51 w - Translate

ဒီနေ့တော့ Fusion Marketing အကြောင်း
အကြမ်းဖျင်းလေး ပြောပြပေးချင်ပါတယ် 🌟

=====

Fusion Marketing ဆိုတာ
လုပ်ငန်း 2 ခု ပူးပေါင်းပြီး Project အတူတူလုပ်ကာ

သူ့ Audience​ ကိုယ့်ကို သိ
ကိုယ့် Audience​ သူ့ကို သိ

လုပ်ငန်းကို လူပိုသိလာအောင်လုပ်တဲ့နည်းစနစ်ပါ

တစ်လုံးတည်းပြောရရင် Collaboration ပါပေါ့

=====

Fusion Marketing ကို ဥပမာအနေနဲ့ပြောရရင်
ကျွန်တော့်သင်တန်းမှာ ဆရာဝေယံချစ်သူက
Guest Speaker အနေနဲ့ လာဆွေးနွေးတာမျိုးပေါ့

ကျွန်တော့်သင်တန်းမှာ ဆရာဝေယံ လဲပါမယ်လို့
ကြေညာထားတဲ့အတွက် ဆရာ့ Follower တချို့လဲ
ကျွန်တော့်သင်တန်းကို Join ကြတာတွေ့ရပါတယ်

နိုင်ငံတကာမှာတော့ Mc Donald နဲ့ BTS တို့
Collab ထားတဲ့ BTS meal လို ဥပမာတွေရှိပါတယ် ✅

=====

အကျိုးတူ ပူးပေါင်းပြီးCollaboration လုပ်တဲ့အခါ
- Same Market, Same Product
- Same Market, Different Product
- Different Market, Same Product ကြိုက်သလို
ပါတနာရွေးချယ်လို့ရပါတယ်...

ဥပမာ
ဗိုက်ကြီးသည် Yoga ဆရာမ နဲ့ Gym ဆရာပေါင်းပြီး
Free Exercise Session လုပ်ပေးတာမျိုးပေါ့

=====

Fusion Marketing ကို ဘာကြောင့်သုံးသင့်လဲဆိုရင်
- Audience အသစ်တွေရလာနိုင်ပါတယ်
- Marketing​ Campaign ဆို ROI ပိုကောင်းပါတယ်
- ကိုယ့်လက်ရှိ Customer တွေအတွက် Experience အသစ်အဆန်းလေးတွေပေးနိုင်ပါတယ်

BTS Meal ဆိုလဲ Mc Donald စားနေကျ
Army လေးတွေအတွက် အတွေ့အကြုံသစ်ပဲပေါ့

Mc Donald တစ်ခါမှမစားဖူးတဲ့ Army တွေတောင်
BTS meal ကို လာဝယ်စားကြတာမလို့
Customer​ အသစ်တွေပိုရပါတယ်..

=====

Fusion Marketing အသုံးပြုဖို့
Network ကောင်းကောင်းရှိဖို့တော့လိုပါတယ်

Network ကောင်းဖို့
- Networking Event တွေ၊
- Online Class တွေ၊ သင်တန်းတွေ
- Seminar / Webinar တွေ Join ဖို့လိုနိုင်ပါတယ်..

မိတ်ဆွေတစ်ယောက်တိုးလေ၊
Network တိုးလေဖြစ်တာမလို့
ဘယ်သွားသွား မိတ်ဆွေတစ်ယောက်တော့ရအောင်
ပေါင်းသင်းဆက်ဆံကြည့်ဖို့ အကြံပေးချင်ပါတယ်💖

51 w - Translate

"တစ်ဘဝ ...တစ်ခါ "

"တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနဲ့
မင်းကို ငါချစ်တယ်
ဒါဟာ ဝဋ်ကြွေးတစ်ခုဆိုရင်
အဲ့ဒီ ဝဋ်ကြွေးကို ငါကျေနပ်တယ်။

ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာ တစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာ အရပ်ကို ငါရွေးမယ်။

ငါ့ရဲ့ ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲ ခဲ့ရင်
‌မတ်ေတာတရားက
ကျောသားရင်သား ခွဲခြားခဲ့ရင်
ငါတို့ဟာ မဆုံနိုင်တဲ့
မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါ ရှင်သန်နိုင်တယ်။

