45 w - Translate

407 Dark Flight (2012)
လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး 6သဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်.... အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီးယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်....ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ် လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက်ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်
လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ခရီးသည်တွေအတွက် 6သရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ် လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်ကလေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်.....
ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီးခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်.....

image

အငယ်ဆုံးသမီးလေးမို့ပါ

မိုင်းဆတ်မှာ တလကျော်က သတ်ခံရတဲ့ ထွေအုပ်စာရေးရဲ့ ကျန်ရစ်တဲ့ မိသားစုပါ ယနေ့ထိ ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ပြီးခဲ့တဲ့ တလကျော်ကြာက ပစ်ခတ်ခံခဲ့ရတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဖြစ်သူရဲ့ ကျန်ရစ်သူ မိသားစုဝင် ၃ယောက်ဟာ ဒီကနေ့ အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထွေအုပ်စာရေး ဖြစ်သူ ဦးငွေစိုးသန်းနဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ရက်က နားကောင်းမူးကျေးရွာအုပ်စုဖက်ကို သွားလည်ရာကနေ အရပ်ဝတ် လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ရက်မှာတော့ ဦးငွေစိုးသန်းရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သေနတ်နဲ့ ပစ်ခတ်ပြီး လမ်းမှာ လာပစ်သွားတာ၊ သူ့မိန်းမနဲ့ ကလေး ၂ယောက်ကတော့ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သေသလား၊ ရှင်သလားလည်း မသိရဘူး။ နားကောင်းမူးကနေ အပြန်မှာ ဖမ်းသွားတာ။ အရပ်ဝတ်တွေနဲ့ ကားနဲ့ ဖမ်းခေါ်သွားတာ။ စစ်တပ်ကတော့ မဟုတ်ဘူး”လို့ နီးစပ်သူတယောက်က ပြောပါတယ်။

ပစ်ခတ်ခံထားရတဲ့ ထွေအုပ်စာရေးရဲ့ ရုပ်အလောင်းပို မိုင်းကျွတ်မြို့ အသွား လမ်းတနေရာမှာ ပစ်ထားခံခဲ့ရတာဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေကိုတော့ ယနေ့ချိန်ထိ လိုက်လံရှာဖွေနေပေမယ့် သတင်းအစအန မရရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မိုင်းဆတ်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စစ်တပ်နဲ့ ရဲသာမက ဒေသတွင်းတိုင်းရင်းသား လက်နက်ကိုင်အများအပြားရှိနေသလို အရပ်ဝတ်လက်နက်ကိုင်တွေကလည်း လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေက မကြာခဏကျူးလွန်လေ့ရှိပြီး မနေ့ ဖေဖော်ဝါရီလ ၆ရက်ကလည်း တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာဖက်မှာ အမျိုးသမီးတယောက်ကို အရပ်ဝတ်လက်နက်ကိုင်တွေကို ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

တရုတ်နှင့်ထိုင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု ရှီပြော

ဘေကျင်း၊ ဖေဖော်ဝါရီ ၇

တရုတ်နှင့်ထိုင်းအကြား ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင် မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်သည် ဖေဖော်ဝါရီ ၆ ရက် ဘေကျင်းမြို့တော်တွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) နှင့် တွေ့ဆုံချိန်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပေတုန်တန်သည် ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် သြဂုတ်လကတည်းက ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုခရီးစဉ်သည် တရုတ်နှင့်ထိုင်းအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ် ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်း (Kunming) မြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်( Bangkok) မြို့တော်သို့ ဆက်သွယ်မည့် အမြန်ရထားလမ်း ဖောက်လုပ်ရေးကဲ့သို့ စီမံကိန်းများ၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လျှပ်စစ်ကား များ ထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ရှီက ပြောကြားခဲ့သည်။

