Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
The Emperor's New Groove (200
ဘုရင်တစ်ပါး. ရှိတယ်.. သူဟာ လက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့လိုရာအကုန်ရတယ်..လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူ..
အရာအားလုံးဟာ သူလိုချင်တဲ့အတိုင်းဖြစ်နေတော့ ဘုရာဟာ အောက်ခြေလွပ်သလိုဖြစ်နေတယ်..
သူဟာ ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး… သူသည်သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ ဝါဒလက်ကိုင်ထားတယ်..
ဒီလို အပြုအမူတွေကြောင့်ပဲ သူ့ရဲ့ရွှေရောင်နေ့ရာက်တွေဟာ သိပ်ကြာကြာမခံပါဘူး…
တစ်နေ့မှာတော့ သူဟာ သူ့လူယုံတော်တွေရဲ့လုပ်ကြံမှုကြောင့် လူစင်စစ်ကနေ လားမားတစ်ကောင်ဘဝကိုရောက်သွားပါတော့တယ်။
အဲဒီအခြေအနေကိုသူဘယ်လိုကိုင်တွယ်မလဲ။အပေါင်းအသင်းယုံကြည်စရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝထဲမှာ သူဘာဆက်လုပ်မလဲ။
လူ့ဘဝကိုပြန်ရောက်ဖို့ သူဘယ်လိုကြိုးစားမှာလဲ…ဇာတ်လမ်းကောင်းကောင်း Rating မြင့်မြင့် ကြည့်ရှုခံစားရမယ့် Animation ကားလေးပါ။
Imdb 7.3 Rotten Tomatoes 85% ရထားပြီး ဆုပေါင်းများစွာလည်း ရရှိထားလေတော့ Classic ကားကောင်းတစ်ကားလို့တောင်ပြောလို့ရပါတယ်။
ဇာတ်ကားလင့်
https://t.me/c/2186686827/119
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
တံကောက်ကြောဒဏ်ရာကြောင့် ဂျက်ဆန် ၆ ပတ်ခန့် အနားယူရဖွယ်ရှိ
ဖေဖော်ဝါရီ ၁၄
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျက်ဆန်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရဖွယ် ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဂျက်ဆန်ဟာ လွန်ခဲ့တဲ့ ၂ ပတ်က ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နည်းပြ မာရက်စ်ကာက ဆိုးဆိုးရွားရွား မဖြစ်ဖို့မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် ဂျက်ဆန်ရဲ့ ဒဏ်ရာအခြေအနေကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ထင်ထားတာထက် ပိုပြီးဆိုးရွားနေတာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဆီနီဂေါတိုက်စစ်မှူးဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၉ ဂိုး သွင်းယူထားပြီး ၁၄ ဂိုး သွင်းယူထားတဲ့ ကိုးလ်ပါလ်မာပြီးရင် အသင်းရဲ့ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည် နေတာပါ။
ဂျက်ဆန်ဟာ ဒဏ်ရာကြောင့် မတ်လအကုန်ထိ ချယ်လ်ဆီးအသင်းအတွက် ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ သိရပါ တယ်။
ဂျက်ဆန်အပြင် နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ မာခ့်ဂီအူကလည်း ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ပွဲတွေမှာ တိုက်စစ်ပိုင်း အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ FA ဖလားစတုတ္တအဆင့်မှာ ကိုးလ်ပါလ်မာနဲ့ အန်ကွန်ကူတို့ကို တိုက်စစ်ပိုင်းမှာထားပြီး အသုံးပြုသွားခဲ့တာပါ။
ဘရိုက်တန်အသင်းနဲ့ ထပ်ပြီးရင်ဆိုင်ရမယ့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းဟာ သူတို့နှစ်ဦးကိုပဲ တိုက်စစ်ပိုင်းမှာ ထပ်ပြီး အသုံးပြုသွားနိုင်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC
ပုံ - ဂျက်ဆန်ကိုတွေ့ရစဉ်
#ဘောလုံးသတင်းစုံ
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဖေဖော်ဝါရီ ၁၄
