48 w - Translate

𝐅𝐫𝐞𝐧𝐜𝐡 𝐧𝐚𝐢𝐥 𝐝𝐞𝐬𝐢𝐠𝐧 ဆန်း”လေးတွေဂို 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လေးလုပ်ပေးထားတယ်နော် 𝐝𝐞𝐬𝐢𝐠𝐧 ဆန်း”

#crd_photo
#nailgallery

image
48 w - Translate

𝐅𝐫𝐞𝐧𝐜𝐡 𝐧𝐚𝐢𝐥 𝐝𝐞𝐬𝐢𝐠𝐧 ဆန်း”လေးတွေဂို 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လေးလုပ်ပေးထားတယ်နော် 𝐝𝐞𝐬𝐢𝐠𝐧 ဆန်း”

#crd_photo
#nailgallery

image
48 w - Translate

𝐅𝐫𝐞𝐧𝐜𝐡 𝐧𝐚𝐢𝐥 𝐝𝐞𝐬𝐢𝐠𝐧 ဆန်း”လေးတွေဂို 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လေးလုပ်ပေးထားတယ်နော် 𝐝𝐞𝐬𝐢𝐠𝐧 ဆန်း”

#crd_photo
#nailgallery

image
image
image
image
image
48 w - Translate

၅ နှစ်ကြာပြီးတဲ့နောက်မှ မွေးရပ်မြေနေအိမ်လေးဆီသို့ ပြန်ရောက်ခဲ့တဲ့ အဆိုတော်ယောကီး 👍
Myanmar Idol ရဲ့အဆိုရှင်တွေထဲက တေးသံရှင် ယောကီးဟာ အမှတ်တရပေါင်းများစွာရှိခဲ့တဲ့ သူ့ရဲ့ အိမ်လေးသို့ ပြန်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ မိသားစုစုံစုံလင်လင် နေခဲ့တဲ့ အိမ်လေးမှာ အမှတ်တရပေါင်းများစွာကို တွေးရင်းနဲ့ပဲ တိတ်တိတ်လေးငိုကြွေးခဲ့ရတယ်လို့ဆိုပါတယ်။ ယောကီးက ၂၀၂၁ နောက်ပိုင်း ပြည်သူတွေနဲ့တစ်သားတည်း တက်ကြွစွာရပ်တည်ပါဝင်နေဆဲဖြစ်တဲ့ ချင်းတိုင်းရင်းသား အဆိုတော်ပါ။ Myanmar Idol Season-4 မှာလည်း Top 5 အထိတက်လှမ်းနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

#crd
#celenews

image

နင့်တို့ သူငယ်ချင်း အချင်းချင်းတွေ့ရင်
ဘာတွေပြောကြလဲ 🥲

image
48 w - Translate

မတ်လ (၁၁) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image
48 w - Translate

◾️Office Staff - Yangon
Company: San Lwin Trading Company Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/22870

◾️Driver - Yangon
Company: San Lwin Trading Company Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/22872

◾️Japanese Language Teacher - Yangon
Company: Mega Education Group
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23121

image
48 w - Translate

◾️ဂို‌ဒေါင်အကူ - Yangon
Company: Fone Club Phone Spare Parts
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/22948

◾️Inventory Accountant - Yangon
Company: Fone Club Phone Spare Parts
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/22947

◾️Medical Representative - Yangon
Company: San Lwin Trading Company Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/22871