ဘဝမှာ တစ်ခါပဲ ချစ်ခွင့်ရမယ်ဆို
တစ်သက်မှာ တစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို
ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို
မင်းကို ချစ်စိတ်
ဘယ်အခါမှ မပြောင်းလဲပါဘူး။

မင်းရဲ့ အမည်နာမက
ငါ့ရဲ့ နေ့စဉ်သုံး ဘာသာစကား၊
မျှော်လင့်မထားဘဲ သတိရတတ်သွားတာ
ငါ့ရဲ့အမူအကျင့်။

နတ်ပြည်နဲ့ ငရဲ
ဘယ်အရာကို ရွေးမလဲလို့ မေးရင်
မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်

မင်းကို ချစ်တဲ့စိတ်
ဘယ်အခါမှ မပြောင်းပါဘူး။


#အကြည်တော်#

51 w - Translate

" ဘဝမှာ မတန်တာတွေရှိတယ်"

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့

အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
မတႏၲာမို့
ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။

အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို
ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။

မတန်ပါဘူး။
တကယ်ကို မတန်တာပါ။ ။

မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...

ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်..

#??????_??_????????_??????

image
51 w - Translate

အောက်တိုဘာလောက်မှာ Xiaomi 15 ကို မိတ်ဆက်လာမယ်လို့ သတင်းထွက်နေတယ်

ထုံးစံအတိုင်းပဲ Snapdragon 8 Gen4 ကိုသုံးပေးလာမယ်တဲ့ ဒါကတော့ မဆန်းပါဘူး နှစ်ကုန်ပိုင်းလောက်မှာ xiaomi က flagship အသစ် မိတ်ဆက်တယ် ၊ နောက်ဆုံးထွက် Snapdragon SoC ကိုသုံးပေးတယ် (ပုံမှန်ပါပဲ)

Snapdragon 8 Gen4 က သတင်းအရတော့
Single Core 2,700
Multi Core 100,000 ရှိပါတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ Geekbench 6 Test အရသိရတယ် နောက်ထပ် သတင်းအနေနဲ့ 8 Gen4 မှာ သိသာတဲ့ CPU / GPU Performance တိုးတက်မှုတွေရှိလာနိုင်ပြီး High Performance Core တွေက 3.6 - 4 GHz Clock Speed အထိ ရှိမယ်လို့ ပြောနေကြပါတယ်

Xiaomi 15 အကြောင်းသိရသမျှ ကို ဆက်ရရင် အရင်က Xiaomi 14 ထက် ဘေးဘောင်တွေပိုပါးလာမယ်

Chin ကို 1.71mm ကနေ 1.5mm အထိ ပါးလာမယ်ဆိုတာက ဖုန်း Screen ပေါ်ကျရင်သိသာတဲ့တိုးတက်ပြောင်းလဲမှုလို့ပြောရမှာပဲ
အင်တာနက်ပေါ်ကပုံအရတော့ 1.5mm က ဘောင်ပတ်လည် ဖြစ်လာနိုင်တယ့်အပြင် ကင်မရာနေရာကလဲ 3.9mm ကနေ 2.5mm အထိ ပိုသေးလာပါမယ်တဲ့

image
51 w - Translate

နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့
စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်။
ဒါပေမယ့် သူ့ကို ထည့်မပြောကြဘူး။

အားလုံးပြောကြတာက
"ဆယ်နာရီ ဆယ်ငါးမိနစ် ရှိပြီ" လို့ပဲ
ပြောကြတယ်။
ဘယ်သူကမှ
"ဆယ်နာရီ ဆယ်ငါးမိနစ် လေးစက္ကန့်" ဆိုပြီး
ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို
ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ
ကူညီ​ပေးတယ်။

အလားတူ

ကျနော်တို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့
သူတွေ ရှိတတ်ကြပါတယ်။သူတို့ကိုတော့
စကားထဲမှာထည့် မပြောပေမယ့် ကျနော်တို့ တိုးတက်ဖို့ သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။

