ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
May 3 ပြည်တွင်းရွှေဈေး အနည်းငယ်ပြန်လည်ကျဆင်းလာ
သင်္ကြန်ပြီး ကာလာ မေလမရောက်ခင်ထိ ရွှေဈေး
၄၈ သိန်းအပေါ်မှာ တောက်လျှောက်ရှိနေခဲ့ပြီး
မေလအစထဲက ဖြေးဖြေးချင်း နည်းနည်းစီ ကျဆင်းလာပါတယ်
တဖက်မှာ ကမ္ဘာ့ရွှေဈေးကလဲ $2400 နီးပါးကနေ
အခု $2300 ဝန်းကျင်ထိ ကျဆင်းလာတာကြောင့်လဲ
ပြည်တွင်းရွှေဈေးပါ လိုက်ကျလာတယ်ဆိုရမယ်
ကမ္ဘာ့ရွှေဈေး $2300 အောက်ထိ ထပ်ကျလာရင်တော့ ပြည်တွင်းရွှေဈေးလဲ 47 သိန်း အောက်ထိ ဆက်ကျလာမှာဖြစ်ပါတယ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၄ ရက်)
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၃၉၆၀ ကျပ်
ဝယ်ဈေး - ၃၉၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၈၇၀ ကျပ်
ဝယ်ဈေး - ၂၈၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၃၀၁ ကျပ်
ဝယ်ဈေး - ၄၂၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၀၇.၅၃ ကျပ်
ဝယ်ဈေး - ၁၀၅.၂၆ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၈၇ ကျပ်
ဝယ်ဈေး - ၈၇၇ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၄၀ ကျပ်
ဝယ်ဈေး - ၅၃၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၈၅ ကျပ်
ဝယ်ဈေး - ၂၅.၃၀ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၇.၃၇ ကျပ်
ဝယ်ဈေး - ၄၆.၃၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၂ ကျပ်
ဝယ်ဈေး - ၂.၈၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၄၈၈၇ ကျပ်
ဝယ်ဈေး - ၄၇၈၄ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၂ ကျပ်
ဝယ်ဈေး - ၂၅၆၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၆ ကျပ်
ဝယ်ဈေး - ၂၈၄၄ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၅၀၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၇၅ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
ယနေ့ ရွှေဈေး (မေ - ၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၀၂ ဒေါ်လာ
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၃၀၀၀၀ ကျပ်
ဝယ်ဈေး ၄၆၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၃၀၀၀၀ ကျပ်
ဝယ်ဈေး ၄၄၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်
ကျွန်တော်တို့အိမ်အောက်မှာ City Express ရှိတယ်
သူ့ဘေးနား 2အိမ်ကျော်မှာ ဆိုင်ခန်းလေးရှိတယ်🏪
အဲ့ဒီဆိုင်ခန်းလေးထဲမှာ လုပ်ငန်းမျိုးစုံလာငှားပြီး
စျေးရောင်းကြတယ်...