“နှစ်ပေါင်း ၁၀၀ အတွင်းမှာ မမြင်ခဲ့ရဖူးတဲ့ မကြုံစဖူး ပြောင်းလဲမှုတွေကို ရင်ဆိုင်ရာမှာ တရုတ်နဲ့ ထိုင်းဟာ အပြန်အလှန် ခိုင်မာစွာ ထောက်ပံ့ပေးပြီး မဟာဗျူဟာမြောက် အကျိုးစီးပွားတွေအတွက် အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်သင့်ပါတယ်”ဟု ရှီက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့် ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တရုတ်မှ အမေရိကန်သို့ တင်ပို့သည့် ကုန်စည်များ အပေါ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံမည်ဟု ကြေညာခဲ့ပြီးနောက် ရှီ၏ အဆိုပါ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

ကျားဖြန့်လုပ်ငန်းများနှင့် ခရီးသွားများ ဘေးကင်းလုံခြုံရေး ကိစ္စသည်လည်း ထိုင်းနှင့် တရုတ်အကြား အဓိကထား ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်သည်။

ထိုကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကူးမှုတို့ကြောင့် တရုတ်ခရီးသွားများအကြား စိုးရိမ်မှုများ မြင့်တက်နေ သဖြင့် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍကို ထိခိုက်စေမည့်အရေးကို ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။

“ထိုင်းကို လာလည်တဲ့ ခရီးသွားတွေရဲ့ လုံခြုံရေးက ထိုင်းအစိုးရရဲ့ အရေးအကြီးဆုံး ဦးစားပေးကိစ္စ ဖြစ်ပါတယ်” ဟု ပေတုန်တန်က ပြောကြားခဲ့ပြီး ထိုင်းနှင့်တရုတ် ပူးပေါင်းပြီး ရာဇဝတ်မှုများကို တိုက်ဖျက်သွားမည်ဟု ကတိပြုခဲ့သည်။

“ထိုင်းနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - ထိုင်းဝန်ကြီးချုပ်ပေတုန်တန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ဟာာ

အိန္ဒြာကျော်ဇင် is literally me
အိန္ဒြာကျော်ဇင် is literally me


45 w - Translate

(အသွားမတော်တစ်လှမ်း) ဇာတ်ကားသစ် အကြည်

ထောင်ဖောက်ဇာတ်ကားသစ်ကြီး

အကြည်ရပါပြီ

Sanam Teri Kasam ထာဝရထက်နှစ်ဆ
မင်းသားရာနေး၊ မင်းသမီး Divya နဲ့ မင်းသား
အနိလ်ကပူးရဲ့ ထောင်ဖောက်ကားသစ် S.A.V.I
ရုံကူးအကြည်ထွက်လာလို့ B-Town က
မြန်မာစာတန်းထိုးတင်ဆက်လိုက်ပါတယ်။

စာဝီ နဲ့ နကူးလ်တို့ ဇနီးမောင်နှံမှာ သားလေး
တစ်ယောက်ရှိပြီး ပျော်စရာကောင်းတဲ့မိသားစု
ဘဝလေးကို သာသာယာယာဖြတ်သန်းနေတာပါ။
တစ်နေ့မှာ နကူးလ်တို့ အိမ်ကို ရုတ်တရက် ရဲတွေ
ရောက်လာပြီး နကူးလ်က သူ့အလုပ်ရှင်သူဋ္ဌေးမကို
သတ်လို့ဆိုပြီး ဖမ်းသွားပါတယ်။ နကူးလ်ဟာ သူ့
သူဋ္ဌေးမနဲ့ အဆင်မပြေ ဖြစ်နေတာကြောင့်လည်း
အားလုံးက နကူးလ်ကို တရားခံလို့ ထင်တာပါ။
ဒါပေမဲ့ စာဝီဟာ သူ့ယောကျာ်းကို ယုံကြည်ချက်
အပြည့်ရှိပြီး ထောင်ထဲကနေ ထုတ်ဖို့အတွက်
ထောင်ဖောက်ပြေးသူတွေအကြောင်း စုံစမ်းပြီး
ထောင်ဖောက်ပြီး ယောကျာ်းကိုထုတ်ဖို့အတွက်
အချက်အလက်အားလုံး စုဆောင်းပြီး ထောင်
ဖောက်တာ အတွေ့အကြုံရှိသူတွေဆီကနေလည်း
အကြံပြုချက်တွေ ယူခဲ့ပါတယ်။ ဆာဝီတယောက်
ထောင်ဖောက်ပြီး ယောကျာ်းကိုကယ်ဖို့ သေချာ
ပလန်ဆွဲပြီး စအကောင်အထည်ဖော်ရာမှာတော့