Credit.. Original uploader

image
51 w - Translate

ထိုင်းမှာ အလုပ်ရှာမယ်ဆိုရင် သိထားသင့်တဲ့ Websites (၅) ခု

အရင်ဆုံး ထိုင်းမှာ White Collar အလုပ်ရှာတော့မယ်ဆိုရင် သိထားရမှာက Visa ကိစ္စ၊ Work Permit ကိစ္စတွေကို သေသေချာချာလေး အလေးထားပြီး အလုပ်လုပ်တော့မယ် ကုမ္ပဏီ HR နဲ့စကားပြောသင့်သလို ကိုယ်တိုင်ကလည်း အမြဲတစ်စေ အလုပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို နားစွင့်ထားသင့်တယ်ဆိုတာ အရင်ဆုံး သတိပေးချင်ပါတယ်။ ထိုင်းမှာ ဘာပဲဖြစ်ဖြစ် အစိုးရ Website တွေက Update ဖြစ်တဲ့အတွက် တစ်ခုခုဆိုရင် အစိုးရ Website တွေနဲ့ အလုပ်က HR ကိုသာ သေချာမေးသင့်ပြီး တွေ့ကရာမှာ ရေးထားတဲ့ စာတွေကိုလည်း အတင်းမျက်စိစုံမှိတ်ပြီး မယုံဖို့ကိုလည်း ထပ်ဆောင်းမှာချင်ပါတယ်။

ကဲ...ဒါဆိုရင် Website တွေဖက်လှည့်ရအောင်

၁. LinkedIn
ထိုင်းက Corporate ကြီးတွေက LinkedIn မှာအမြဲအလုပ်ခေါ်ပါတယ်။ ဒါကြောင့် LinkedIn Profile ကောင်းကောင်းလေးဆောက်ပြီး အလုပ်ခေါ်စာတွေအမြဲစောင့်ကြည့်သင့်ပါတယ်။ Recruit လုပ်နေသူတဲ့သူတွေနဲ့လည်း အမြဲ Interact လုပ်နေဖို့လိုပါတယ်။ Professional တွေသုံးနေတဲ့ Social Media လိုမျိုးဖြစ်တာကြောင့် အလုပ်ကိစ္စတွေအပြင် တစ်ခြား ဗဟုသုတတွေမျှဝေတဲ့ Resource တွေကိုလည်း မြင်ရနိုင်ပါတယ်။

၂. Glassdoor
သူကလည်း Corporate ကြီးတွေသုံးတဲ့ Jobs Search Platform တစ်ခုပါပဲ။ အလုပ်လုပ်ဖူးတဲ့သူတွေက Company တွေကို Review ပေးတာအပြင်၊ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖူးတဲ့သူတွေက ကုမ္ပဏီတွေကို Review လုပ်တာတွေကိုလည်း ဖတ်ရနိုင်တာကြောင့် ကိုယ်လုပ်ချင်တဲ့၊ ကိုယ့်ကိုလာခေါ်တဲ့ ကုမ္ပဏီက ဘယ်လို Work Environment ရှိလဲ၊ ဘယ်လို Work Trends တွေသုံးနေလဲဆိုတာ သိချင်ရင် ဒီကောင်မှာ ရှာဖွေလေ့လာလို့ရပါတယ်။

၃. Indeed
Indeed ကိုထိုင်းမှာလည်း အသုံးများပါတယ်။ ကျွန်တော်တက်နေတဲ့ ကျောင်းမှာဆိုရင် Indeed ရုံးက ကိုယ်တိုင်လာပြီး Intern လာခေါ်တာမျိုး ကြုံဖူးပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ Bachelor ပြီးမှ ရဖိုးအခွင့်အလမ်းရှိတာပါ။ ကျောင်းပြီးပြီးသားလူတွကတော့ ထိုင်းနိုင်ငံအတွင်းက Full Time Job တွေရှာလို့ကောင်းတဲ့ နေရာတစ်ခုပါ။

၄. Jobsdb
ထိုင်း Local တွေကိုတော့ မသိပေမယ့် Foreigners တွေကတော့ အလုပ်ခေါ်စာပို့ပြီးရင် ပြန်စာ မလာဘူးလို့ Review ပေးခံရတာတွေရှိပေမယ့် အဆင်ပြေသွားတဲ့သူတွေလည်း ရှိလို့ စမ်းသပ်ကြည့်သင့်တဲ့ Platform တစ်ခုဖြစ်ပါတယ်။