- Handbag အိတ်ဆိုင်
- ကိတ်မုန့်ဆိုင်
- Beauty Salon တွေ၊
- လက်သည်းပြင်တဲ့ဆိုင်
စသဖြင့် ဆိုင်မျိုးစုံလာဖွင့်ကြတယ်
ဒါပေမဲ့ ဘယ်ဆိုင်မှ ကြာကြာမခံဘူး
အိမ်နားက လူပြတ်တော့ သိပ်မှမရောင်းရတာ
ဆိုင်တိုင်းလိုလို ဖွင့်ပြီး သုံးလေးလလောက်ကြာတာနဲ့
အရင်းပြုတ်သွားတတ်ကြတယ်... 📉
=====
တစ်နေ့ကျတော့ အဲ့ဒီမြေညီထပ်ဆိုင်ခန်းလေးမှာ
ဆိုင်းဘုတ်အသစ်လာတပ်နေတာ သတိထားမိတယ်
ကျွန်တော်ကတော့ ရှေ့ကဖွင့်ခဲ့တဲ့ဆိုင်တွေလိုပဲ
သိပ်ခံမှာမဟုတ်ပါဘူးလေ လို့ပဲ တွေးမိတာပေါ့
ဘာရောင်းမှာလဲမေးကြည့်တော့ စတိုးဆိုင်တဲ့
City Express လို မျိုးစုံရတဲ့ ဆိုင်ကြီးဘေးမှာ
နာမည်မရသေးတဲ့ Convenient Store တစ်ခု
လာဖွင့်တာဆိုတော့ ရူးများနေလားပေါ့ 😦
တော်တော်အံ့ဩသွားတယ်
သူဌေးနဲ့စကားပြောကြည့်တော့
သူတို့က City Express ထက် သာအောင်လုပ်မှာတဲ့
စျေးပိုသက်သာစေရမယ်ဆိုတဲ့ကတိနဲ့ရောင်းမယ်တဲ့
ကျွန်တော်လဲစိတ်ဝင်တစားနဲ့စောင့်ကြည့်နေတာပေါ့
=====
ထင်ထားတဲ့အတိုင်းပဲ
စတိုးဆိုင်အသစ်လဲ ဝယ်သူလုံးဝမရပါဘူး 😔
စျေးကတော့ တကယ်သက်သာတယ်ဗျာ
City Express မှာ ကော်ဖီတစ်ဗူး 2300 ဆို
သူတို့ဆိုင်မှာ 1800 ပဲရှိတယ်...
တကယ်သက်သာတာပါ ✨
ဒါပေမဲ့ သူတို့ကအခုမှစဖွင့်တော့ ပစ္စည်းမစုံဘူးဗျ
City Express မှာ အာလူးကြော် သုံးလေးမျိုးရရင်
သူတို့ဆိုင်မှာ တစ်မျိုးပဲရတယ်..
အရက်ဘီယာလဲလုံးဝမရောင်းဘူး..
ဒါ့ကြောင့်လဲ Customer တွေက နာမည်ရပြီးသား
City Express မှာပဲ စျေးကြီးပေးပြီးဝယ်ကြတယ်
စတိုးဆိုင်အသစ်လေး သက်ဆိုးရှည်ပါ့မလားလို့...😔
=====
တစ်နေ့ကျတော့ သူတို့ရဲ့စတိုးဆိုင်အထဲမှာ
ထိုင်ခုံတွေအသစ်တွေ ထည့်နေတာတွေ့ရတယ်
ထည့်ပြီးသွားတော့ ဝန်ဆောင်မှုသစ်မိတ်ဆက်တယ်
300 ကျပ်တည်းနဲ့ ခေါက်ဆွဲပြုတ်ပေးပြီး
ဆိုင်ထဲမှာတခါတည်းထိုင်စားလို့ရမယ်ပေါ့ 🍜
Wifi Free လဲပေးထားတယ်
ဒီလိုပြောင်းလဲပြီးတဲ့အချိန်မှာ သူတို့ရဲ့ဆိုင်မှာ
လူငယ် Customer အသစ်တွေ ရလာတာတွေ့ရတယ်
လူငယ်တွေက မီးပျက်ရင်
- အဲကွန်းလေးနဲ့
- Wifi Free လေးနဲ့
- 300 ပိုပေးပြီး ခေါက်ဆွဲပြုတ်လာစားရင်း
- ဖုန်းလာသုံးကြတယ်
ခေါက်ဆွဲပြုတ်ခ 300 ကလဲ တန််တယ်ဗျ 🤩
City Express မှာ ခေါက်ဆွဲတစ်ထုတ် 2800 ဆို
သူတို့ဆိုင်မှာက တစ်ထုတ် 2300 လေ..