#crd
#storymode

image

" လွယ်ကူမြန်ဆန်တဲ့ ကြက်ခြေထောက်အရိုးလွတ်
ပဲကြာဇံသုပ် ပြုလုပ်နည်း "

လိုအပ်သောပစ္စည်းများ ကြက်ခြေထောက်၊ ရှာလကာရည်(vinegar)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ
၊ သံပုရာရည်၊ ငါးငံပြာရည်၊ အသားမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ကြက်သွန်မြိတ် နဲ့ ငရုတ်သီးစိမ်း ဖြစ်ပါတယ်။

(၁)ကြက်ခြေထောက် ၁၅ ချောင်းကို ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်းခွဲ နဲ့ ရေမြှုပ်အောင် ထည့်ပြီး အိုးအဖုံး အနည်းငယ်ဟပြီး ပြုတ်ပေးပါ။ ၁၅ မိနစ် နှင့် မိနစ် ၂၀ ကြား ပြုတ်ပြီးလျှင် အိုးပေါ်မှချပြီး ရေစစ်ပါ။ (နူးအိသွားအောင် မပြုတ်ရပါ။)

(၂) ပြုနေစဉ် ရေဇလုံတစ်ခုထဲမှာ ရေခဲတုံးများထည့်ပြီး အေးခဲအောင်ပြုလုပ်ကာ အဆင်သင့်ထားရှိပါ။
ရေခဲစိမ်ထားတဲ့ ရေဇလုံထဲ ကြက်ခြေထောက်ပြုတ်များ ထည့်ပေးပါ။ ပူနေရာမှ အအေးသွားသဖြင့် ကျုံ့ပြီးမာသွားကာ အသားခွါရလွယ်ကူသွားစေပါတယ်။

(၃) ဓါးဦးချွန်ကို သုံးပြီး ခြေခလယ်အောက်၊ ခြေဖဝါးနေရာမှစကာ အရိုးကိုထိပြီး လှီးချပေးပါ။ ပြီးလျှင် ဘေးတစ်ဖက်စီကိုခွါချပေးပြီး ပေါ်လာသည့် အလယ်ရိုးအကြီးကို ချိုးလိုက်ပါ။

(၄) အလယ်ရိုးအကြီးချိုးပြီးလျှင် ခြေချောင်းကလေးများ၏ အလယ်နေရာများကို ဓါးဖြင့်ခွဲပြီး အရိုးအသေးလေးများကို ထုတ်ပေးပါ။ ကျန်သည့် ခြေထောက်များအားလုံးကို ဤနည်းအတိုင်း အရိုးထုတ်ပေးပါ။

(၅) ကြက်ခြေထောက်များကို အရိုးထုတ်ပြီးတဲ့အခါ အသုပ်သုပ်ဖို့အတွက် ခရမ်းချဉ်သီး ၃လုံးကို ရေဆေးပြီး အစေ့ထုတ်ကာ ပါးပါးလှီးပါ။ ကြက်သွန်နီ၂လုံးကိုလည်း ပါးပါးလှီးပါ။

သံပုရာရည် ထမင်းစားဇွန်း ၂ ဇွန်းခွဲ၊ ငါးငံပြာရည် ထမင်းစားဇွန်း ၅ ဇွန်း၊ အသားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ၊ ငရုတ်သီးအကျက်မှုန့် အနည်းငယ် ထည့်ပြီး သုပ်နိုင်ပါပြီ။ နံနံပင်၊ ပြုတ်ထားသော ပဲကြာဇံ ကြက်သွန်မြိတ် နှင့် ငရုတ်သီးစိမ်း တို့ကို နှစ်သက်သလို ထည့်နိုင်ပါတယ်။

ချဉ်ချဉ် ငံငံ စပ်စပ် စားကောင်းလှသော ကြက်ခြေထောက်သုပ်လေး ပြီးပါပြီ။
အရည်သောက်လေးလဲရ ခံတွင်းလည်း လိုက်တော့ ထမင်းစားမြိန်တာပေါ့...

image

pov: you tested my limit

image