၅. ajarn
Ajarn ဆိုတာက ထိုင်းလို "Professor" လို့အမည်ရပါတယ်။ စာသင်ပြနိုင်တဲ့ ဆရာတွေအတွက် ထိုင်းနိုင်ငံအတွင်းက စာသင်ကြားရေးအလုပ်တွေ ရှာလို့ကောင်တဲ့နေရာပါ။ အစိုးရကျောင်းတွေ၊ Private ကျောင်းတွေအပြင် ကျူရှင်လိုမျိုး စာသင်ချင်တဲ့သူတွေလည်း Full Time, Part Time, Contract ပုံစံမျိုးစုံနဲ့ စာသင်ပေးနိုင်တဲ့ဆရာတွေ လာရှာတတ်ပါတယ်။ Payment တွေလည်းကောင်းတာမို့ စာအသင်အပြနဲ့လာချင်တဲ့ သူတွေဆိုရင် ဒီ ​Platform မှာရှာကြည့်နိုင်ပါတယ်။

အလုပ်ရှာရာမှာ Visa ကိစ္စနဲ့၊ ကုမ္ပဏီစစ်မှန်မှုရှိမရှိကိုတော့ အထူးတလည် ဂရုစိုက်ကြဖို့ သတိပေးတိုက်တွန်းလိုပါတယ်။

အားလုံးပဲ အလုပ်အကိုင်အဆင်ပြေကြပါစေခင်ဗျာ....

image
51 w - Translate

မန္တလေး ကုန်စည်ဒိုင် ၆ - ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

ဂျုံစေ့အမျိုးမျိုး
ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မုံရွာ/ဘုတလင်) - ၆၀ ပိဿာ - 155000/160000/
ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (မြင်းမူ/မြောင်) - ၆၀ ပိဿာ - 155000/ 160000
ဂျုံ (ကလေး) - ၆၀ ပိဿာ - 125000/ 130000
ဂျုံ (ရှမ်း) - ၆၀ ပိဿာ - 135000/ 140000
ဂျုံ (အထွက်တိုး) - ၆၀ ပိဿာ - 135000/
ဂျုံ (AUS) - ၁ ပိဿာ - 3300 (ygn)
ဂျုံဖွဲ - ၁ ပိဿာ - 1300/

ကုလားပဲလုံး
V2 - ၅၇.၂၅ ပိဿာ - 240000/
V7 - ၅၇.၂၅ ပိဿာ - 248000
TW - ၅၆.၂၅ ပိဿာ -(ကောင်း) 225000/ 226000
TW (ကလေး) - ၅၆.၂၅ ပိဿာ - 218000/ 220000
929 - ၅၆.၂၅ ပိဿာ - 233000/ 235000

ကုလားပဲခြမ်း - (၁ပိဿာ) ဈေးနှုန်းများ
V2ခြမ်း - 5500/ 5550
V7ခြမ်း -5500

ပဲစင်းငုံအမျိုးမျိုး
ပဲစင်းငုံ (နီ) - ၆၀ ပိဿာ - 388000/ 389000
ပဲစင်းငုံ (ဖြူ) - ၆၀ ပိဿာ - 365000/ 367000

ပဲယင်းအမျိုးမျိုး
ပဲယင်းကြီး - ၆၀ ပိဿာ - 130000/ 133000/
ပဲယင်းသေး - ၆၀ ပိဿာ - 128000/ 130000
ပဲယင်းနီ - ၆၀ ပိဿာ -178000/ 182000/

ပဲတီစိမ်းအမျိုးမျိုး
ပဲတီစိမ်းရွှေဝါ (ခရမ်း) - ၅၆.၂၅ ပိဿာ -213000/ 214000
ပဲတီစိမ်း (ညာ) - ၅၆.၂၅ ပိဿာ -(သစ်)- 175000/ 180000
ပဲတီစိမ်းသေး (စိမ်းနောက်) - ၅၆.၂၅ ပိဿာ
ပဲတီစိမ်း (ခွဲပဲ) - ၅၆.၂၅ ပိဿာ - 125000/135000

ပဲလွန်း
ပဲလွန်းဖြူ - ၆၀ ပိဿာ - 195000/ 200000/
ပဲလွန်းပြာ - ၅၄.၂၅ ပိဿာ -172000/ 173000/ 175000/
ပဲလွန်းဝါ - ၅၄.၂၅ ပိဿာ - 160000/ 165000(ယခင်)

ပဲကြီးအမျိုးမျိုး
ပဲကြီး (က) - ၅၅.၂၅ ပိဿာ - 255000/ 260000/
ပဲကြီး (လ) - ၅၅.၂၅ ပိဿာ - 230000/ 235000/ 240000/
ပဲကြီး (သ) - ၅၅.၂၅ ပိဿာ - 210000/ 220000/
တရုတ်ပဲကြီး (က) - ၅၀ ပိဿာ - 380000(ယခင်)
တရုတ်ပဲကြီး (သ) - ၅၀ ပိဿာ - 288000(ယခင်)

