VR Game တွေကို ပြေးလွှား ကစား နိုင်မယ့် စက်

မြောက်ဒဂုံ ဗထူးလမ်းမပေါ်မှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ သုံးယောက် သေဆုံး

ဖေဖော်ဝါရီ ၇

ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းမပေါ်မှာ မနေ့ကညပိုင်းက ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ သုံးယောက် ယောက်သေဆုံးခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးသမားတွေက ပြောပါတယ်။

နယ်ခံလူမှုရေးအသင်းတွေရဲ့ပြောပြမှုအရ မြောက်ဒဂုံ ဗိုလ်မှူးဗထူးလမ်းအတိုင်း (၄၆)လမ်းဆုံကနေ မြောက်ဥက္ကလာဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်တစီးက လမ်းတလျှောက်တိုက်သွားရာမှ လေးယောက်ဒဏ်ရာရပြီး သေဆုံးသူနှစ်ယောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒါအပြင် ဗိုလ်မှူးဗထူးလမ်းပေါ်မှာ အခြားယာဉ်တိုက်မှုတခုကြောင့် လည်းသေဆုံးသူ တယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

"တယောက်က နေရာမှာပွဲချင်းပြီး သေဆုံးတယ်။နောက်တယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။တိုက်သွားတဲ့ကားက ထွက်ပြေးသွားခဲ့ပါတယ်"လို့ ဝန်းရံမှူးလူမှု့ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒါအပြင် အခင်းဖြစ်ရပ်သို့ ဝန်းရံမှူးအသင်းက လူနာတင်ယာဉ်နှစ်စီး၊နာရေးယာဉ်တစီးနဲ့ အဖြူရောင်နှလုံးသားအသင်းက လူနာတင် ယာဉ်တစီးတို့ နဲ့ သွားရောက်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရလူနာတွေကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းလမ်းမှာ လူတွေကို ဝင်တိုက်ပြီး ထွက် ပြေးသွားတဲ့ ကားနံပါတ်ဟာ NPT 4S-6492 BYD TANG ကားအမျိုးအစားဖြစ်တယ်လို့ ကားလောကသားတွေရဲ့ပြောပြချက်အရ သိရပြီး အခင်းဖြစ်ပွားစဉ်မှာ တိုက်ပြေးသွားတဲ့ ကားနံပါတ်ပြားဟာ ကျကျန်ရစ်ခဲ့တာဖြစ်တယ်လို့လည်း ကားလောကသားတွေက ပြောပါတယ်။

နောက်ဆက်တွဲသတင်းတွေအရ မြောက်ဒဂုံ ဗထူးလမ်းမပေါ် ဗထူးစျေးမီးပွိုင့်မှာ ကားအတိုက်ခံရပြီး ဆေးရုံအရောက်သေဆုံးသွားခဲ့သူဟာ သူမသေခင်မှာ ၅ ရပ်ကွက် ၊ မာလာမြိုင်လမ်း၊ အမှတ် - ၄၉၄ ၊ မြောက်ဒဂုံမှာသူနေထိုင်လို့ ပြောပြသွားခဲ့ပြီး သူရဲ့အမည်က ဦးအောင်မျိုးဦး၊အသက် ၆၅ နှစ်ဖြစ်တယ်လို့ နယ်မြေခံ လူမှုကူညီရေးသမား တယောက်က ပြောပါတယ်။