image

🌲နာမည်ကြီး မန္တလေးမြီးရှည် လုပ်နည်း🌲
မြို့အစွဲမရှိတဲ့ မြီးရှည်9ပွဲစာ
လုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အမည်ရထားတယ်လို့ ထင်ပါတယ်ရှင်. 😀 ဒါပေမယ့်လည်း လုပ်ပြီးတဲ့နောက် စားရတဲ့အချိန်မှာ ကောင်းလွန်းလို့ နောက်တစ်ကြိမ်ပြန်ပြီးလုပ်စားဖို့ တက်ကြွစေတဲ့ မြီးရှည်လေးပါ။ မြီးရှည်ကို မြို့ပေါင်းစုံ၊ နယ်ပေါင်းစုံမှာ နည်းလေးတွေ အနည်းငယ်ကွဲပြီး မြို့နာမည်လေးတွေတပ်ပြီး စားသုံးကြပါတယ်။
မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် တစ်ပွဲစာ အတွက် လိုအပ်တာလေးတွေ
နန်းလတ်မုန့်တီဖတ် 1 cup (250 ml)ခန့်
ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ရေနွေးဖျောထားသော ပဲပင်ပေါက် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ကော်ရည် ထမင်းစားဇွန်း ၂ ဇွန်းခန့်
နူးအိနေအောင် ပြုတ်ထားသော ဝက်သုံးထပ်သား ထမင်းစားဇွန်း ၄ ဇွန်းခန့် (များများထည့်ရင် ပိုကောင်းပါတယ်။)
ဆီတိုဟူးကြော် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
ပဲငပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ပဲငပိ နှင့် ဆီတိုဟူးကြော်၏ အပေါ့၊အငံပေါ်မူတည်ပြီး လိုအပ်မှ ထည့်ပါ။)
ငရုတ်သီးကြော် နှင့် ငရုတ်သီးကြော်၏ ဆီ ချင့်ချိန်ထည့်ပေးပါ
ပဲငံပြာရည် အကျဲ (thin soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
ပဲငံပြာရည် အပျစ် (sweet soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် ထမင်းစားဇွန်း ၁ ဇွန်း
နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် ထမင်းစားဇွန်း တစ်ဝက်ခန့် (ဆီ နှင့် နှမ်းများသာ ထည့်ရမည်)
ပါးပါးလှီးထားသော ကြက်သွန်ပင် ထမင်းစားဇွန်း တစ်ဝက်ခန့်
ဝက်သားပြုတ်ရည် ထမင်းစားဇွန်း တစ်ဝက်ခန့်
လိုအပ်သည့် အမယ်များအားလုံးကို အောက်တွင်ဖေါ်ပြထားသော နည်းများအတိုင်းလုပ်ကာ မြီးရှည် တစ်ပွဲအတွက် အထက်တွင်ရေးထားသော နံပါတ်စဉ်လေးများ အတိုင်း အစီအစဉ်တကျထည့်ပြီး လှလှပပလေး နှင့် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် အတွက် လိုအပ်တာလေးတွေကို အောက်ပါနည်းများအတိုင်း လုပ်ကြရအောင်.
ရိုးရိုးလေးရှမ်းမုန်ညင်းချဉ်ကို ဝယ်၍ မရပါက ဒီ link ထဲက အတိုင်း ၅ ရက်ခန့် စောပြီး ကြိုတင်လုပ်ထားပါ။
ဆီတိုဟူးကြော် အတွက် ဆီတိုဟူး (preserved chilli beancurd 130 g) နှင့် ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖိချေမွှေကာ low heat ဖြင့် ကြော်ပေးပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ကြော်ပေးပါ။ ((ကျွန်မ သုံးသည့် ဆီတိုဟူးဗူးမှာတော့ ရေအတော်လေးပါ၍ ကျွန်မက ရေထပ်မထည့်ပဲ ကြော်ပါတယ်။)
နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် အတွက် အတော်လေးပူသော ဆီ 3/4 cup (180 ml) ထဲ ချောက်ကော (အမည်းရောင် ဖာလာစေ့ (black cardamom)) ၅ ခု၊ ပါးကော (နာနတ်ပွင့် (star anise)) ၅ ပွင့်၊ နှမ်းဖြူ အစိမ်း ထမင်းစားဇွန်း ၅ ဇွန်း ကို ထည့်ကာ စက္ကန့်အနည်းငယ် မွှေကြော်ပြီး နှမ်းများ ရွှေဝါရောင် စပြောင်းလာသည်နှင့် မီးဖိုမှချကာ အကျက်မလွန်အောင် ဆက်မွှေပေးပါ။
နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် အတွက် ထောင်းထားသော ကြက်သွန်ဖြူ ( ထမင်းစားဇွန်း ၂ ဇွန်း)၊ နှုတ်နှုတ်စင်းထားသော နံနံပင် (ထမင်းစားဇွန်း ၂ ဇွန်း)၊ ရေ (ထမင်းစားဇွန်း ၃ ဇွန်း)၊ ရှာလကာရည် (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရောဖျော်ပေးပါ။ (တစ်ရက်ခန့်ကြိုတင်ပြီးလုပ်ကာ ရေခဲသေတ္တာထဲသိမ်းပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။)
ပွက်ပွက်ဆူနေသော ရေထဲ ထည့်ကာ နူးအိပြဲနေအောင်ပြုတ်ထားသော ဝက်သုံးထပ်သား ၅၀ ကျပ်သား (769 g ) ခန့် ကို ကြိုက်နှစ်သက်သလို လှီးထားပါ။ ဝက်ပြုတ်ရည်ကို မြီးရှည်ထဲထည့်စားရန် နှင့် ကြက်သွန်ပင်၊ အရသာမှုန့်အနည်းငယ်ထည့်ကာ ဟင်းရည်အဖြစ်သောက်ရန် ထားပါ။
ကော်ရည်အတွက် tapioca flour (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရေ (375 ml ) ဖြင့် ကြေအောင်ဖျော်ပြီး အရောင်အားလုံးကြည်သွားအောင် low heat ဖြင့် ကျိုပြီးလျှင် မီးဖိုမှချထားပါ။
ငရုတ်သီးအကြမ်းမှုန့်ကြော် အတွက် အတော်လေးပူနေသော ဆီ (1/4 cup(60 ml)) ထဲ ငရုတ်သီးအကြမ်းမှုန့် (ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ကာ အနည်းငယ်မွှေပေးပြီး မီးဖိုမှချပါ။
ပွက်ပွက်ဆူနေသော ရေထဲ ၁ မိနစ်ခန့်စိမ်ထားသော ပဲပင်ပေါက်ကို ဆယ်ထုတ်ကာ ရေအေးထဲ ပြန်စိမ်ပြီး ရေစစ်ထားပါ။
ကြက်သွန်ပင် ပါးပါးလှီးထားပါ။
နန်းလတ်ဖတ်ကို အထုတ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။
ဘာမှလုပ်ထားရန် မလိုသော ပဲငပိ (soy bean paste) ကို ဒီအတိုင်း သုံးပါ။
အားလုံး ပြင်ဆင်ပြီးနောက် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Crd.

