စားအုန်းဆီက ကျန်းမာရေးနဲ့ ညီရဲ့လား
*****
စာအုန်းဆီလို့ ပြောလိုက်ရင် တော်တော်များများ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီလို့ မြင်လိုက်ကြပါတယ်။ စားအုန်းဆီက ခဲတယ်။ နှလုံးရောဂါ ရလိမ့်မယ်ဆိုတဲ့ စကားနဲ့ လက်ပွန်းတတီး ကြီး ပြင်းလာကြပေမယ့် မနက်ခင်း အိပ်ရာနိုးချိန်ကစလို့ စားမိတဲ့ မနက်စာကနေ နေ့ခင်းနေ့လယ်နဲ့ ညမအိပ်ခင်မှာ စားလေ့ရှိတဲ့ သရေစာတော်တော်များများက စားအုန်းဆီနဲ့ လုပ်ဆောင်ထားတဲ့အရာတွေပါ။

စားသုံးမှု မြင့်တက်နေဆဲ စားအုန်းဆီ

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင်း နိုင်ငံတော်တော်များများမှာ စားအုန်းဆီ စားသုံးမှုက တော်တော်လေးကို မြင့်တက်လာနေတာပါ။

စားအုန်းဆီဆိုတာ ဘာလဲ

စားအုန်းဆီဆိုတာက အားလုံးလိုလို သိထားပြီးဖြစ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ ဆီအုန်းပင် အသီးရဲ့ အသားလွှာကနေ ထုတ်လုပ်တာပါ။ စားအုန်းဆီကလည်း တကယ်ကတော့ အသီးအရွက်ဆီ တစ်မျိုးလို့ ဆိုရပါမယ်။ ဆီအုန်းပင်တွေက ကမ်းရိုးတန်းဒေသတွေမှာ ပေါက်ရောက်မှု များပြီး အာဖရိက အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း​ဒေသတွေ ဖြစ်ကြတဲ့ အန်ဂိုလာ၊ ဂါဘွန်း၊ လိုက်ဘေးရီးယား၊ ဆီယာရာလီယွန်၊ နိုင်ဂျီးရီးယားတို့မှာ ပေါက်ရောက်ကြပြီး ရှေးယခင်ကာလတွေကတည်း ဆီထုတ်လုပ် အသုံးပြုခဲ့ကြပါတယ်။

ဒါတင်မကသေးပါဘူး။ ဆီအုန်းပင်တွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်သလို အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ပေါက် ရောက်စိုက်ပျိုးတာတွေ ရှိလာကြပါတယ်။ မြန်မာနိုင်ငံမှာ ဆီအုန်း ထုတ်လုပ် စိုက်ပျိုးတာတွေ ရှိသလို အာရှဒေသရဲ့ ဆီအုန်းထွက်ရှိမှုရဲ့ ၈၀% က အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကပါ။
စားအုန်းဆီက ဈေးသက်သာသလို လူသုံးလည်း များကြပါတယ်။ စားအုန်းဆီဆိုရာမှာ ဆီအုန်းပင်ရဲ့ အသီးဖက်ကို ကြိတ်ပြီး ထုတ်လုပ်တဲ့ မသန့်စင်ရသေးတဲ့ စားအုန်းဆီ ရှိသလို သန့်စင်ပြီးသား စားအုန်းဆီလည်း ရှိပါတယ်။ မသန့်စင်ရသေးတဲ့ စားအုန်းဆီက အနီရောင်ရှိပြီး အနံ့ရော အရသာရော ထူးခြားနေပါတယ်။ လက် ရှိမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စားအုန်းဆီကတော့ သန့်စင်ပြီးသား စားအုန်းဆီတွေပဲ ဖြစ်ပါတယ်။

စားအုန်းဆီက ကျန်းမာရေးနဲ့ ညီလား

စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးဘူးလား ဆိုတာလေးကို လေ့လာကြည့်လိုက်ရအောင် –