"ကျွန်တော်တို့ ကြိုးစားပြီး လိုက်လံဆက်သွယ်ပါတယ်။လူနာက သေအံ့ဆဲဆဲမှာဘာမှမေးလို့မရပါဘူး။သူပြောတဲ့ လိပ်စာတွေကလည်း မပြည့်စုံတာကြောင့် သူ့ မိသားစုနဲ့ ဆက်သွယ်လို့မရဖြစ်နေတယ်။ မသေဆုံးခင်အချိန်အထိလည်း ကျွန်တော်တို့ တတ်နိင်သမျှ သူ့ကိုကူညီပေးခဲ့ပါတယ်"လို့ နယ်မြေခံ ဝန်းရံမှူးလူမှုကူရေးအသင်းတာဝန်ရှိသူတယောက်က ဗထူးလမ်းယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ထပ်လောင်း ပြောပြပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားပြီး ယခုသေဆုံးသူရဲ့မိတ်ဆွေ မိသားစုကို ဝိုင်းဝန်းရှာဖွေပေးဖို့ကိုလည်း နယ်ခံ လူမှုကူညီရေးသမားတွေက မေတ္တာ ရပ်ခံထားပါတယ်။

သေဆုံးသူနှစ်ယောက်အနက် တယောက်ကတော့ မိသားစုတွေနဲ့ အဆက်အသွယ်ရရှိခဲ့ပြီး ဆေးရုံရောက်မှ သေဆုံးသွားခဲ့သူကတော့ ကျန်ရစ်သူမိသားစုနဲ့ အခုထိ အဆက်အသွယ်မရရှိသေးဘူးလို့ လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုအရသိရပါတယ်။

Photo - ဝန်းရံမှူး အသင်း

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ၆ သိန်းနဲ့အတူ ထိုင်းရဲ ဖမ်း

ဖေဖော်ဝါရီ ၇

ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ကို ထိုင်းနိုင်ငံ၊ နာခွန် ဆီသမ်မာရတ်ပြည်နယ်၊ Thung Song ခရိုင်အတွင်းမှာ မူးယစ်ဆေးဝါး Speed ဆေးတောင့် ၆၀၀,၀၀၀ နဲ့အတူ ဖေဖော်ဝါရီလ ၆ ရက် မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆေးဝါးတွေကို ထိုင်းနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းရှိ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားတွေဆီကို ပို့ပေးခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံအရာရှိတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပြင် Thung Song ခရိုင် ရဲစခန်းက အရာရှိတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့က အသက် ၂၈ နှစ်ရှိ ထိုင်းနိုင်ငံသားနဲ့ အသက် ၂၁ နှစ်ရှိ မြန်မာနိုင်ငံသားတို့ကို Nong Hong မြို့နယ်က အိမ်တစ်အိမ်မှာ မူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းက မူးယစ်သုံးစွဲသူတွေဆီ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကတစ်ဆင့် မူးယစ်ဆေးအများအပြားပေးပို့ဖို့ရှိတယ်ဆိုတဲ့သတင်းတွေအရ လှုပ်ရှားမှု ပြုနေကြတာပါ။

ရဲတပ်ဖွဲ့က အဲဒီကုမ္ပဏီဆီ နိုင်ငံမြောက်ပိုင်းက ပါဆယ်ထုပ်တွေရောက်လာရာမှာ ပါဆယ်ထုပ်တွေအတွင်း စစ်ဆေးဖို့ရှိတယ်လို့ ကုမ္ပဏီကိုပြောပြီး စစ်ဆေးမှုပြုခဲ့တာလို့လည်း သိရပါတယ်။ အဲဒီမှာ ချင်းမိုင်ကရောက်လာတဲ့ မသင်္ကာဖွယ် ပါဆယ်ထုပ် ၁၂ ထုပ်ကိုတွေ့ခဲ့တယ် ဆိုပါတယ်။ ဆက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ကုမ္ပဏီကို ပါဆယ်ထုပ်တွေပို့ရမယ့် အိမ်ကို လိုက်ပို့ခိုင်းခဲ့ပါတယ်။

အဲဒီအိမ်ကနေ ဖမ်းဆီးမိသူနှစ်ဦးက ပါဆယ်တွေကို လက်ခံရယူချိန်မှာ ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ စစ်ဆေးရာမှာတော့ သူတို့နှစ်ယောက်ဆီ ချင်းမိုင်က မူးယစ်ဆေး ရောင်းဝယ်သူတစ်ဦးက ပို့ပေးခဲ့တာလို့ ဝန်ခံခဲ့ကြတာကြောင့် သူတို့နှစ်ဦးကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ သိရပါတယ်။

Ref- Bangkok Post

Credit - MT News Agency

#centralnewsnaypyitaw

image
45 w - Translate

Pokémon The Movie: Mewtwo Strike Back (2019)

IMDB (5.7/1

ဒီ ကားလေးကတော့ ကျနော်တို ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့Pokemon: Mewtwo Strike Back Animation ကို3D animation ပုံစံနဲ့ပြန်ထုတ်ထားတာပါ..

