အဲရစ်ဆန်ရဲ့နှလုံးအခြေအနေကို အလွန်သတိထားနေရ

ဖေဖော်ဝါရီ ၁၈

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆန်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး အလွန်သတိထား နေရတယ်လို့ ပြောပါတယ်။
အာမိုရင်က “အဲရစ်ဆန်မှာ နှလုံးအခြေအနေရှိလို့ ဒါကို ကျနော်တို့ အလွန်သတိထားနေရပါတယ်။ အခုကတော့ နှလုံးနဲ့ပတ်သက်တဲ့ ကိစ္စမရှိပါဘူး။ အခုအချိန်မှာ သူဟာအဖျားရောဂါရှိနေလို့ သူ့ရဲ့နှလုံးခုန်နှုန်းကို ထိန်းရမယ်”လို့ ပြောခဲ့တာပါ။

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းက စပါးအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

အဲရစ်ဆန် မပါဝင်နိုင်တာနဲ့အတူ အရန်အင်အားနည်းနေတဲ့ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမား ၈ ဦးကို အရန်ကစားသမားအဖြစ် ခေါ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အဲရစ်ဆန်ရဲ့ ကျန်းမာရေး အခြေအနေကို စွန့်စွားသွားမှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ကစားခဲ့တဲ့ ဖင်လန်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းထဲလဲကျခဲ့ပြီးနောက် နှလုံးထဲမှာ စက်ကိရိယာ တပ်ဆင်ပြီး ကစားနေရတာဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက သူ့ကို ၂၀၂၂ ခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။

အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာရဖို့ရှိနေပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတဲ့ အဲရစ်ဆန်ဟာ ကျန်းမာရေး အခြေအနေကောင်းမွန်ရင် အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။

Source: Goal

ပုံ - အဲရစ်ဆန်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၁၈

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၀၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၅ ကျပ်
ဝယ်ဈေး - ၅၉၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၄ ကျပ်
ဝယ်ဈေး - ၂၈.၆၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၄၁ ကျပ်
ဝယ်ဈေး - ၅၀.၀၉ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၀ ကျပ်
ဝယ်ဈေး - ၃.၀၂ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၃၀ ကျပ်
ဝယ်ဈေး - ၅၄၉၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၆၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၇ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
51 w - Translate

သင်္ကြန်ရဲ့ အငွေ့အသက်တွေ ပျောက်ဆုံးခဲ့တာ အချိန်အတော်ကြာပါပြီ ဒီနှစ် 2025 မှာ Atlantis Music Festival ပွဲတော်ကြီးက 14-15-16 APRIL Eastern Yangon Event Park မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
International Artist တွေကို လက်ရှိ World Treading ဖြစ်နေတဲ့ DNB ထဲက Delta Heavy နဲ့ Culture Shock တို့ကို ကြေငြာထားပါတယ်။
DNB, Bass, Dubstep, Techno, Hard Techno နဲ့ Bass House, Trap အစုံပါဝင်လာမယ်လို့ သိထားရပါတယ်
Atlantis Music Festival လက်မှတ်များကို
GA ALL DAYS 60,000 // VIP ALL DAYS 90,000
တို့ဖြင့် ဝယ်ယူနိင်ပြီ Ticket Box Myanmar ရဲ့ Page Chat Box ကို Msg ပို့၍အသေးစိတ်မေးမြန်းဝယ်ယူနိင်ပါတယ်။
နောက်ကျရင် ဈေးတက်မှာ ဖြစ်တာကြောင့် အမြန်ဆုံးဝယ်ယူထားဖို့ လိုအပ်ပါတယ်။

#echo

ချစ်စရာလေးကွာ

အဆိုတော် မာရဇ္ဇ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ သံစဉ်နဲ့ ရုပ်ပုံလွှာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံး မပြုဖို့ ဇနီးဖြစ်သူ တရားဝင် အသိပေး

