Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရော်နယ်ဒိုရဲ့မိမိကိုယ်ကို GOAT ပြောဆိုမှုကို မာရှေယာနိုတုန့်ပြန်
ဖေဖော်ဝါရီ ၇
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမား(GOAT)ဖြစ်တယ်လို့ ပြောဆိုမှုကို တုန့်ပြန်ခဲ့ပါတယ်။
မာရှေယာနိုက “ဒါတွေက ထင်မြင်ချက်တွေပါ။ ကျနော်ဟာ ရော်နယ်ဒိုကို လေးစားမှု အများကြီးရှိပြီး သူ့ရဲ့ ထင်မြင်ချက်ကို သုံးသပ်ဖို့ မလိုပါဘူး။ ဒါတွေက သူ့ရဲ့ထင်မြင်မှုပါ။ ကျနော်တို့မှာ ကိုယ်ပိုင်အတွေးအမြင်ရှိပြီး ဒါက မဟုတ်ပါဘူး။ တခြားတော့ ဘာမှမရှိပါဘူး”လို့ BBC Match of the Day ရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီတို့အကြားမှာ GOAT ပြောဆိုမှုဟာ နှစ်ပေါင်းများစွာ ကြာရှိနေခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက မက်ဆီ၊ မာရာဒိုနာ၊ ပီလီတို့ထက် ပြီးပြည့်စုံတဲ့ အကောင်းဆုံး ဘောလုံးသမား ဖြစ်တယ်လို့ ပြောခဲ့တာပါ။
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ ခြေထောက်နှစ်ဖက်စလုံးနဲ့ ဂိုးသွင်းနိုင်ကြောင်း၊ မြန်ပြီး သန်မာသလို ခုန်တဲ့နေရာမှာလည်း ကောင်းမွန်တဲ့သူ ဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ဒီပြောဆိုမှုဟာ ဝေဖန်မှုတွေ အများကြီးရှိခဲ့သလို သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေကလည်း ထောက်ခံခဲ့ကြတာပါ။
မာရှေယာနိုကတော့ သူ့အတွက် GOAT ဟာ ဘာစီလိုနာနဲ့ အာဂျင်တီးနား အသင်းဖော်ဟောင်းဖြစ်တဲ့ မက်ဆီလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မာရှေယာနိုဟာ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းကို ရာသီကြို ခြေစမ်းပွဲတွေအတွက် ပြင်ဆင်နေပြီး ခြေစမ်းပွဲ ၃ ပွဲ ကစားထားတာမှာ ၁ ပွဲကို ပွဲချိန်အတွင်း အနိုင်ရရှိခဲ့ပြီး ကျန် ၂ ပွဲကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် ဖေဖော်ဝါရီ ၉ ရက်မှာ အိုလင်ပီယာအသင်းနဲ့ ဟွန်ဒူးရပ်စ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Goal
ပုံ - ရော်နယ်ဒိုနဲ့ မက်ဆီကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
အလုပ်လက်မဲ့ဖြစ်နေလို စိတ်ပျော်ရွှင်စေမယ့်အရာကို
ရှာဖွေရင်း မတူကွဲပြားသူတွေကြား သွားရောက်နေထိုင်ကြတဲ့အခါ
Wanderlust
2012 ‧ Comedy/Romance ‧ 1h 38m
Paul Rudd ရယ်…Jennifer Aniston နဲ့ အဲ့တုန်းက သူ့ချစ်သူ Justin Theroux တိုပါဝင်သရုပ်ဆောင်ထားတဲ့
ဒီရုပ်ရှင်ကားက Comedy Romance အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပါတယ်…
အလုပ်အကိုင်မရှိတော့လို ဓာတ်ကျနေတဲ့ စုံတွဲတစ်တွဲဟာ
ဒီကမ္ဘာမှာ ကိုယ့်ကိုပျော်ရွှင်စေမယ့် တခြားရှင်သန်နေထိုင်မှုပုံစံတမျိုးမျိုးကိုရှာဖွေဖို ဆုံးဖြတ်လိုက်ကြပါတယ်..
ဒါကြောင့်မလို နယူးယောက်ကနေ တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်ရင်း
မတူကွဲပြားတဲ့လူတွေကြား အလွဲလွဲအချော်ချော်ဖြစ်ကြရင်း
အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြမလားဆိုတာကြည့်ရှု့ရမှာဖြစ်ပါတယ်။
#movie
သက်ရှိအများအစား(Kingdom) အသစ်တစ်ခုကို ရှာတွေ့ပြီလို့ ဇီဝပညာရှင်တွေ ယူဆ...
ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကြားမှာ ရှိနိုင်တယ်လို့ ယူဆရတဲ့ သက်ရှိအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။လူရဲ့ အူလမ်းကြောင်းထဲမှာ တွေ့ခဲတာပါ။ အမည်က Obelisks လို့ ပေးထားပါတယ်။
Obelisks များဟာ Streptococcus sanguinis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကို မှီခိုနေထိုင်ပြီး ပွားများနေကြတာပါ။
အဲ့ ဘက်တီးရီးယားပိုးဟာ သွားချေးများမှာ တွေ့ရလေ့ရှိတဲ့ ပိုးတစ်မျိုး ဖြစ်ပါတယ်။
Obelisks များကို မျိုးရိုးဗီဇပစ္စည်းများနဲ့ ဖွဲ့စည်းထားပြီး ပရိုတင်းများကို ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိပါတယ်။ အဲ့ ပရိုတင်းများကို "oblins" လို့ အမည်ပေးထားပါတယ်။
တင်ဇာမော်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့လေးကို ဆုတောင်းပေးခဲ့တဲ့ မီမီဝင်းဖေ ❤️
ဂန္တဝင်အဆိုတော်ကြီးတွေရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ တင်ဇာမော်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာပဲ အသက် ၄၈ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဘဝခရီးတလျှောက် ကျန်းမာစွာ ချမ်းသာစွာ အောင်မြင်စွာနဲ့ ဖြတ်သန်းပြီး ကောင်းမှုကုသိုလ်တွေဆက်ပြုနိုင်ဖို့ မီမီဝင်းဖေက ဆုတောင်းပေးလိုက်တာပါ