Pokemon တွေရဲ့Move တွေရော ရုပ်ထွက်တွေပါတော်တော်ကြည့်ကောင်းသွားတယ်ပြောရမယ်..

ဇာတ်လမ်းကတော့ Mythical Pokémon Mew ရဲ့DNA ကိုယူပြီးTeam Rocket Leader Giovanni ကMew နံပါတ်two ဆိုပြီးဖန်တီးလိုက်တယ်..

အဲ့ Pokémon ကတော့ Mewtwo ပေါ့ဗျာ သူကလည်းလူနီးပါးအသိဉာဏ်မြင့်တဲ့Pokémon ဆိုတော့ စမ်းသပ်ခန်းကနေဖောက်ထွက်ခဲ့ပြီးPokémon တွေက

လူတွေရဲ့ခိုင်းတာခံနေရတာမဖြစ်သင့်ဘူးဆိုပြီး သူ့ကျွန်းပေါ်ကို Trainer တွေခေါ်ပြီးဘာတွေဆက်ဖြစ်မလဲ?

အဲ့ Trainer တွေထဲ ပါသွားတဲ့ ဆတိုရှိ(Ash),Pikachu နဲ့သူ့သူငယ်ချင်းတွေ ဘယ်လိုတားဆီးမလဲ? ဘာတိုက်ပွဲတွေဖြစ်မလဲဆိုတာကိုတော့ 3D အလန်းစားပုံရိပ်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်…

image
45 w - Translate

🙏ပိုမိုစိတ်ငြိမ်းချမ်းပြီးစိတ်ဒုက္ခကင်းစေရန်ကျင့်သုံးသင့်သည့် နည်းလမ်း🙏

၁။ မိမိကိုယ်ကို သေးသေးထားတတ်အောင် လေ့ကျင့်ပါ
ဆိုလိုသည်မှာ မိမိကိုယ်ကို သာမန်လူတစ်ဦးအနေနှင့် ထားရှိပါ။ ကြီးကြီးမားမား မထားပါနှင့်။ အရာရာတိုင်းတွင် မိမိကိုယ်ကို အလွန်အမင်း အရေးကြီးသူအဖြစ် မမှတ်ယူပါနှင့်။ တစ်စုံတစ်ခုဖြစ်ပါက မိမိကိုယ်ကို အလွန်အမင်း ဂရုမစိုက်မိစေရန် သတိထားပါ။

၂။ စုဆောင်းခြင်းမှ ရှောင်ကြဉ်တတ်အောင် လေ့ကျင့်ပါ
ဆိုလိုသည်မှာ ပစ္စည်းဥစ္စာများကို စုဆောင်းခြင်းသည် ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်။ ကောင်းမှုကုသိုလ်မှလွဲ၍ အခြားသော စုဆောင်းမှုအားလုံးသည် ဝန်ထုတ်ဝန်ပိုးသာဖြစ်သည်။ ထို့ကြောင့် စုဆောင်းခြင်းထက် စွန့်လွှတ်ခြင်းကို လေ့ကျင့်ပါ။

၃။ သက်တောင့်သက်သာရှိသူဖြစ်အောင် လေ့ကျင့်ပါ
ဆိုလိုသည်မှာ စံပြဖြစ်ခြင်းကို အလွန်အမင်း မတောင့်တပါနှင့်။ စံပြဖြစ်ခြင်းဆိုသည်မှာ မရှိပါ။ စံပြဖြစ်သည်ဟု ထင်မြင်ယူဆသူများသာ ရှိသည်။ ထို့ကြောင့် အရာရာကို သဘာဝအတိုင်း လက်ခံပါ။