ပဲရာဇာ
ပဲရာဇာ (လုံး) - ၃တင်း=၆၁.၂၅ ပိဿာ -
ပဲရာဇာ (ခြမ်း) - ၁ ပိဿာ - 7500/

ပဲနီပြား - ၅၅.၂၅ ပိဿာ -280000/285000/ 300000/ 310000 /

ပဲထောပတ်
ပဲထောပတ် (ဂေါက်) - ၅၆.၂၅ ပိဿာ - 345000
ပဲထောပတ် (က) - ၅၆.၂၅ ပိဿာ - 335000/ 340000
ပဲထောပတ် (လ) - ၅၆.၂၅ ပိဿာ - 310000/ 325000/
ပဲထောပတ် (သ) - ၅၆.၂၅ ပိဿာ -_285000/ (ယောထော) 310000/

ပဲကြား - ၅၆.၂၅ ပိဿာ -135000/

ပဲဇီးကွက်
ပဲဇီးကွက် (ဗမာ) - ၅၈.၂၅ ပိဿာ - 145000/ 1480000/

စွန်တာပြာ
စွန်တာပြာ (ကသဲ) - ၅၈.၂၅ ပိဿာ - 145000/ 146000
စွန်တာပြာ (ရိုးရိုး) - ၅၈.၂၅ ပိဿာ - 142000/

ပဲပုတ်
ပဲပုတ် (ရှမ်း) - ၅၃.၂၅ ပိဿာ - 152000/ 155000/ 160000/
ပဲပုတ် (ဗမာ) - ၅၃.၂၅ ပိဿာ - 185000/ 188000(ယခင်)

နိုင်လွန်ပဲ/ပုဂံပဲ - ၅၉.၂၅ ပိဿာ - 280000/ 283000/ 285000(ယခင်)

မြေထောက်ပဲ
မြေထောက်ပဲ - ၅၄ ပိဿာ - 270000/ 280000/ 320000/ 330000/
မြေထောက်ပဲ (ဖြူ) - ၅၄ ပိဿာ - 335000/340000//(ယခင်)

မတ်ပဲ
မတ်ပဲ (ကောင်း) - ၆၀ ပိဿာ -285000/ 290000/ 291000/

စားတော်
စားတော် (ကနေဒါ) - ၅၉.၂၅ ပိဿာ - 270000 /
စားတော် (ကျွန်း) - ၅၉.၂၅ ပိဿာ - 230000/ 250000/ 260000/

ဘိုကိတ်
ဘိုကိတ်ကြား (က) - ၅၂ ပိဿာ -(ထိပ်စွတ်) 380000/(ဗမာ) 398000(ယခင်)

ပဲချဉ်ပေါင် - ၆၀ ပိဿာ -160000/ 165000

ပြောင်း
ပြောင်းဖူး (ဗမာ) - ၅၄ ပိဿာ - 50000/51000
ပြောင်းဖူး (ရှမ်း) - ၅၄ ပိဿာ - 52000/ 52500
ပြောင်းဖူး (CP) - ၅၄ ပိဿာ - 52000/ 52500

နံနံစေ့ - ၁တင်း=၈ ပိဿာ - 35000

ကြက်ဆူ
ကြက်ဆူ (ဗမာ) - ၃၆ ပိဿာ -110000

နှမ်းအမျိုးမျိုး
နှမ်းနက် (စမုန်) - ၄၅ ပိဿာ - 365000 /375000/380000/ 395000/ 405000/ 410000
နှမ်းဖြူ (JP) - ၄၅ ပိဿာ -395000/ 400000
နှမ်းဖြူ (ရိုးရိုး) - ၄၅ ပိဿာ - 375000/ 380000/ 385000
နှမ်းဖြူ (ခြုံကျော်) - ၄၅ ပိဿာ -390000/ 395000
နှမ်းညို - ၄၅ ပိဿာ - 300000/ 305000

ဆောင်းနှမ်း - ၄၅ ပိဿာ - 330000/ (ယခင်)