image

အနားယူခြင်း (၇) မျိုး
အနားယူခြင်း (၇) မျိုး ဆိုတာ

၁ ။ ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) ။ နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင် အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active restကကျတော့ ပေါ့ပေါ့ပါးပါး အကြောလျှော့တာ၊ ယောဂကျင့်တာ၊ လမ်းထွက်လျှောက်တာ၊ အနှိပ်ခံလိုက်တာမျိုးတွေ ပါဝင်ပါတယ်။

၂ ။ စိတ်ပိုင်းဆိုင်ရာ အနားယူခြင်း (Mental rest) ။ ခုလိုခေတ်ကာလဆိုရင်တော့ စိတ်ပင်ပန်းစရာတွေက အများသားမလား။ လူက အနားယူလိုက်ပေမယ့် စိတ်က ဟိုတွေး ဒီတွေး တွေးနေမယ်ဆိုရင် စိတ်အနားရမှာ မဟုတ်ပါဘူး။ စိတ်ဆိုတာ အမြဲတမ်းတွေးနေတော့ သူ့ကို အနားပေးဖို့ လိုပါတယ်။ အရိုးရှင်းဆုံးနည်းလမ်းတွေကတော့ ဖုန်းခဏပိတ်လိုက်တာ၊ ဆိုရှယ်မီဒီယာသုံးတာ ခဏနားလိုက်တာ၊ တရားမှတ်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာတွေ လုပ်လို့ရပါတယ်။ စိတ်က အာရုံမလွင့်ဘဲ တစ်နေရာထဲမှာ စုစည်းနေတဲ့အခါ ဦးနှောက်က အနားရပြီး အတွေးတွေကို ပြန်လည်စီစဉ်ပေးနိုင်ပါတယ်။