၄။ တိတ်ဆိတ်စွာနေတတ်ခြင်း သို့မဟုတ် ကောင်းသောစကားကိုသာ ပြောတတ်အောင် လေ့ကျင့်ပါ
ဆိုလိုသည်မှာ မကောင်းသောစကားကို မပြောမိစေရန် သတိထားပါ။ အကယ်၍ တစ်စုံတစ်ခုသည် မကောင်းပါက ထိုအရာကို မပြောဘဲ နေတတ်အောင် လေ့ကျင့်ပါ။ မကောင်းသောစကားများ ပြောခြင်းသည် မိမိ၏စိတ်ကို ညစ်ညမ်းစေပြီး ကျဆင်းမှုကို ဖြစ်စေသည်။

၅။ အရာရာသည် ပြောင်းလဲဖြစ်ပေါ်နေသည်ကို နားလည်အောင် လေ့ကျင့်ပါ
ဆိုလိုသည်မှာ ပျော်ရွှင်မှုရှိသောအခါတွင် ထိုပျော်ရွှင်မှုသည် ခဏသာကြာမည်ကို သတိရပါ။ ဝမ်းနည်းမှုရှိသောအခါတွင်လည်း ထိုဝမ်းနည်းမှုသည် ခဏသာကြာမည်ကို သတိရပါ။ အခက်အခဲများနှင့် ကြုံတွေ့ရသောအခါတွင်လည်း ထိုအခက်အခဲများသည် အမြဲတမ်းရှိနေမည် မဟုတ်ကြောင်း နားလည်ထားပါ။

၆။ ငွေကြေး၏ကျေးကျွန်ဘဝမှ လွတ်မြောက်အောင် လေ့ကျင့်ပါ
ဆိုလိုသည်မှာ မိမိတွင် ရှိပြီးသောအရာများကို ကျေနပ်တတ်အောင် လေ့ကျင့်ပါ။ ကားဘာစီးစီး၊ ဘာနာရီဝတ်ဝတ်၊ အဝတ်အစားဘာဝတ်ဝတ် ရှိသည့်အရာကို ကျေနပ်တတ်အောင် လေ့ကျင့်ပါ။ ငွေကြေး၏ကျေးကျွန်ဘဝမှ လွတ်မြောက်ရန် လိုအပ်သည်ထက် ပိုမလိုချင်တတ်အောင် လေ့ကျင့်ပါ။

၇။ စွန့်လွှတ်ခြင်းနှင့် အရှုံးပေးခြင်းကို လေ့ကျင့်ပါ
ဆိုလိုသည်မှာ တစ်ခါတစ်ရံတွင် အခြားသူများအား အရှုံးပေးခြင်းသည် လိုအပ်သည်။ အမြဲတမ်း မှန်ကန်ချင်နေသူ၊ အကြောင်းအရာနှင့် အကျိုးဆက်ကို အလွန်အမင်းဂရုစိုက်သူ၊ အရှုံးမပေးလိုသူများသည် မကြာခဏ စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ရပြီး ပျော်ရွှင်မှုမရှိဘဲ ဖြစ်တတ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ အရှုံးပေးတတ်အောင် လေ့ကျင့်ပါ။

image

အမေ : ရေသွားဆော့မနေနဲ့အုန်းရေနစ်နေမယ်
မိမိ: 🤭

image

ကြ၊မ်: ကြ၊မ်: တမ်:တမ်: မိမိသူငယ်ချင်းကြီးက သူ့ ကော”င်‌လေးကို ချွဲ နေတာ မြင်သောအခါ မိမိ

image
45 w - Translate

mini cool tattoo

image
45 w - Translate

mini cool tattoo

image
45 w - Translate

mini cool tattoo

image