton pad လိုလို အဆင်ကနော်။ တကယ်တမ်း သုံးကြည့်တော့ဘဲ ပါးလွှာလွန်းတဲ့ Cotton puff လေးက တွေ့ဖူးသမျှနဲ့မတူ အမြင်ဆန်းရပြန်တယ်။
ဘေးဘောင်တွေကို အလုံပိတ်ချုပ်ထားပြီး မျက်နှာပြင်နှစ်ဖက်လုံးက Embossed side ဖြစ်တယ်။ ဒါပေမဲ့ texture ကြမ်းတာမရှိဘဲ နူးနူးညံ့ညံ့လေး။ Toner ထည့်သုံးရင်လဲ 4,5စက်တင်လိုက်တဲ့အခါ puff လေးက ရွှဲရွှဲစိုသွားတယ်။ သူ absorb လုပ်ထားသမျှကိုလဲ မျက်နှာပေါ်ရောက်တဲ့အခါ တစက်မကျန် ပြန်ထုတ်ပေးပါတယ်။
'ငါ့ toner တွေ စားသွားတယ်' ဆိုတဲ့ခံစားချက်ကို လုံးဝမရဘူး။ မြင်ရတဲ့အမြင် သုံးရတဲ့ခံစားချက် ဒီ Cotton puff နဲ့ပတ်သက်လို့ The Whole Experience တခုလုံးက ကိုယ်တွေအတွက် အသစ်အဆန်းဖြစ်နေတယ်။
လက်ထဲကို ဒီကောင်လေးရောက်နေတာ အတော်ကြာပါပြီ။ ပထမ 4,5ရက်သုံးကြည့်ပြီး 'ဟာ ဒီကောင် သေချာလုပ်ထားတာ စျေးကတော့ ဆော်တော့မယ်ပေါ့' ။ ပြီးမှ review ရေးဖို့ ရှာကြည့်တော့ အခု 120 ပါတဲ့တထုပ်ကို 8000ks တဲ့။ သူများအကြောင်း မပြောဘူး။ ကိုယ့်အနေနဲ့တော့ ထခုန်ပြီးဝယ်မယ့်ထဲ ပါပါတယ်။
ဖွာ ပြဲ စုတ် လန်တာမျိုး၊ အသားအရေပေါ်မှာ harsh ဖြစ်တာမျိုး လုံးဝမရှိလို့ sensitive skin တွေဖို့ ဒီ Yoon Care Embossing Soft Cotton Puff လေး ညွှန်ပေးချင်ပါတယ်။
🛒 Yoon Skin မှာ ဝယ်ပါနော်။
#yoonskin #yooncare #yooncarecottonpuff #reviewbynyi #nyipick #nyipickcottonpad