ဖေဖော်ဝါရီ ၁၈

ကွယ်လွန်သူ Rock အဆိုတော် မာရဇ္ဇ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ သံစဉ်နဲ့ရုပ်ပုံလွှာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုဖို့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းက ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံပိုင် သတင်းစာကတစ်ဆင့် တရားဝင်အသိပေး ကြေညာလာပါတယ်။

မာရဇ္ဇက အသက် ၅၈ နှစ်အရွယ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ကျောက်ကပ်ရောဂါနဲ့ လှိုင်မြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။

တေးသံရှင် မာရဇ္ဇမကွယ်လွန်မီ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ စာသားတွေ၊ သံစဉ်တွေကို ခွင့်ပြုချက်မရှိဘဲ ဘယ်နေရာမှာမှ သုံးစွဲခြင်းမပြုလုပ်ဖို့ တေးသံရှင် မာရဇ္ဇရဲ့ ဇနီး ဒေါ်စန်းစန်းဝင်းက ကြေညာထားပါတယ်။

ဒါ့အပြင် အဆိုတော် မာရဇ္ဇရဲ့ ရုပ်ပုံလွှာကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးမပြုဖို့လည်း ဇနီးဖြစ်သူက အသိပေးထားပြီးတော့ လိုက်နာခြင်းမရှိ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်မယ်လိုကြေညာထားပါတယ်။

အနုပညာ ဂီတသက်တမ်း ၃၀ ကျော်ရှိခဲ့တဲ့ Rock အဆိုတော် မာရဇ္ဇက မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင် အစရှိတဲ့ တေးစီးရီးတွေများစွာကို ထွက်ရှိခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ရွှေရောင်ကောင်းကင်၊ အလွမ်းမိတ်ဆွေ စတဲ့ တေးသီချင်းတွေက လူငယ်တွေအကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

#centralnewsnaypyitaw

imageimage

ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၈

ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

"ဒီနေ့ရဲ့ဒုတိယမြောက် ကူညီမှုလမ်းကြောင်းက နာရေးလမ်းကြောင်းပါ။ မြောက်ဒဂုံ (၄၃)ရပ်ကွက်မှ ကြိုးဆွဲချ သေဆုံးသူရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တာပါ။သေဆုံးသူက ပြည်ပအလုပ် အကိုင်ရှာဖွေပေးသူဖြစ်ပြီး သူရဲ့ နေအိမ်မှာ ပါတ်စပို့စာအုပ် (၇၀)ခန့်တွေ့ရှိရပါတယ်"လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။

ယခုသေဆုံးသွားသူဟာ မြောက်ဒဂုံမြို့နယ်၊(၄၃)ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာ အလုပ် အကိုင်အဆင်မပြေမှုတွေကြောင့် အခုလိုမိမိကိုယ်ကို စီရင်သွားသူဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်လို့ နယ်ခံလူမှုကူညီရေးသမားတွေက ဆိုပါတယ်။လက်ရှိမှာလည်း သေဆုံးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။

"အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်သွားသူဖြစ်ပါတယ်။သူရဲ့မိသားစုဝင်တွေနဲ့လည်းအဆက် အသွယ်ရပါပြီ"လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ထပ်လောင်း ပြောပြပါတယ်။

ဒါ့အပြင် ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့မှာ အလုပ်အကိုင် အဆင်မပြေမှုနဲ့ စားဝတ်နေရေးကြပ်တည်းလာမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တွေဟာလည်းများစွာရှိခဲ့တယ်လို့ သတင်းဌာနတွေရဲ့မှတ်တမ်းတွေနဲ့ လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုတွေအရ သိရပါတယ်။

Photo – CJ

ပုံစာ - မြောက်ဒဂုံမြို့နယ်က ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားသူကို တွေ့ရစဉ်။

#သတင်းဟင်းလေးအိုးကြီး

image

ဒီညတော့ နားအေးပါးအေးအိပ်မယ်**
ရပ်ကွက်ထဲက ကြောင်များ :

#funny

image