ပန်းနှမ်း - ၄၅ ပိဿာ - 205000/

နေကြာ
ဆီနေကြာ - ၂၇ ပိဿာ - 100000/ 105000

မြေပဲဆံအမျိုးမျိုး - ၁ ပိဿာဈေးနှုန်း
S1လုံးဆံ - 7000/7300/7400
S1ဆီဆံ - 6300/ 6400/( ရွေဆံ)6800/ 7000
အနီလုံးဆံ - - (သစ်) (ရှည်)6100/ 6150// (ဝိုင်း)7000/ 7200

ဆီအမျိုးမျိုး - ၁ ပိဿာ ဈေးနှုန်း
ပဲဆီ - ၁ ပိဿာ -10000/ 12000
ပဲဖတ် - ၁ ပိဿာ- 3040/
နှမ်းဆီ - ၁ ပိဿာ- 12500
နှမ်းဖတ် - ၁ ပိဿာ- 2700/ 2750
မုန့်ညှင်းဖတ် - ၁ ပိဿာ -1750/ 1770,
နေကြာဆီ - ၁ ပိဿာ-13000
နေကြာဖတ် - ၁ ပိဿာ- 1875
ပဲပုတ်ဆီ - ၁ ပိဿာ 6500
ပဲပုတ်ဖတ် - ၁ ပိဿာ- 3000

မှတ်ချက်။ ။အချိန်နှင့်အမျှဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

image
51 w - Translate

ကလေးဦးနှောက် ဖွံ့ဖြိုးဖို့ အကောင်းဆုံး အစားအသောက် (၁၀) မျိုး
🔹🔹🔹🔹🔹🔹🔹🔹🔹🔹

မိခင်နို့နှင့် အောက်ပါစားစရာများတွင် ပါဝင်သော အာဟာရဓာတ်များသည် ဦးနှောက်ကြီးထွားမှု၊ ဦးနှောက်၏နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်သာမက အာရုံကြောများအချင်းချင်း အကျိုးတူ တွဲဖက် အလုပ်လုပ်စေရန် မရှိမဖြစ်လိုအပ်ပါသည်။ ဦးနှောက်နှင့် အာရုံကြောများမှ ကလာပ်စည်းများ မပျက်စီးအောင်လည်း ကာကွယ်ပေးပါသည်။

🔹(၁) မိခင်နို့
🔺အာဟာရပြည့်ဝအောင်စားသော မိခင်တစ်ဦး၏ နို့ရည်က မွေးကင်းစကလေးဦးနှောက်ဖွံဖြိုးဖို့ အကောင်းဆုံးဖြစ်သည်။

🔹(၂) အဆီမပါသော အသား
🔺ကြော်၊ ချက်၊ နှပ်၊ ပြုတ်၊ ပေါင်း၊ ကင်နိုင်သည်။ အသားမှရသော သံဓာတ်နှင့် ဇင့်က မှတ်သားဉာဏ်နှင့် အာရုံစူးစိုက်ဖို့ အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။

🔹(၃) လတ်ဆတ်သော ဆယ်လ်မွန်ငါး
🔺ဆယ်လ်မွန်ငါး မရှိသော အရပ်တွင်နေလျှင် ဝယ်လို့ရသော ငါးသေတ္တာငါး၊ တူနာငါး၊ ငါးမြင်း၊ ငါးကြင်းစသည်တို့ကို ကျွေးနိုင်ပါသည်။ ငါးကို ဆီထဲနှစ်ပြီး ကြာရှည်စွာ ကြော်လျှင် ဦးနှောက်ကြီးထွားမှုကို အကျိုးပြုသော အိုမီဂါ-၃ အဆီဓာတ် ပျက်စီးနိုင်၍ ပေါင်းခြင်း၊ ကင်ခြင်းက ပိုသင့်လျော်ပါသည်။

🔹(၄) ကြက်ဥ၊ ငုံးဥ
🔺ရောဂါပိုးမပါစေရန် ကြက်ဥ၊ ငုံးဥကို ကျက်အောင်ပြုတ်ပါ။

🔹(၅) ပဲအမျိုးမျိုး
🔺ပဲတီစိမ်း၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲကြီး၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ကျောက်ကပ်ပုံပဲ စသည်တို့အားလုံး အကျုံးဝင်သည်။