ကောင်းကျိုးများ

စားအုန်းဆီက အခုလို ကောင်းကျိုးလေးတွေ ရှိပါတယ်။

၁။ ကိုယ်ခံအား ကောင်းစေတယ် ။ စားအုန်းဆီမှာ ဗီတာမင် E ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို ဆဲလ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုကနေ ဗီတာမင် E လုံ လောက်ပြည့်ဝစွာ ရရှိမှုက ကိုယ်ခံအား ကောင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

၂။ ဦးနှောက် ကျန်းမာစေတယ် ။ စားအုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက် ကျန်း မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာ ပါဝင်နေတဲ့ အာဟာရဓာတ် အချို့က ဦးနှောက်တစ်ရှူးတွေကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၃။ နှလုံး ကျန်းမာစေတယ် ။ လေ့လာမှုတွေအရ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E နှလုံးကျန်း မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E က နှလုံးကျန်းမာစေပြီး နှလုံးရောဂါ ပြင်းထန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၄။ ဗီတာမင် A စုပ်ယူမှု ကောင်းစေတယ် ။ စားအုန်းဆီက ခန္ဓာကိုယ်ရဲ့ ဗီတာမင် A စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် A က အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး အမြင်အာရုံ ကျန်းမာစေဖို့၊ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ဆိုးကျိုးများ

စားအုန်းဆီက အာဟာရတွေ များစွာ ပါဝင်နေတယ် ဆိုပေမယ့် အခုလို ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

၁။ သွေးတွင်းကိုလက်စထရော များစေနိုင်တယ် ။ စားအုန်းဆီက သွေးထဲက အကျိုးမပြုတဲ့ အဆီကို မြင့်တက်စေပြီး သွေးတွင်းအဆီ များစေနိုင်ပါတယ်။ စားအုန်းဆီက ထောပတ်ထက် ကျန်းမာတယ်ဆိုပေမယ့် အခြား ဟင်းချက်ဆီတွေထက်တော့ သွေးတွင်းအဆီတက်စေနိုင်ပါတယ်။

၂။ နှလုံးသွေးကြော ကျဉ်းစေနိုင်တယ် ။ စားအုန်း ဆီက သွေးတွင်းအဆီကို မြင့်တက်စေနိုင်သလို အထပ်ထပ် အခါခါ သန့်စင်ပြီး အပူပေးအကြော်ခံထားတဲ့ စားအုန်းဆီက သွေးကြောထဲမှာ အနယ်တွေ စုပုံစေပြီး နှလုံးသွေးကြောကျဉ်းတာကို ဖြစ်စေနိုင်ပါတယ်။

၃။ ပြည့်ဝဆီ ပါဝင်မှု များတယ် ။ အခြား စားသုံးဆီတွေနဲ့ နှိုင်းစာရင် စားအုန်းဆီက ပြည့်ဝဆီ ၅၀% အထိ ပါဝင်နေပြီး ဒါက များပြားတဲ့ ပမာဏပါ။ ဒီလို ပြည့်ဝဆီ ပါဝင်မှု များတာကပဲ နှလုံး ရောဂါ ရစေနိုင်သလို နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

အကြံပြုချက်

ဒီနေရာမှာ တစ်ခုရှိတာက ရောဂါအခံရှိသူတွေအနေနဲ့ကတော့ စားအုန်းဆီကို မစားသင့်ပါဘူး။ စာအုန်းဆီဆိုတဲ့နေရာမှာလည်း အဆင့်ဆင့် သန့်စင်ထားတဲ့ အကြော်ခံဆီမျိုး ဖြစ်နေမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် ရွေးချယ်စရာ ရှိမယ်ဆိုရင် စားအုန်းဆီအစား တခြားဆီကို ပြောင်းသုံးပါ။

