Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သမီးလေး Aura ကို ဒီကနေ့မှာပဲ ဇနီးဖြစ်သူက အောင်အောင်မြင်မြင်မွေးဖွားပေးခဲ့တဲ့ အောင်မင်းခန့်🥰🥰🥰
သရုပ်ဆောင် အောင်မင်းခန့်က သမီးလေး Aura ဘဝထဲကိုရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ အမေရိကအချိန်အရ ဒီကနေ့ဟာ ဧပြီလ ၂၁ ရက်သာရှိသေးတဲ့အတွက် သမီးလေးဟာ ဧပြီ ၂၁ ရက်နေ့ တနင်္လာနေ့ဖွားဖြစ်မယ်လို့ မှတ်ယူရမှာပါ။ သမီးလေး Aura ဟာ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းအစဖြစ်ပြီး သမီးလေးကိုချစ်ကြောင်း သူက ပထမဆုံးပြောခဲ့ပါတယ်။
#crd
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ချင်းမိုင်ရှိ တရုတ်စားသောက်ဆိုင်တွင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ခုနစ်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ်ရှိတရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် လုပ်ကိုင်နေသည့်မြန်မာရွှေ့ပြောင်းလုပ်သား ခုနစ်ဦး ဧပြီ ၁၈ ရက်က အဖမ်းခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးတပ်ဖွဲ့ (Tourist Police) ဝင်ရောက်စစ်ဆေး၍ တရားမဝင် လုပ်ကိုင်နေသောမြန်မာနိုင်ငံသားခုနစ်ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆိုင်မှာထိုင်းလူမျိုးအမည်ဖြင့် လိုင်စင်များရယူထားသော်လည်း ငွေပေးချေမှုများကိုတရုတ်နိုင်ငံသားများက လက်ခံနေသည့် QR Code အကောင့်များတွေ့ရှိရသဖြင့် အမည်ခံလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများကို ချင်းမိုင်မြို့ရဲတပ်ဖွဲ့သို့အပ်နှံကာ ဆိုင်ပိုင်ရှင်နှင့် နောက်ကွယ်ရှိတရုတ်ရင်းနှီးမြှုပ်နှံသူများ အထိ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။