၃ ။ စိတ်ခံစားချက်ဆိုင်ရာ အနားယူခြင်း (Emotional rest) ။ နေ့စဉ်နေ့တိုင်းမှာ စိတ်အတက် အကျတွေက ရှိနေတာပါပဲ။ နေကောင်းလားမေးလိုက်ရင် ကောင်းပါတယ်လို ပြောပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းရတဲ့အခါရှိသလို အားမလိုအားမရဖြစ်တာတွေ၊ အပြစ်တင်စိတ် ဖြစ်တာတွေ ရှိတတ်ပါတယ်။ ဒီလို မကောင်းတဲ့ စိတ်ခံစားချက်တွေကလည်း လူကို ပင်ပန်းစေတဲ့ထဲမှာ ပါပါတယ်။

စိတ်ခံစားချက်တွေကနေ အနားယူဖို့ဆို တစ် ယောက်တည်း နေကြည့်ပါ။ စိတ်ရှုပ်စရာတွေကို တတ်နိုင်သမျှ ဝင်မပါပါနဲ့။ ခံစားချက်တွေ ဖွင့်ချရေးတဲ့ journaling လုပ်ကြည့်ပါ။ သဘာဝနဲ့ ထိတွေ့ပါ။ ဥပမာ အပင်လေးတွေ၊ ရေတွေနဲ့ ထိတွေ့တာမျိုးပေါ့။ ဘာကို ခံစားလို့ ခံစားရမှန်းမသိ၊ စိတ်ထဲမှာ လမ်းပျောက်သလို လေးလေးကြီး ဖြစ်နေတယ်ဆိုရင် ဒီနည်းတွေက အသင့်တော်ဆုံးပါပဲ။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို ပြန်ရှာတွေ့စေပြီး စိတ်ခံစားချက်တွေကို ကောင်းမွန်စေပါတယ်။

၄ ။ လှုံ့ဆော်မှုများမှ အနားယူခြင်း (Sensory rest) ။ နေ့စဉ်ဟိုဟိုဒီဒီကနေ လှုံ့ဆော်မှုတွေက ကိုယ့်ရဲ့ ကိုယ်ထဲကို တရစပ်ဝင်နေတာကို သတိ ထားမိကြမှာ မဟုတ်ပါဘူး။ ဆူညံသံတွေ၊ အလင်းတွေ၊ အပူအအေးတွေ၊ အနံ့တွေ စသဖြင့် ကောင်းတာတွေရော မကောင်းတာတွေရော အများကြီးပါပဲ။ ဒီလို လှုံ့ဆော်မှုတွေကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့အခါ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပင်ပန်းနေတာမျိုးတွေ ရှိတတ်ပါတယ်။

အာရုံတွေကနေ ဝေးဝေးနေပြီး အနားယူဖို့ဆိုရင် –
• TVတွေ၊ ဖုန်းတွေကို ခဏပိတ်ထားပါ။
• မျက်လုံးလေး မှိတ်ထားပါ။
• တိတ်ဆိတ်တဲ့အခန်းထဲမှာ အနားယူပါ။
• ရေချိုးပါ။
• ပျော့ပျောင်းငြင်သာတဲ့ တီးလုံးလေးတွေ ဖွင့်ထားပါ။
• အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။

အာရုံဝင်လာနိုင်တာတွေကနေ အနားယူလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆက်တိုက်လှုံ့ဆော်ခံနေရာကနေ လွတ်မြောက်ပြီး အနားရသွားပါတယ်။