🔹(၆) ဝါစိမ်းနီ ဟင်းသီးနှင့်ဟင်းရွက်များ
🔺အထူးသဖြင့် broccoli ဟုခေါ်သော ပန်းဂေါ်ဖီစိမ်းက ကောင်းသည်။ ဟင်းရွက်များကို ပွက်ပွက်ဆူရေတွင် ကြာရှည်စွာ ပြုတ်ခြင်း၊ ဖိအားများသော ပေါင်းအိုးတွင် ချက်ခြင်းက အာဟာရဓာတ်ဆုံးရှုံးနိုင်၍ မီးပြင်းပြင်းနှင့် အချိန်တိုတွင်း ကြော်ချက်ခြင်းက ပိုကောင်းသည်။

🔹(၇) အရောင်စုံ သစ်သီးများ
🔺ဥပမာ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ စပျစ်သီးနီ၊ စပျစ်သီးအစိမ်းရောင်

🔹(၈) နို့ထွက်ပစ္စည်းများ
🔺နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ များကို မပျက်အောင် ရေခဲသေတ္တာထဲ သိမ်းဆည်းပါ။

🔹(၉) အခွံမာသီးနှင့် အစေ့အဆံ
🔺မြေပဲ၊ နေကြာစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီးစသည်တို့ဖြစ်သည်။ မမျိုတတ်သော ကလေးကိုတော့ မကျွေးပါနှင့်။

🔹(၁၀) သောက်ရေ
🔺သောက်ရေတွင် အာဟာရမပါသော်လည်း ဦးနှောက်ထဲ အောက်ဆီဂျင်ရဖို့ရာ သွေးလည်ပတ်မှု ကောင်းစေရန် အရေးကြီးပါသည်။

⛔️အသင့်သောက်သုံးဖို့ ရောင်းချထုတ်လုပ်သော ကြက်ပေါင်းရည်က ဦးနှောက်အားကောင်းစေသည်ဟု ကြော်ငြာသော်လည်း သိပ္ပံကျန်းမာရေးပညာတွင် မှန်ကန်ကြောင်း လက်ခံမှု မရှိသေးပါ။

#နေနေမိုးဆွေ (Child Health Myanmar Page)
Reference- SingHealth, Better Health Channel, Nutrition Australia
#naynaymoeswe

image
51 w - Translate

၃ နှစ်သမီးလေးပြောလို့ အခန်းနံရံကို Scan ဖတ်ချိန်မှာ အံ့အားသင့်စရာ တွေ့ရှိခဲ့

၃ နှစ်သမီးလေးက သူ့အခန်းနံရံထဲမှာ ထူးဆန်းတဲ့သတ္တဝါကြီးတွေ ရှိနေသလို ခံစားရတယ်လို့ ပြောတာကို မယုံကြည်ခဲ့တဲ့ မိဘနှစ်ပါးဟာ အခန်းနံရံကို အပူလှိုင်းပြ ကင်မရာနဲ့ Scan ဖတ်ကြည့်ချိန်မှာတော့ အံ့အားသင့်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချားလော့မြို့မှာ နေထိုင်တဲ့ ၃ နှစ်သမီးလေး ဆေလာကလက်ဟာ သိပ်မကြာသေးခင်ကမှ Monster Inc ဇာတ်ကားကို ကြည့်ထားသူပါ။ သူ့အခန်းနံရံထဲမှာ ထူးဆန်းတဲ့သတ္တဝါတွေကို ရှိနေတယ်လို့ သူ ပြောချိန်မှာ သူ့မိဘတွေက မယုံခဲ့ပါဘူး။ ဒါပေမဲ့ လနဲ့ချီ ပြောနေခဲ့လို့ သတိထားမိချိန်မှာ မိခင်ဖြစ်သူက ပျားတွေရဲ့ တဝီဝီမြည်သံကို ကြားခဲ့ရပါတယ်။

သူတို့က ပိုးမွှားနှိမ်နင်းရေး ကျွမ်းကျင်ပညာရှင်ကို ဆက်သွယ်ခေါ်ယူပြီး စစ်ဆေးခိုင်းခဲ့ရာမှာတော့ (အမေရိကန်နိုင်ငံမှာ ကာကွယ်ထားတဲ့ ပျားမျိုးစိတ်) ဖြစ်နေတာ သိခဲ့ပါတယ်။ အခန်းနံရံကို အပူလှိုင်းပြ ကင်မရာနဲ့ Scan ဖတ်ကြည့်ချိန်မှာတော့ ပျားအကောင်ရေ ၆ သောင်းကျော် စုဖွဲ့နေပြီး ခရစ္စမတ်သစ်ပင်ကြီးတစ်ခုပုံစံ ဖြစ်နေတဲ့ ပျားအုံကြီးကို တွေ့ခဲ့ရတာပါ။

အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ပျားတွေကို ထိခိုက်ပျက်စီးအောင် လုပ်လို့မရတဲ့အတွက် နံရံထဲက ပျားအုံကြီးကို ရွှေ့ပြောင်းဖို့ ကြိုးစားခဲ့ရပါတယ်။ နံရံကို အပေါက်ဖောက်၊ လေစုပ်စက်နဲ့ ပျားတွေကို ဘူးထဲ စုပ်ထည့်ပြီး ရွှေ့ပြောင်းခဲ့ရတာပါ။ ပျားအကောင်ရေ သောင်းချီနဲ့ အလေးချိန် ပေါင် ၁၀၀ ရှိတဲ့ ပျားအုံကြီးကို ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

Ref: 3-Year-Old Girl Complaining of Monsters in Her Room Was Hearing 60,000 Bees in the Walls

image
51 w - Translate

၃ နှစ်သမီးလေးပြောလို့ အခန်းနံရံကို Scan ဖတ်ချိန်မှာ အံ့အားသင့်စရာ တွေ့ရှိခဲ့

၃ နှစ်သမီးလေးက သူ့အခန်းနံရံထဲမှာ ထူးဆန်းတဲ့သတ္တဝါကြီးတွေ ရှိနေသလို ခံစားရတယ်လို့ ပြောတာကို မယုံကြည်ခဲ့တဲ့ မိဘနှစ်ပါးဟာ အခန်းနံရံကို အပူလှိုင်းပြ ကင်မရာနဲ့ Scan ဖတ်ကြည့်ချိန်မှာတော့ အံ့အားသင့်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချားလော့မြို့မှာ နေထိုင်တဲ့ ၃ နှစ်သမီးလေး ဆေလာကလက်ဟာ သိပ်မကြာသေးခင်ကမှ Monster Inc ဇာတ်ကားကို ကြည့်ထားသူပါ။ သူ့အခန်းနံရံထဲမှာ ထူးဆန်းတဲ့သတ္တဝါတွေကို ရှိနေတယ်လို့ သူ ပြောချိန်မှာ သူ့မိဘတွေက မယုံခဲ့ပါဘူး။ ဒါပေမဲ့ လနဲ့ချီ ပြောနေခဲ့လို့ သတိထားမိချိန်မှာ မိခင်ဖြစ်သူက ပျားတွေရဲ့ တဝီဝီမြည်သံကို ကြားခဲ့ရပါတယ်။

သူတို့က ပိုးမွှားနှိမ်နင်းရေး ကျွမ်းကျင်ပညာရှင်ကို ဆက်သွယ်ခေါ်ယူပြီး စစ်ဆေးခိုင်းခဲ့ရာမှာတော့ (အမေရိကန်နိုင်ငံမှာ ကာကွယ်ထားတဲ့ ပျားမျိုးစိတ်) ဖြစ်နေတာ သိခဲ့ပါတယ်။ အခန်းနံရံကို အပူလှိုင်းပြ ကင်မရာနဲ့ Scan ဖတ်ကြည့်ချိန်မှာတော့ ပျားအကောင်ရေ ၆ သောင်းကျော် စုဖွဲ့နေပြီး ခရစ္စမတ်သစ်ပင်ကြီးတစ်ခုပုံစံ ဖြစ်နေတဲ့ ပျားအုံကြီးကို တွေ့ခဲ့ရတာပါ။

အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ပျားတွေကို ထိခိုက်ပျက်စီးအောင် လုပ်လို့မရတဲ့အတွက် နံရံထဲက ပျားအုံကြီးကို ရွှေ့ပြောင်းဖို့ ကြိုးစားခဲ့ရပါတယ်။ နံရံကို အပေါက်ဖောက်၊ လေစုပ်စက်နဲ့ ပျားတွေကို ဘူးထဲ စုပ်ထည့်ပြီး ရွှေ့ပြောင်းခဲ့ရတာပါ။ ပျားအကောင်ရေ သောင်းချီနဲ့ အလေးချိန် ပေါင် ၁၀၀ ရှိတဲ့ ပျားအုံကြီးကို ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

Ref: 3-Year-Old Girl Complaining of Monsters in Her Room Was Hearing 60,000 Bees in the Walls

image