300 ထပ်ပေးမှ 2600 ပဲရှိဦးမယ် 🤔
စျေးလဲအတူတူလောက်ဖြစ်နေပြီဆိုတော့
ဘာဖြစ်လို့များ City Express ကဝယ်ပြီး
အိမ်မှာအပင်ပန်းခံပြုတ်စားမလဲ? 😁
Wifi Free လဲရတော့ ဆိုင်မှာပဲထိုင်စားတော့မှာပေါ့
ဒီလိုနဲ့ စတိုးဆိုင်လေးက လူစည်လာပြီး
Convenient Store ဆိုတဲ့နာမည်အစား
Wifi Free ရတဲ့ ခေါက်ဆွဲပြုတ်ဆိုင်ဆိုပြီး
လူငယ်တွေကြားထဲမှာခေတ်စားလာတယ်.. 💖
=====
ဒီမှာ သတိထားမိတာက
စျေးကွက်ထဲမှာရပ်တည်ဖို့ဆိုရင်
စျေးသက်သာတယ်ဆိုတဲ့ ထူးခြားချက်တစ်ခုနဲ့တင်
ရပ်တည်ဖို့ မလုံလောက်တော့ဘူး...
သူများနဲ့မတူ ထူးခြားချက်ရှိနေမှသာ
Competitor တွေနဲ့ ပြိုင် Fight လို့ရမှာဖြစ်တယ်✅
City Express မှာလဲ ခေါက်ဆွဲပြုတ်ပေးပေမဲ့
- ထိုင်စားစရာ ထိုင်ခုံမရှိဘူး
- Wifi Free မပေးဘူး
- Fancy ပန်းကန်နဲ့လာမချပေးဘူး
- ခေါက်ဆွဲဘူးလောက်ပဲပြုတ်လို့ရမယ်
အိမ်အောက်က ဆိုင်သစ်လေးဟာဆိုရင်တော့
ဒီလိုနဲ့ပဲ ထူးခြားချက်(Unique Selling Point)
ဖန်တီးပြီး စျေးကွက်မှာ နေရာတစ်ခုရလာခဲ့တယ်
=====
Facebook မှာလဲ ပြိုင်ဖက်တွေက အများကြီးပါ
ကျွန်တော်တို့ဆီမှာ သူမတူတဲ့ထူးခြားချက်မရှိရင်
ကြာကြာရပ်တည်ဖို့မလွယ်ပါဘူး...
ထူးခြားချက်ဆိုတဲ့နေရာမှာလဲ
"စျေးပိုသက်သာပါတယ်" ဆိုတာနဲ့တင်မရတော့ဘူး
Customer Experience လိုမျိုး
ပိုက်ဆံထက်ပိုတဲ့ ထူးခြားချက်တွေလိုလာပြီ...🌟
=====
ကိုယ့် Page ရဲ့ Superpower (ထူးခြားချက်)ဆို
ဘာလေးများဖြစ်နိုင်မလဲ? 💖
မရှိရင် ထူးခြားအောင် ဘယ်လိုလုပ်လို့ရနိုင်မလဲ?
ဒီသတင်းအရဆိုရင် အိန္ဒိယမှာ ကုလားပဲအထွက်လျော့လို့ ပြည်ပကုလားပဲတွေ တင်သွင်းရာမှာ အခွန် ကင်းလွတ်ခွင့် ပေးလိုက်တာလို့ ယူဆရပါတယ်။ ကုလားပဲကို ၂၀၂၅ မတ်လအထိ အခွန်ကင်းလွတ်ခွင့် ပေးလိုက်သလို စားတော်ပဲဝါ အခွန်လွတ် တင်သွင်းခွင့်ကိုလည်း ဒီနှစ် ၁၀ လပိုင်းအထိ ဆက်ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ကြက်သွန်နီကိုတော့ ပို့ကုန်ခွန် ၄၀ % အထိ ကောက်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံဖို့ ဦးစားပေးထားတာ တွေ့ရပါတယ်။