စားအုန်းဆီကရတဲ့ ကျန်းမာရေးအရကောင်းကျိုးတွေ ရှိပေမယ့် ဒါတွေကို တခြားသော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေ လိုချင်ရုံသက်သက်နဲ့တော့ စားအုန်းဆီကို မစားပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် စားအုန်းဆီ သုံးရမယ်ဆိုရင် များများမစားဖို့၊ ခဏ ခဏသုံးပြီးသား ဆီတွေ ပြန်မသုံးဖို့ လိုပါတယ်။
(Crd; Hello Sayarwon)

image

မီးမလောင်တောင် 曼德勒

image

မီးမလောင်တောင် 曼德勒

image

မီးမလောင်တောင် 曼德勒

image

မီးမလောင်တောင် 曼德勒

image

မီးမလောင်တောင် 曼德勒

image

မီးမလောင်တောင် 曼德勒

image

မီးမလောင်တောင် 曼德勒

imageimage
+4

လူတက်စီးလို့ရတဲ့ စက်ရုပ်ခွေး

ဒီစာအုပ်လေး မဖတ်ခင်မှာ “ Into the wild ” ဆိုတဲ့ ရုပ်ရှင်လေးကို စကြည့်ဖြစ်ခဲ့တယ် ။ စာအုပ်လေးကို ဖတ်ပြီးသွားချိန်မှာတော့ သဘာဝတရားကို ချစ်တတ်တဲ့ ကိုယ့်အတွက်တော့ စိမ်းလန်းစိုပြေနေတဲ့ သဘာဝ တရားကြီးထဲကို ဆွဲခေါ်သွားသလို ခံစားခဲ့ရတယ် ။ ရုပ်ရှင်အနေနဲ့တော့ ကြည့်ဖူးခဲ့တာကြောင့် ပိုပြီး ပုံရိပ်တွေ ပြန်ပေါ်လာခဲ့တယ် ။
ဒီစာအုပ်လေးဟာ ခရစ်စတိုဖာ ဂျွန်ဆင် မက်ကန်းဒလက်စ် ဆိုတဲ့ လူငယ်လေး တစ်ဦးရဲ့ အတ္ထုပ္ပတ္တိ ၀တ္ထု ဆိုပါတော့ ။ ခရစ် မက်ကန်းဒလက်စ် မိဘအသိုင်းအဝိုင်း တောင့်တင်းတယ် ။ ချမ်းသာတယ် ။ သူက ပညာတော်တယ် ။ ထူးချွန်စွာ ဘွဲ့ရထားတယ် ။ ခိုင်မာတဲ့ အနာဂတ်တစ်ခုရှိတယ် ။ ဒါပေမဲ့ သူဟာ အားလုံးကို စွန့်လွှတ်ခဲ့တယ် ။ ပိုင်ဆိုင်သမျှ ပိုက်ဆံတွေ အားလုံးကို လှူတယ် ။ မော်တော်ကား အပါအ၀င် ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ခဲ့တယ် ။ အဲလက်စ် ဆိုတဲ့ ဘ၀သစ်တစ်ခုကို ဖန်တီးပြီး မြို့ပြရဲ့ မွန်းကျပ်မှုတွေ ၊ ရှုပ်ထွေးပွေလီမှုတွေ အကုန် ထားခဲ့တယ်။ အိမ်က ထွက်လာချိန် တစ်နှစ်ကျော်အတွင်းမှာ အမျိုးမျိုးသော စွန့်စားခန်းတွေ ဖွင့်ခဲ့တယ် ။ နောက်ဆုံးမှာ အလက်စကာပြည်နယ်ထဲ ကားကြုံတားစီးပြီး မက်ကင်းလေးတောင် မြောက်ဘက် လူသူနေထိုင်ခြင်း မရှိတဲ့ ကန္တာရ တောကြီးထဲ တစ်ယောက်တည်း ၀င်သွားခဲ့တယ် ။ ဘယ်လို စွန့်စားခန်းတွေနဲ့ ဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ စာအုပ်လေးထဲမှာ ဆက်ပြီး ဖတ်ရှုကြည့်ပါဦးနော် ။ ဇာတ်သိမ်းကို သိပ်ပြီး ယူကြုံးမရဖြစ်မိတယ် ။ သူ့ကို ပိုပြီး ပျော်ရွှင်စေချင်‌တာတော့ အမှန်ပဲ ။ ရုပ်ရှင်ကိုလည်း ကြည့်ကြည့်ဖို့အတွက် Recommend ပေးချင်ပါတယ် ။