၅ ။ ဖန်တီးမှုတွေကနေ အနားယူခြင်း (Creative rest) ။ ဟုတ်ပါတယ်။ အနုပညာရှင်တွေ၊ ဒီဘက်ကခေတ်မှာဆိုရင် Content creator တွေ၊ Designer တွေက နေ့စဉ်နဲ့အမျှ တီထွင်ဖန်တီးမှုတွေ ပြုလုပ်နေရသူတွေပါ။ ဆက် တိုက် အသစ်အသစ်တွေကို ဖန်တီးနေရတဲ့အခါ ဦးနှောက်က ညောင်းပြီး ပင်ပန်းလာပါတယ်။ ဒီလိုဖြစ်နေတာကနေ အနားယူဖို့ဆိုရင် –
• အလုပ်ကနေ ခဏလောက် အနားယူလိုက်ပါ။
• အလုပ်နဲ့ မဆိုင်ဘဲ ကိုယ်ဝါသနာပါတာ၊ ပျော်တာကို လုပ်ကြည့်ပါ။
• တစ်ခါမှ မလုပ်ဖူးတဲ့ ဖန်တီးမှုတွေ လုပ်ကြည့်ပါ။ (ဥပမာ ဟင်းချက်တာ၊ ပုံဆွဲတာ၊ ပန်းထိုးတာ စသဖြင့်)

ဒီလိုအနားပေးလိုက်မှ ဦးနှောက်လည်း အနား ရပြီး ပိုကောင်းတဲ့ အိုင်ဒီယာတွေ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

၆ ။ လူမှုအသိုင်းအဝိုင်းမှ အနားယူခြင်း (Social rest) ။ နေ့စဉ် လူပေါင်းများစွာနဲ့ ပြော ဆိုဆက်ဆံနေရတဲ့အခါ ကြာလာရင် စိတ်မောလူမော ဖြစ်လာမှာပါ။ ဒါက introvertဖြစ်ခြင်း၊ extrovertဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ လူမျိုးစုံ စရိုက်မျိုးစုံနဲ့ တွေ့ရတဲ့အခါ ကြာလာရင် ပင်ပန်းလာတာ သဘာဝပါပဲ။ ဒီကနေ အနားယူဖို့ဆိုရင်
• တစ်ယောက်တည်း အချိန်ဖြုန်းကြည့်ပါ။
• လူများတဲ့ ပွဲလမ်းသဘင်တွေကို ခဏရှောင်ပါ။
• တကယ်ချစ်ခင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ဖြုန်းပါ။
• တစ်ယောက်တည်း အပြင်သွားကြည့်ပါ။
• ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

တစ်ယောက်တည်း အနားယူကြည့်တဲ့အခါ စိတ်ကလေး အနားရပြီး အာရုံနောက်စရာတွေလည်း မရှိတာကြောင့် နေလို့ပိုကောင်းလာပါလိမ့်မယ်။

၇ ။ စိတ်ဝိဉာဉ်ဆိုင်ရာ အနားယူခြင်း (Spiritual rest) ။ စိတ်ဝိဉာဉ်ဆိုင်ရာ အနားယူခြင်းကတော့ inner peaceကို ရှာဖွေခြင်းတစ်ခုပါပဲ။ ယုံကြည်ရာဘာသာအလိုက် –
• ဆုတောင်းမယ်
• ရွတ်ဖတ်မယ်
• တရားထိုင်မယ်
• ယောဂကျင့်မယ်
• သဘာဝနဲ့ ထိတွေ့မယ်
• အကောင်းမြင်စိတ်နဲ့ စိတ်ထားတတ်အောင်နေမယ်
• သူများကို ကူညီမယ်၊ လှူဒါန်းပေးကမ်းမယ် စတာတွေက စိတ်အေးချမ်းစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမယ့် အကျင့်တွေပဲ ဖြစ်ပါတယ်။

အနားယူတာက နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ လူသားတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအနား ယူခြင်း (၇)မျိုး ကို ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ထည့်သွင်းပြီး အနားယူမယ်ဆိုရင် ပိုအဆင် ပြေပြီး နေပျော်တဲ့ ဘဝကို ရမှာပါ။

image