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၂၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၁၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၁၀ ကျပ်
ဝယ်ဈေး - ၄၄၁၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၉ ကျပ်
ဝယ်ဈေး - ၂၈.၆၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၇၂ ကျပ်
ဝယ်ဈေး - ၅၀.၃၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၄၀ ကျပ်
ဝယ်ဈေး - ၅၄၉၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၀ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၇ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၃ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရက်သောက်သုံးခွင့် ဆော်ဒီပိတ်ပင်
ဖေဖော်ဝါရီ ၁၄
ဆော်ဒီနိုင်ငံမှာကျင်းပမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်အားပေးမယ့် ပရိသတ်တွေကို အရက် သောက်သုံးခွင့်ပိတ်ပင်ထားတယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်က ပြောခဲ့ပါတယ်။
သံအမတ်ဖြစ်တဲ့ မင်းသားခါလစ်က “အခုအချိန်မှာ အရက်ကိုခွင့်မပြုထားပါဘူး။ အရက်မပါဝင်ဘဲ ပျော်စရာတွေ အများကြီးရှိပါတယ်။ ဒါက ၁၀၀ ရာခိုင်နှုန်းမလိုအပ်ပါဘူး။ အရက်ကင်းစင်ရမှာဖြစ်ပြီး ဒါက ကျနော်တို့ရဲ့ ရာသီဥတုလို ခြောက်သွေ့နိုင်ငံပါ။ လူတိုင်းမှာ ယဉ်ကျေးမှုကိုယ်စီရှိကြပြီး ကျနော်တို့ရဲ့နယ်နိမိတ်အတွင်းမှာ လူတိုင်းနဲ့လိုက်လျောညီထွေဖြစ်အောင်နေရတာကို ပျော်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ တခြားသူတွေ အတွက် ကျနော်တို့ရဲ့ယဉ်ကျေးမှုကို မပြောင်းလဲချင်ပါဘူး”လို့ LBC ကိုပြောခဲ့တာပါ။
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်ဖို့လျှောက်ထားတဲ့ တစ်နိုင်ငံတည်းသောနိုင်ငံဖြစ်တဲ့ ဆော်ဒီနိုင်ငံကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အိမ်ရှင်အဖြစ်အတည်ပြုထားတာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တုန်းကလည်း အရက်သောက်သုံးခြင်းကို ခွင့်မပြုခဲ့ပေမယ့် ပြိုင်ပွဲနီးမှ ဆုံးဖြတ်ချက်ပြန်ပြောင်းသွားခဲ့တာပါ။
ကာတာနိုင်ငံဟာ ပရိသတ်တွေကို ဟိုတယ်တွေနဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ အရက်ဝယ်ယူပြီးသောက်သုံးဖို့ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ဆော်ဒီသံအမတ်ဖြစ်တဲ့ မင်းသားခါလစ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြမယ့် သူတွေအနေနဲ့ ဆော်ဒီနိုင်ငံရဲ့ယဉ်ကျေးမှုကို လေးစားသင့်ပြီး ဟိုတယ်အပါအဝင် ပြိုင်ပွဲကျင်းပတဲ့ ဘယ်နေရာမှာမှ အရက်ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဒါ့အပြင် ပရိသတ်တွေအနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အရက်မပါဝင်ဘဲ ပျော်ရွှင်စွာဖြတ်သန်းရမယ်လို့ ပြောခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ ဆော်ဒီနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့်အပေါ် စိုးရိမ်မှုတွေ အများကြီးရှိနေကြတာပါ။
ဆော်ဒီနိုင်ငံဟာ လိင်တူဆက်ဆံတာတွေကို ခွင့်ပြုထားခြင်းမရှိလို့ လိင်တူချစ်သူ တွေအနေနဲ့ ဒီပြိုင်ပွဲကို ဘေးကင်းစွာလာရောက်ကြည့်ရှုနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
မင်းသားခါလစ်ကတော့ ဒါက ဆော်ဒီပွဲမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာနဲ့ သက်ဆိုင်တဲ့ပွဲဖြစ်တဲ့အတွက် အားလုံးကို ကြိုဆိုသွားမယ်လို့ ပြောခဲ့ပါတယ်။
Source:ESPN
#centralnewsnaypyitaw