ဒီစာအုပ်ကို ရေးသားသူ Jon Krakeuer ဟာ စာရေးဆရာ တစ်ဖြစ်လည်း တောင်တက်သမား တစ်ဦးဖြစ်ပြီး သူဟာ မက်ကန်းဒလက်စ် မိသားစုအကူအညီ၊ မက်ကန်းဒလက်စ် စွန့်စားခန်း ခရီးစဉ်အတွင်း ခင်မင်ခဲ့တဲ့ မိတ်ဆွေတွေဆီ ပို့ခဲ့တဲ့ စာတွေ ပိုစ့်စကဒ်တွေ၊ မက်ကန်းဒလက်စ် ရဲ့ မှတ်စုတွေ အကူအညီနဲ့ ဒီစာအုပ်ကို ရေးဖွဲ့ခဲ့တယ်။
မက်ကန်းဒလက်စ် ဟာ စာဖတ်လည်း အလွန်ဝါသနာပါတယ် ။ သူ တောင်တက်ခရီးစဉ်တွေမှာ စာအုပ်တွေ အမြဲယူသွားတယ် ။ သူ နှစ်သက်တဲ့ စာပိုဒ်လေးတွေကို high light လုပ်ထားခဲ့တယ် ။
ဒီစာအုပ်ထဲမှာ မက်ကန်းဒလက်စ် အပြင် သူ့အရင် တစ်ကိုယ်တော် စွန့်စားသွားလာခဲ့သူတွေ အကြောင်းအရာတွေလည်း ပါတယ် ။ သူတို့တွေဟာ ရူးနေကြတာ မဟုတ်ဘူး ။ အဲဒီလို စွန့်စားသွားလာတာဟာ အသက်အန္တရာယ် ရှိမှန်းလည်း သိတယ် ။ သူတို့တွေဟာ သဘာ၀တရားကြီးနဲ့ တစ်သားတည်း ဖြစ်ချင်လို့ကို သွားလာခဲ့ကြတာပါ ။ ရိုဇယ်လင်နီ၊ ဝေါတာမန်း၊ မက်ကန်း၊ အက်ဗရက်ရူးစ် အစရှိသည်တို့ပေါ့။
မက်ကန်းဒလက်စ် ဟာ ဘာလို့ မိသားစုတွေ၊ ပိုင်ဆိုင်မှုတွေ၊ အနာဂတ်တွေ အကုန်စွန့်လွှတ်ပြီး ခုလို စွန့်စားခန်း ဖွင့်ခဲ့လဲဆိုတာ အမေရိကန် တက္ကသိုလ်တွေအားလုံးလိုလိုရဲ့ Book Club တွေထဲမှာ ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့တယ် ။ ဒီစာအုပ်ဟာလည်း အမေရိကန်ကို ကျော်လွန်ပြီး ကမ္ဘာအနှံ့ အရောင်းရဆုံး စာရင်း၀င်ခဲ့တယ်လေ ။ မက်ကန်းဒလက်စ် ရဲ့ ဘ၀ နဲ့ သူ့ရင်ခုန်ဖွယ် စွန့်စားခန်း တစ်ခုလုံးအကြောင်း ပြည့်ပြည့်စုံစုံ နဲ့ ခံစားချင်ရင်တော့ စာအုပ်တစ်အုပ်လုံး ဖတ်ကြည့်မှကို ဖြစ်မယ်။
၀မ်းနည်းစရာ နောက်တစ်ချက်က စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုခဲ့တဲ့ ဆရာရာပြည့်ဟာ ဒီစာအုပ်မထွက်ခင် အောက်တိုဘာထဲမှာပဲ ရုတ်တရက် ကွယ်လွန်ခဲ့တယ် ။ ဒီစာအုပ်ဟာ ဆရာ ရာပြည့် အဆုံးထိ ဘာသာပြန်ဆို ပြီးခဲ့တဲ့ နောက်ဆုံးလက်ရာလည်း ဖြစ်ခဲ့ပါတယ် ။
#ကန္တာရခရီးသည် #ရာပြည့်

image